SAI ဖိုင်မှ Game Install တင်နည်း
SAI ဖိုင်ရဲ့ အရှည်ကောက်ကတော့ Split Apks Installer လို့ ခေါ်ပါတယ်။ Multiple Apks မျိုး ဖြစ်ပြီး အလွယ်ပြောရရင်တော့ apk နှစ်ခုသုံးခုထက် ပိုပါတဲ့ ဖိုင်အမျိုးစားပါ။ အဲဒီ Apk တွေက ပုံမှန်အားဖြင့် တစ်ခုခြင်း Install လုပ်လို့ရတာမျိုးမဟုတ်ဘဲ ပေါင်းပြီး Install လုပ်လို့ရတာမျိုးပါ။ ဖိုင် type အနေနဲ့ ( Apks ) နဲ့ ( Zip ) ကို အများဆုံးတွေ့ရပြီး Extra လုပ်ရင် apk ဖိုင်လေးတွေ နှစ်ခု၊ သုံးခုထက် ပိုနေတာကို တွေ့ရမှာပါ။
ပုံမှန်အားဖြင့် အခုနောက်ပိုင်း Game တွေမှာ အတွေ့များတတ်ပြီး Early Access လို Game မျိုးတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။ တစ်ခါလေ Playstore မှာ နောက်ကျတဲ့ Game သစ်တွေပေါ့။ ပုံမှန် Playstore သုံးလို့ရတဲ့ သူတွေတွက်ကတော့ လိုအပ်မှာမဟုတ်ဘဲ အပြင်ကနေ တစ်ဆင့် Manual install လုပ်တဲ့သူတွေတွက်ကတော့ အရမ်းလိုအပ်ပါတယ်။ ဒါကြောင့် New Games တွေမှာ Zip ဖြည်လိုက်လို့ apk ကွဲတွေ နှစ်ခု၊ သုံခုထက် ထွက်လာရင်တော့ SAI ဖိုင် ဆိုတာကို မှတ်ထားပေးပါ။
အရင်းဆုံး သတိထားရမှာက Miui သုံးတဲ့ ဖုန်းတွေဆိုရင် MIUI Optimization ကို ပိတ်ထားပေးဖို့လိုပါတယ်။ မလုပ်ရသေးရင် အောက်က အပြာရောင်စာတန်းလေးကို နိပ်လိုက်ပါ။
ပြီးသွားရင် အောက်က ပုံတွေကို တစ်ပုံခြင်း သေချာကြည့်ပြီး လိုက်လုပ်ပေးပါ။
အရင်ဆုံး SAI App လေးကို Download လုပ်ပေး။
SAI Installer >> Download
- SAI ကို နိပ်လိုက်
- ပြီးရင် အချိန်စောင့်
- Install Apks ကိုနိပ်
- Internal File ကိုရွေး
- အဲလိုပြနေရင် setting ကိုသွား
- Allow ကိုနိပ်ပေးလိုက်
Comments