XAPK Manual Installation
XAPK Manual Installation
XAPK ဖိုင်ဆိုတာ Apk နဲ့ Obb ကို ပေါင်းစပ်ထားတဲ့ ဖိုင်အမျိုးအစားဖြစ်ပါတယ်။ XAPK Installer App တွေသုံးပြီး တင်လို့ရသလို၊ အခုဖော်ပြပေးမယ့် နည်းလမ်းကတော့ App မလိုဘဲ အတွင်းကျကျ ဖြည်နည်း ဖြစ်ပါတယ်။
💡 မှတ်ချက် - ဒီနည်းလမ်းကို တတ်ထားရင် Apkpure ကဒေါင်းတဲ့ XAPK ဖိုင်မှန်သမျှကို Error ကင်းကင်းနဲ့ Install လုပ်တတ်သွားမှာပါ။
ဖိုင်ဖြည်ဖို့အတွက် ZArchiver App လိုအပ်ပါမယ်။ မရှိသေးရင် ဒေါင်းယူပါ။
Download ZArchiver1
ZArchiver App ထဲကို ဝင်လိုက်ပါ။
2
Download လုပ်ထားတဲ့ XAPK ဖိုင်ကို ရှာပြီး တစ်ချက်နှိပ်ပါ။
3
Menu ပေါ်လာရင် "View" ဆိုတာလေးကို နှိပ်ပေးလိုက်ပါ။
4
အတွင်းထဲကို ရောက်သွားပါမယ်။ APK ဖိုင်ကို အရင်နှိပ်ပါ။
5
Install ကိုနှိပ်ပြီး Game Apk ကို ဖုန်းထဲအရင်ထည့်လိုက်ပါ။
6
Install ပြီးရင် Open မနှိပ်ပါနဲ့။ Done ကိုပဲ နှိပ်ပါ။
7
အရေးကြီးအဆင့် ရောက်ပါပြီ။ "Android" ဆိုတဲ့ Folder လေးကို တွေ့အောင်ရှာပြီး ဖိထားလိုက်ပါ။
8
Menu ပေါ်လာရင် Copy ကို နှိပ်ပါ။
9
အပေါ်ဆုံးက ခေါင်းစဉ်ဘား (Top Bar) ကို နှိပ်ပြီး Device Memory (ဖုန်း Storage) ကို ပြန်ရွေးပေးပါ။
10
ဖုန်း Storage ထဲရောက်တာနဲ့ ဘယ် Folder ထဲမှ ထပ်ဝင်စရာမလိုဘဲ ညာဘက်အောက်ထောင့်က Paste Button (အဝိုင်းလေး) ကို နှိပ်ချလိုက်ပါ။
ℹ️ လျှို့ဝှက်ချက်: Android Folder တစ်ခုလုံးကို Copy ကူးလာတဲ့အတွက် Paste ချလိုက်တာနဲ့ သူ့အလိုလို Obb Folder ထဲကို ပေါင်းထည့်သွားပါလိမ့်မယ်။ (လမ်းကြောင်းလိုက်ရှာနေစရာ မလိုတော့ပါ)။
✅ အောင်မြင်ပါပြီ
ယခုနည်းလမ်းအတိုင်း လိုက်လုပ်ပါက XAPK ဖိုင်မှန်သမျှကို လွယ်ကူစွာ Install ပြုလုပ်နိုင်ပါပြီ။
ယခုနည်းလမ်းအတိုင်း လိုက်လုပ်ပါက XAPK ဖိုင်မှန်သမျှကို လွယ်ကူစွာ Install ပြုလုပ်နိုင်ပါပြီ။