LATEST NEWS

Fetching news...

Tale Of Immortal

Tale Of Immortal

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS: Android iOS PC
Game Info
Skip to Downloads
ကောင်းကင်ဘုံကို အန်တုပြီး မသေမျိုးဖြစ်ချင်တဲ့ ငယ်ငယ်က ဆန္ဒတွေကို ဒီဂိမ်းမှာ အကောင်အထည်ဖော်လို့ ရပါပြီ....
တရုတ်သိုင်းကားတွေ၊ Xianxia ဝတ္ထုတွေကို ဖတ်ပြီးရင် အရင်ဆုံးတွေးမိတာက ကိုယ်သာ အဲဒီလောကထဲကို ရောက်သွားရင် ဘယ်လိုများ ဖြစ်နေမလဲဆိုတာပါ။ အခုတော့ အဲဒီ စိတ်ကူးယဉ် အိပ်မက်တွေကို လက်တွေ့ အကောင်အထည်ဖော်ပေးမယ့် ရှေးဟောင်း တရုတ်ဒဏ္ဍာရီလာ ကမ္ဘာကြီးတစ်ခုကို အသေးစိတ် ဖန်တီးပေးထားတဲ့ ဂိမ်းလေးတစ်ခုအကြောင်းကို သေချာလေး ပြောပြပေးချင်ပါတယ်။
Tale of Immortal ဆိုတာ လုံးဝကို လွတ်လပ်ခွင့် အပြည့်အဝပေးထားတဲ့ Open-World Sandbox ကိုမှ Role-Playing ပုံစံမျိုးနဲ့ ကစားရမှာပါ။ ဒီဂိမ်းရဲ့ ကမ္ဘာကြီးကို တရုတ်ပြည်ရဲ့ နာမည်ကျော် ရှေးဟောင်းဒဏ္ဍာရီ တစ်ခုဖြစ်တဲ့ Shan Hai Jing ကို အခြေခံထားပြီး ကိုယ်တွေက အဲဒီကမ္ဘာကြီးထဲမှာ ထူးခြားတဲ့ စွမ်းရည်‌တွေ ဘာတစ်ခုမှ ပါမလာတဲ့ သာမန် လူသားတစ်ယောက်အနေနဲ့ ဇာတ်လမ်းကို စတင်ရမှာပဲဖြစ်ပါတယ်။
ဂိမ်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သဘာဝတရားရဲ့ စည်းမျဉ်းတွေကို ကျော်လွန်ပြီး မသေမျိုးဖြစ်တဲ့ Immortal ဘဝကို ပိုင်ဆိုင်ရဖို့ပါ။ ဒါပေမယ့် ဒီလိုဖြစ်လာဖို့ ဆိုတာကလည်း ပါးစပ်ကပြောသလောက် မလွယ်ဘူးဆိုတာကို တရုတ်သိုင်းကား‌တွေနဲ့ ရင်းနှီးထားဖူးရင် တွေးမိကြမှာပါ။ ဒါကြောင့် တောတောင်တွေထဲမှာ နေထိုင်‌နေတဲ့ ဒဏ္ဍာရီလာ သတ္တဝါဆိုးကြီးတွေ၊ နောက်ပြီး လောဘကြီးလွန်းတဲ့ အခြားသော ကျင့်ကြံသူတွေရဲ့ အန္တရာယ်တွေအပြင်ကိုမှ ကောင်းကင်ဘုံကပါ ချမှတ်မယ့် အပြစ်ဒဏ်တွေကိုပါ ခက်ခက်ခဲခဲ ရင်ဆိုင်ကျော်ဖြတ်ရမှာပဲဖြစ်ပါတယ်။
