Xapk ဖိုင်ကနေ Install တင်နည်း

Xapk ဖိုင်ဆိုတာ Apkpure ကနေ Popular ဖြစ်လာတာဖြစ်ပြီး အထူးသဖြင့် Apk ကော Obb ဖိုင်တွေပါ အလိုလျောက် ဖြည်ပေးနိုင်အောင် ရေးဆွဲဖန်တီးထားတဲ့ ဒီဇိုင်းတစ်ခုပါ ။ အဲအတွက် အလွယ်ကူဆုံး Apkpure App နဲ့ Xapk Installer ကနေ တိုက်ရိုက် Install တင်နိုင်ပေမယ့် အခုပြပေးမှာကတော့ အလွယ်လမ်းမလိုက်ဘဲ အတွင်းကျကျ ဖြည်တတ်အောင်လို့ပါ ။

လုပ်ပုံလုပ်နည်းတွေက အတူတူဘဲဖြစ်တာကြောင့် ယခုနည်းလမ်းကိုသိရုံနဲ့ တခြား ဆင်တူ GAME တွေကိုလည်း လွယ်လွယ်ကူကူ Install လုပ်တတ်သွားမှာပါ ။

အဲဒီ Xapk ဖိုင်ကနေ အတွင်းကျကျ Game Install လုပ်မယ်ဆိုရင် အရင်ဆုံး Zarchiver ဆိုတဲ့ App လေးလိုပါမယ် ။ ရှိပြီးသားသူတွေက Download လုပ်စရာမလိုဘဲ မရှိသေးတဲ့သူတွေသာ အောက်က Link ကနေ Download လုပ်ပြီး Install တင်လိုက်ပါ ။

Zarchiver = Download

ဒါပြီးရင် အောက်က အချက်လေးတွေကို သေချာလိုက်ကြည့်ပေးပါ ။

  • အရင်ဆုံး ZArchiver ဆိုတဲ့ App လေးထဲကို ဝင်လိုက် ။

  • ပြီးရင် Download လုပ်ထားတဲ့ ဖိုင်ရှိတဲ့နေရာကို သွားပြီး Xapk ဖိုင်လေးကို တစ်ချက်နိပ်ပေးလိုက် ။

  • ပြီးရင် အပေါ်ကပုံထဲမှာပြထားတဲ့ အတိုင်း View ဆိုတာလေးကို နိပ်ပေးလိုက် ။

  • ပြီးသွားရင် အပေါ်ကအတိုင်း Apk ဖိုင်လေးကို တစ်ချက် နိပ်လိုက် ။




  • နိပ်ပြီးရင် အပေါ်ကပြထားတဲ့အတိုင်း Install ဆိုတာလေးကို နိပ်ပြီး Apk ကို အရင် Install တင်ပေးထားလိုက် ။

  • Install တင်ပြီးရင် အပေါ်ကပြထားတဲ့ဖိုင်ကို အကြာကြီး ဖိပေးလိုက် ။

  • ဖိပြီးရင် အပေါ်ကပုံအတိုင်း Copy ဆိုတာလေးကို နိပ်လိုက် ။

  • ပြီရင် အပေါ်က ပြထားတဲ့အတိုင်း အဝိုင်းပြထားတဲ့နေရာကို တစ်ချက်နိပ်လိုက် ။

  • နောက်ဆုံး အဆင့်အနေနဲ့ အပေါ်ဆုံးက အဝိုင်းပြထားတာလေးကို နိပ်ပေးလိုက်ရုံဘဲ ။
ဒါဆိုရင် Xapk ဖိုင်ကနေ Game ကို Install လုပ်နိုင်သွားပါပြီ ။

မှတ်ချက်

( ဖိုင်ရွေ့တာ Storage ထဲဘဲ Android ထဲက Obb ထဲကို ဝင်ပေးစရာမလိုဘူး )

တခြား အလွယ်နည်းတွေရှိသေးပေမယ့် အခုနည်းအတိုင်း လုပ်တတ်သွားရင် Xapk ဖိုင်မှန်သမျှကို အတွင်းကျကျ ခွဲတတ်သွားမှာပါ ။ ဘာလို့ဆိုတော့ Apks ဖိုင် Type တွေနဲ့ နောက်ပိုင်း ရောလာနိုင်ပါတယ် ။

( HELLO )




Comments

လူကြည့်အများဆုံး GAMES