(Apk + Obb) Zip Install Guide

0% COMMUNITY SCORE
LOADING...
RATE:

(Apk + Obb) Zip Install Guide

Apk ရော Obb ရော နှစ်ခုလုံးထည့်ပေးထားတဲ့ Zip ဖိုင်အမျိုးအစားဖြစ်ပြီး၊ App version နဲ့ Obb version လွဲစရာ ပြဿနာ မရှိစေဖို့ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။

💡 မှတ်ချက် - ဒီနည်းလမ်းကို တစ်ခါလေ့လာထားရုံနဲ့ နောက်ပိုင်းတင်မယ့် ဆင်တူ Game တွေအားလုံးကို လွယ်ကူစွာ Install ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Zip ဖိုင်ဖြည်ဖို့အတွက် ZArchiver ဆော့ဝဲလ် လိုအပ်ပါမယ်။ မရှိသေးရင် ဒေါင်းယူလိုက်ပါ။

Download ZArchiver
1
ZArchiver App ထဲကို ဝင်လိုက်ပါ။
2
Download လုပ်ထားတဲ့ ဖိုင်ရှိရာ Folder ကိုသွားပြီး၊ ဖိုင်လေးကို တစ်ချက်နှိပ်လိုက်ပါ။
3
ပေါ်လာတဲ့အထဲက "Extract here" ဆိုတာလေးကို ရွေးပေးလိုက်ပါ။
4
Zip ဖြည်နေပါလိမ့်မယ်။ 100% ပြည့်တဲ့အထိ ခဏစောင့်ပေးပါ။
5
Zip ဖြည်ပြီးရင် ဖိုင် ၂ ခု ထွက်လာပါမယ်။
• အဝါရောင်ဝိုင်းပြထားတာ = APK
• အနီရောင်ဝိုင်းပြထားတာ = OBB Folder
6
အရင်ဆုံး APK ဖိုင်ကို နှိပ်ပြီး Install လုပ်လိုက်ပါ။
7
အရေးကြီးပါတယ် : Install ပြီးရင် Open မနှိပ်ပါနဲ့ဦး။ DONE ကိုပဲ နှိပ်ပါ။
8
ကျန်နေခဲ့တဲ့ OBB Folder လေးကို ဖိထားလိုက်ပါ။ Menu ကျလာရင် "Cut" (သို့) "Copy" ကို နှိပ်ပါ။
9
ဖုန်းရဲ့အပေါ်ဆုံးက Folder နေရာကို နှိပ်ပြီး Device Memory (Phone Storage) ကို ရွေးပါ။
10
အောက်ပါလမ်းကြောင်းအတိုင်း ဝင်သွားပေးပါ။
Android > obb
11
Obb ဖိုင်ထဲရောက်ပြီဆိုရင် ညာဘက်အောက်ထောင့်က ခလုတ်လေးကို နှိပ်ပြီး Paste ချလိုက်ပါ။
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE