( Apk + Obb ) Zip ဖိုင်မှ Game Install တင်နည်း

( Apk + Obb ) Zip ဖိုင်ဆိုတာ Apk ရော Obb ရော နှစ်ခုလုံးထည့်ပေးထားတဲ့ Zip ဖိုင်အမျိုးစားပါ ။ အားသာချက်က App version နဲ့ Obb version လွဲစရာ ပြဿနာ မရှိပါဘူး ။

လုပ်ပုံလုပ်နည်းတွေက အတူတူဘဲဖြစ်တာကြောင့် ယခုနည်းလမ်းကိုသိရုံနဲ့ တခြား ဆင်တူ GAME တွေကိုလည်း လွယ်လွယ်ကူကူ Install လုပ်တတ်သွားမှာပါ ။

အဲဒီ Zip ဖိုင်ကနေ Game Install လုပ်မယ်ဆိုရင် အရင်ဆုံး Zarchiver ဆိုတဲ့ App လေးလိုပါမယ် ။ ရှိပြီးသားသူတွေက Download လုပ်စရာမလိုဘဲ မရှိသေးတဲ့သူတွေသာ အောက်က Link ကနေ Download လုပ်ပြီး Install တင်လိုက်ပါ ။

Zarchiver = Download

ဒါပြီးရင် အောက်က အချက်လေးတွေကို သေချာလိုက်ကြည့်ပေးပါ ။


  • အရင်ဆုံး ZArchiver ဆိုတဲ့ App ထဲကို ဝင်လိုက်ပါ ။

  • ပြီးရင် Download လုပ်ထားတဲ့ ဖိုင်နေရာကို သွားပြီး ဖိုင်လေးကို တစ်ချက်နိပ်ပေးလိုက်ပါ ။

  • နိပ်ပြီးရင် အပေါ်က ပုံအတိုင်း Extract here ဆိုတာလေးကို နိပ်ပေးလိုက်ပါ ။

  • ဒါဆိုရင် Zip ဖြည်နေတာဖြစ်ပြီး 100% ပြည့်တဲ့ထိ စောင့်ပေးလိုက်ပါ ။

  • Zip ဖြည်ပြီးသွားရင် အပေါ်ကပုံအတိုင်း အဝါရောင် ဝိုင်းပြထားတာလေးက Apk ဖြစ်ပြီး အနီရောင်ဝိုင်းပြထားတာလေးက Obb Folder ဖြစ်ပါတယ် ။

  • ပြီးရင် Apk လေးကို တစ်ချက်နိပ်လိုက် ။

  • နိပ်ပြီးရင် အပေါ်ကပုံအတိုင်း Install ဆိုတာလေးကို နိပ်လိုက်ပါ ။

  • အပေါ်ကပုံအတိုင်း Install နိပ်

  • Install တင်ပြီးရင် အပေါ်ကပုံအတိုင်း Done ကို နိပ်လိုက်ပါ ။

  • ပြီးရင် Obb Folder ကို အကြာကြီး ဖိပေးလိုက် ။

  • အပေါ်က ပုံအတိုင်း ပေါ်လာရင် Cut ဆိုတာလေးကို နိပ်ပေးလိုက် ။

  • ပြီးရင် အပေါ်ကပြထားတဲ့ ပုံအတိုင်း တစ်ချက် နိပ်ပေးလိုက် ။

  • ပြီးရင် Android ဆိုတဲ့ ဖိုင်လေးကို လိုက်ရှာပြီး တစ်ချက်နိပ်ပေးလိုက် ။

  • အဲဒါပြီးရင် Obb လေးကို နောက်ထပ် တစ်ချက်နိပ်ပေးလိုက် ။

  • ပြီးရင် ပုံထဲကအတိုင်း အပေါ်ဆုံးကဟာလေးကို နိပ်ပေးလိုက်ရုံနဲ့  Obb ဖိုင်ကို အောင်မြင်စွာ ရွေ့နိုင်သွားပါပြီ ။
ဒီနည်းလမ်းဟာ တခြား Game တွေဖြစ်တဲ့ ( Apk+Obb ) Zip ဖိုင် မှန်သမျှကို တစ်ပုံစံတည်း ရွေ့ပေးရုံနဲ့ ဆော့နိုင်ပါတယ် ။

( HELLO )










Comments

လူကြည့်အများဆုံး GAMES