SAI Installation Guide
SAI Installation Guide
SAI (Split APKs Installer) ဆိုတာ Apk နှစ်ခုသုံးခုထက် ပိုပါတဲ့ Multiple APKs ဖိုင်အမျိုးအစားတွေကို ပေါင်းစပ်ပြီး Install လုပ်ပေးနိုင်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။
💡 ဘာကြောင့်လိုတာလဲ : Playstore မှာ နောက်ကျမှထွက်တဲ့ Game တွေ၊ Early Access Game တွေဟာ ပုံမှန် Apk တစ်ခုတည်းမဟုတ်ဘဲ၊ အပိုင်းလိုက် (Split) ကွဲနေတတ်ပါတယ်။ ဇစ်ဖြည်လိုက်လို့ Apk ဖိုင် ၂ ခု၊ ၃ ခု ထွက်လာရင် ဒီနည်းကို သုံးရပါမယ်။
⚠️ Xiaomi/Poco/Redmi အသုံးပြုသူများ သတိပြုရန် :
MIUI ဖုန်းများတွင် Error မတက်စေရန် "MIUI Optimization" ကို အရင်ပိတ်ထားဖို့ လိုအပ်ပါတယ်။
MIUI Optimization ပိတ်နည်း ကြည့်ရန်
MIUI ဖုန်းများတွင် Error မတက်စေရန် "MIUI Optimization" ကို အရင်ပိတ်ထားဖို့ လိုအပ်ပါတယ်။
MIUI Optimization ပိတ်နည်း ကြည့်ရန်
SAI App မရှိသေးပါက အောက်တွင် ဒေါင်းယူပါ။
Download SAI Installer1
SAI App ထဲကို ဝင်လိုက်ပါ။
2
အောက်က "Install APKs" ခလုတ်ကို နှိပ်ပါ။
3
Internal File Picker (System မဟုတ်သော) ကို ရွေးပေးပါ။
4
Install လုပ်မည့် Game Folder ကိုရှာပြီး၊ ပါဝင်သော APKs ဖိုင်များအားလုံး ကို အမှန်ခြစ်ပေးပါ။
5
ပြီးရင် Select ကိုနှိပ်လိုက်ပါ။ စာတန်းတက်လာရင် Install ကို ဆက်နှိပ်ပါ။
6
အကယ်၍ Permission တောင်းခဲ့ရင် Settings ကိုနှိပ်ပြီး Allow from this source ကို ဖွင့်ပေးလိုက်ပါ။
7
နောက်ဆုံးအနေနဲ့ Install ကိုနှိပ်ပြီး ပြီးဆုံးအောင် စောင့်ပေးပါ။