Angelo & Deemon

0% COMMUNITY SCORE
LOADING...
RATE:


         ဒီလထဲမှာ ထွက်ထားတဲ့ GAME ဖြစ်ပြီး Adventure ဆန်ဆန်ကိုမှ မျက်နှာပြောင်တိုက်လွန်းလို့ အရီရဆုံး Game လို့တောင် ပြောလို့ရတယ်။ Game က Horror ဘက်ကို ရောက်မသွားတဲ့အပြင် အလွဲလွဲအချော်ချော်နဲ့ Youtuber တစ်ယောက် တမလွန်ကို လူမှားပြီး ရောက်သွားတဲ့ Game ပါ။ အတော်ထူးဆန်းသွားပြီမလား ? ဘယ်ကမလဲ အဲထက် အဆန်းကြီးတွေပါ ပါသေးတော့ Game တစ်ခုလုံး စိတ်ဝင်စားစရာကောင်းရုံတင်မကဘဲ ရယ်ရလွန်းလို့ အူတွေကို တက်လို့။


          Game အစမှာ သေမင်းက တာဝန်အရ လူ့ပြည်ကို လာတာပေါ့။ သူခေါ်မယ့် လူက တိုက်ခန်းထဲမှာဆိုတော့ တိုက်ခန်းတံခါးကလည်း ပိတ်ထားတော့ ကွိုင်တက်ရော။ဘာလို့ဆို သူက ဖြတ်မရဘူးလေ။ အဲမှာ သူ့လက်ထဲက သေမင်းဖုန်းကို ထုတ်ပြီး Drone ကိုတောင် ခေါ်လိုက်သေးတယ်။ အဆင့်မြင့်တယ်နော်။ အဲဒီတိုက်ခန်းထဲမှာ နောက်ထပ် Youtuber တစ်ယောက်ရှိနေသေးတယ်။ သူက အလုပ်လုပ်နေတုန်း Error ဖြစ်သွားတော့ ဒေါသထွက်ပြီး ဖိနပ်နဲ့ တံခါးကို လှမ်းပေါက်လိုက်တာ အဲမှာ သူ့နေတဲ့ အခန်းတံခါးနံပတ်က 9 ကနေ အပေါ်ဝက်အူကျွတ်ကျသွားလို့ အောက်ပြုတ်ပြီး နံပတ် 6 ဖြစ်သွားပါလေရော။ 



           ဖြစ်ခြင်တော့ သေမင်းကလည်း သူ ဒီနေ့ ခေါ်မယ့်လူရဲ့ အခန်းနံပတ်က 6 ဆ်ိုတော့ ဟိုကောင့် အခန်းထဲ မှားဝင်သွားတာပေါ့။ အဲမှာ နှစ်ယောက်သားတွေ့တော့ ဟို Youtuber က မျက်နှာပြောင်ချက်က လက်လန်တယ်။ သေမင်းကလည်း ခေါ်ခါနီးမှ ဖုန်းအားကုန်လို့ ဖုန်းအားတောင် သွင်းခိုင်းလိုက်သေးတယ်။ ရိုးရိုး တောင်မဟုတ်ဘူးနော် Wireless နဲ့ အဆင့်မြင့်တယ်။ ဟို Youtuber ဆီမှာက Wireless အားသွင်းတာမရှိတော့ Youtube က Lifehack တွေကြည့်ပြီး ပေါက်ကရတွေ ထလုပ်ပါလေရော။ တကယ်လို့ အခက်တွေ့နေရင် Sara ကိုတောင် အကူညီတောင်းလို့ရတော့ ဒီ Game က ဆော့ရင်းနဲ့ ရယ်ရမလို ချီးကျူးရမလိုဖြစ်နေတယ်။ ​



            Game ရဲ့ Idea လေးက အခုခေတ်ပုံစံနဲ့ ဖန်တီးထားတော့ ဆော့ရတာ အားရစရာကောင်းတယ်။ ပြီးတော့ ဟာသဆန်ဆန် Dialog တွေကော နောက်ခံ စကားပြောတွေပါ ထည့်ပေးထားတော့ အသံနဲ့တင် ဆော့ရတာ မပျင်းတော့ဘူး။ Puzzle တွေကလည်း သိပ်အခက်ကြီးမဟုတ်တော့ Adventure ကိုမှ ဟာသဆန်ဆန်ဆော့ခြင်ရင် အကြံပေးပါတယ်။ ဒါတောင် Admin အပေါ်က ပြောထားတာ နည်းနည်းဘဲရှိသေးတယ် သေမင်းရဲ့ ခေတ်မှီပုံက လုံးဝ လန်းပြန်နေတာဘဲ။  အဲကြောင့် ကြားထဲက Dialog တွေ မကျော်စေနဲ့နော်။ မဟုတ်ရင် ရယ်ရမှာမဟုတ်ဘူး။ တမလွန်ကို လူမှားရောက်သွားတဲ့ တစ်ယောက် ဘယ်လိုပုံစံနဲ့ ပြန်အဆုံးသတ်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းတယ်နော်။ 



Apk Only ဖြစ်တာကြောင့် Install တင်ရုံဘဲ။

===================

Android version = 5.0 +

Size = 148 MB

Type = Offline

============




Ready.....
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...