ဒီဂိမ်းရဲ့ အထူးခြားဆုံး အချက်ကတော့ ဇာတ်လမ်းက ပုံသေရေးဆွဲထားတာမျိုး မဟုတ်ဘဲ ကိုယ့်ရဲ့လုပ်ရပ်တွေအပေါ် မူတည်ပြီး ပြောင်းလဲသွားတာမျိုးပါ။ ကစားပွဲ တစ်ခုနဲ့ တစ်ခု မြေပုံတွေကအစ Procedurally Generated စနစ်နဲ့ ဖန်တီးပေးထားတာမို့လို့ ဘယ်တော့မှ ထပ်တူညီမှာလည်း မဟုတ်ပါဘူး။ ဒါ့အပြင် ဂိမ်းထဲက NPC တွေဟာလည်း ကိုယ်တွေလိုပဲ ကျင့်ကြံနေကြတဲ့ သူတွေဖြစ်တာကြောင့် သူတို့ရဲ့ ကိုယ်ပိုင် ဘဝ၊ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေနဲ့ ရှင်သန်နေကြတာပဲဖြစ်ပါတယ်။ 
သူတို့အချင်းချင်း မိတ်ဆွေတွေဖွဲ့ကြ၊ ရန်သူ‌တွေဖြစ်ကြ နောက်ဆုံး ပစ္စည်းတွေ လုယက်ကြတဲ့အထိ ဒါတွေအကုန်လုံးကို ကိုယ်က ဝင်ရောက်စွက်ဖက်လို့ ရသလို၊ တစ်ဖက်မှာလည်း သူတို့က ကိုယ့်ကို ပြန်ပြီး ဒုက္ခပေးတာမျိုးတွေအထိ အချိန်မရွေး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီဂိမ်းရဲ့ ကမ္ဘာကြီးကတော့ လုံးဝကို သက်ဝင်လှုပ်ရှားနေတဲ့ လောကကြီးတစ်ခုကို ရောက်ရှိသွားသလိုအထိ ခံစားရမှာ အသေအချာပါပဲ။
𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 & 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜
---------------------------
ဒီဂိမ်းရဲ့ Gameplay က အရမ်း Deep ဖြစ်တာကြောင့် အများကြီးကို နားလည်ထားဖို့ လိုအပ်ပါတယ်။ Cultivation လမ်းကြောင်းမှာ အဆင့်တစ်ခုကနေ နောက်တစ်ခုကို ကူးပြောင်းဖို့ဆိုတာက လွယ်လွယ်လေးနဲ့တော့ Level Up သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် နည်းနည်းတော့ စာရှည်ပါမယ်။
❖ အရင်ဆုံး အဆင့်တစ်ခုကို ကျော်လွန်ဖို့ဆိုရင် သတ်မှတ်ထားတဲ့ ရှားပါး Heavenly Treasures တွေကို အသက်စွန့်ပြီး ရှာဖွေရပါတယ်။ အထူးသဖြင့် နောက်ပိုင်းအဆင့်တွေမှာ မိုးကြိုးပစ်ခံရတဲ့ ဒဏ်ကို ခံနိုင်ရည်ရှိအောင် ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်တွေအထိပါ ကြိုတင် ပြင်ဆင်ထားရတာမျိုးပါ။
❖ နောက်တစ်ခုက ဒီဂိမ်းမှာ NPC တွေနဲ့ ဆက်ဆံရေးက အရမ်း အရေးကြီးပါတယ်။ လက်ဆောင်ပေးတာ၊ စကားပြောတာတွေကနေ တစ်ဆင့် မိတ်ဆွေဖွဲ့လို့ရသလို၊ Dual Cultivation လုပ်လို့ရတဲ့ ချစ်သူရည်းစားတွေ အဖြစ်ပါ ပြောင်းလဲနိုင်ပါ‌သေးတယ်။ ဒါပေမယ့် ရန်သူဖြစ်သွားရင်တော့ သူ့ရဲ့ ဆွေမျိုးတွေ၊ ဆရာသမားတွေကပါ ကိုယ့်ကို လိုက်လံ သတ်ဖြတ်တာမျိုးတွေအထိ ကြုံတွေ့ရပါလိမ့်မယ်။ အဲဒါကြောင့် ကြည့်ကြပ်လုပ်ကြနော်။ 
❖ ဘာတွေထပ်လုပ်လို့ ရသေးလဲဆိုရင် ဂိုဏ်းတစ်ခုကို ဝင်ပြီး အပြင်စည်း တပည့်ဘဝကနေစတင်ကာ တာဝန်တွေ တဖြည်းဖြည်းထမ်းဆောင်ရင်း နောက်ဆုံး ဂိုဏ်းချုပ်ဖြစ်တဲ့အထိပါ ကြိုးစားလို့ ရပါတယ်။ ဂိုဏ်းချုပ်ဖြစ်လာရင်တော့ အခြားဂိုဏ်းတွေနဲ့ စစ်ခင်းတာတွေ၊ ကိုယ့်ဂိုဏ်းကို တိုးတက်အောင် စီမံခန့်ခွဲရတာတွေအထိ အများကြီး လုပ်ဆောင်ရမှာပါ။

❖ ဒီဂိမ်းရဲ့ တိုက်ခိုက်ရေး အပိုင်းမှာက Action Bullet-Hell ပုံစံမျိုးဖြစ်ပြီး၊ ကိုယ့်ရဲ့ Spiritual Root အလိုက် ဓား၊ လှံ၊ လက်ဝှေ့၊ မီး၊ ရေ၊ လေ စတဲ့ Element တွေကိုပါ စိတ်ကြိုက် ရွေးချယ် အသုံးပြုနိုင်ပါတယ်။ Skill စာအုပ်တွေကို လေလံပွဲတွေမှာ ဈေးအပြိုင်ဆွဲပြီး ဝယ်ယူရတာကလည်း တကယ်ကို ကြည့်ရင်းနဲ့ကို စိတ်လှုပ်ရှားစရာကောင်းပါတယ်။
❖ အဲဒါတွေတင်မကသေးပါဘူး။ တိုက်ပွဲမှာ အထောက်အကူပြုနိုင်ဖို့အတွက် မှော်လက်နက် Artifacts တွေကို ဖန်တီးတာတွေ၊ ကိုယ်တိုင် ဆေးဖော်စပ်နိုင်တဲ့ Alchemy တွေအထိကိုပါ အသေးစိတ် လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။
𝐀𝐮𝐝𝐢𝐨, 𝐕𝐢𝐬𝐮𝐚𝐥 & 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞
----------------------------------
Visuals နဲ့ ပတ်သက်ရင်တော့ ဒီဂိမ်းက တကယ့်ကို တရုတ်ရိုးရာ ရေဆေးပန်းချီကားတွေကို အသက်သွင်းထားသလိုအထိ ခံစားရပါလိမ့်မယ်။ ဇာတ်ကောင်တွေရဲ့ ဒီဇိုင်းတွေ၊ နတ်ဆိုးတွေရဲ့ ပုံစံတွေနဲ့အတူ နောက်ခံ ရှုခင်းတွေကလည်း အကုန် 2D Hand-drawn လက်ရာတွေပဲဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်တွေရဲ့ ဇာတ်ကောင်ကို ဖန်တီးတဲ့အပိုင်းမှာဆိုရင်လည်း မျက်နှာပေါက်၊ ဆံပင်၊ အဝတ်အစားကအစ ရှေးခေတ်တရုတ်ပြည်ရဲ့ လူတစ်ယောက်အသွင်အပြင်ကို အပြည့်အဝ ဖော်ဆောင်ပေးနိုင်တာမလို့ တော်တော်မိုက်တယ်လို့ ပြောရမှာပါ။ 
အသံပိုင်းမှာဆိုရင်လည်း တရုတ်ရိုးရာတူရိယာတွေကို အသုံးပြုဖန်တီးထားတာကြောင့် နောက်ခံတေးဂီတတွေနဲ့တင် ဂိမ်းထဲကို ပိုပြီး နစ်မြောသွားစေပါတယ်။ တိုက်ပွဲအတွင်းမှာ Skill သုံးလိုက်တဲ့ အသံတွေ၊ မိုးကြိုးပစ်ချလိုက်တဲ့ အသံတွေကအစ တကယ်ကို သေ‌သေချာချာ ဖန်တီးထားတာပါ။ 
Performance ပိုင်းမှာဆိုရင်လည်း 2D ဂိမ်းဖြစ်တဲ့အတွက် High End Device တွေအထိ မလိုအပ်ပါဘူး။ ဒါပေမယ့် နောက်ပိုင်း Map ကြီးလာတာနဲ့အမျှ NPC တွေ အများကြီး တွက်ချက်ရတဲ့ Simulation အပိုင်းတွေ ရှိလာတာကြောင့် PC သမားတွေဆိုရင် RAM ကောင်းကောင်းနဲ့ SSD ရှိနေဖို့ လိုအပ်ပါတယ်။ အရမ်းအရေးကြီးတာမဟုတ်ပေမယ့် Loading ပိုင်းမှာ Smooth ဖြစ်အောင်လို့ပါ။ Mobile သမားတွေလည်း အတူတူပဲဆိုပေမယ့် ကြာချိန်လေးပဲ Device တစ်ခုနဲ့ တစ်ခုအပေါ်မူတည်ပြီး ကွာသွားပါလိမ့်မယ်။
#ကဲဒါဆို_အချိန်ပေးပြီးကစားရတာ‌ကောတန်ရဲ့လား?

ဒီမေးခွန်းအတွက် အဖြေကတော့ Xianxia ဇာတ်လမ်းတွေ၊ ရှုပ်ထွေးပြီး သာမန်လူတွေ မဆော့နိုင်တဲ့ RPG ဂိမ်းတွေကို အရူးမူးဖြစ်ရင်တော့ အချိန်ပေးရတာ လုံးဝ လုံးဝကို တန်ပါတယ်။ ဒီဂိမ်းရဲ့ အားသာချက် နောက်တစ်ခုက ပြန်ကစားတိုင်းမှာ မတူညီတဲ့ အတွေ့အကြုံတွေကို ရရှိစေတာမျိူးပါ။
တစ်ခါတလေမှာ ကိုယ်က ဓားသိုင်းသမား အဖြစ် ကစားရပြီး၊ နောက်တစ်ခါမှာ မီးဓာတ်ကို အဓိကထားတဲ့ မှော်ဆရာအဖြစ်နဲ့လည်း ကစားလို့ ရပါသေးတယ်။ ဒါပေမယ့် တစ်ခုရှိတာက အားနည်းချက်လို့ ပြောရမလား? စိတ်ရှည်မှုလို့ပဲ ပြောရမလား? ဂိမ်းက အတော်လေး Grind လုပ်ရမယ့်ထဲမှာ ပါပါတယ်။ ပစ္စည်းရှာဖို့၊ Level Up ဖို့အတွက် Dungeon တွေကို အကြိမ်ကြိမ် ဝင်နေရတာမျိုးတွေ ရှိတဲ့အတွက် စိတ်ရှည်သည်းခံနိုင်မှုကတော့ အများကြီးကို လိုအပ်ပါတယ်။ UI ပိုင်းမှာလည်း အစမှာတော့ ရှုပ်ထွေးတယ်လို့ ခံစားရနိုင်ပေမယ့် အသားကျသွားရင်တော့ လောက်တောင်မလောက်တော့ပါဘူး။
𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐅𝐞𝐞𝐥𝐢𝐧𝐠 & 𝐆𝐚𝐦𝐢𝐧𝐠 𝐓𝐢𝐩𝐬
-------------------------------------
မင်မင် ကိုယ်တိုင် ဒီဂိမ်းကို စကစားတုန်းက ဘာမှ သိပ်မသိသေးဘဲ NPC တစ်ယောက်ကို သွားပြီး စိန်ခေါ်မိလို့ သူ့ရဲ့ ဆရာသမားတွေက ဝိုင်းပြီး လိုက်သတ်တာကို ခံခဲ့ရဖူးပါတယ်။ အဲဒီအချိန်တုန်းက ကိုယ့်ရဲ့ Level ကလည်း နိမ့်နေသေးတော့ ဘယ်လိုမှ ပြန်မချနိုင်ဘဲ ထွက်ပြေးခဲ့ရတာပါ။ နောက်ပိုင်း ကိုယ်က အဆင့်တွေ မြင့်လာပြီး စွမ်းအားတွေ ကြီးလာတဲ့အချိန်ကြရင်တော့ အရင်တုန်းက ကိုယ့်ကို အနိုင်ကျင့်ခဲ့တဲ့ သူတွေကို ပြန်ပြီး ကလဲ့စားချေရတဲ့ အရသာက ဘာနဲ့မှကို မလဲနိုင်ပါဘူး။
နောက်ပြီး ဒီဂိမ်းထဲမှာ မင်မင် ခံစားလိုက်ရတဲ့အရာတစ်ခုက "အောင်မြင်မှုဆိုတာ အလွယ်တကူ ရမလာဘူး" ဆိုတာပါပဲ။ ကြီးမားတဲ့ အရာတစ်ခုကို လိုချင်ရင် အဲဒီအတွက် လုံလောက်တဲ့ ပြင်ဆင်မှုတွေ၊ ပေးဆပ်မှုတွေ ရှိမှသာ ထိုက်တန်တဲ့ ရလဒ်ကို ရနိုင်မယ်ဆိုတာကို ဒီဂိမ်းက တစ်နည်းနည်းနဲ့ သွန်သင်ပေးသွားမှာပဲဖြစ်ပါတယ်။ ‌ဒီထဲမှာ မင်မင် မပြောပဲ ချိန်ခဲ့တာတွေရှိတယ်။ အဲဒါက ကိုယ်တိုင်ဆော့ကြည့်ပြီးမှ ကိုယ့်ရဲ့ ပုံစံအစစ်မှန်ကို သိစေချင်လို့ Spoil မလုပ်တော့တာ။ 
ဆိုတော့ 𝐆𝐚𝐦𝐢𝐧𝐠 𝐓𝐢𝐩𝐬 လေးတွေကို မင်မင်သိသလောက်ပြောပြပေးပါမယ်။

❖ အစပိုင်းမှာ Charisma မြင့်အောင် ဖန်တီးပါ။ NPC တွေဆီကနေ လက်ဆောင်တွေ အလွယ်တကူ ရနိုင်ပြီး မိတ်ဆွေဖွဲ့ရတာပါ ပိုလွယ်ကူပါတယ်။
❖ Breakthrough မလုပ်ခင် Manual Save လုပ်ဖို့ လုံးဝ မမေ့ပါနဲ့။ ရှုံးသွားရင် သုံးလိုက်တဲ့ ပစ္စည်းတွေရော၊ အချိန်တွေပါ အကုန် အလကား ဖြစ်သွားမှာမို့ပါ။
❖ လေလံပွဲတွေကို နှစ်စဉ် မပျက်မကွက် သွားပါ။ ကိုယ့်အတွက် မလိုတဲ့ ပစ္စည်းတွေကို ဈေးကြီးကြီးနဲ့ ရောင်းပြီး ကိုယ်လိုချင်တဲ့ Skill စာအုပ်တွေကို ဝယ်ယူနိုင်ပါတယ်။
❖ ဂိုဏ်းတစ်ခုကို အမြန်ဆုံး ဝင်ပါ။ ဂိုဏ်းကနေ ရနိုင်တဲ့ အကျိုးခံစားခွင့်တွေက ဂိမ်းရဲ့ အစပိုင်းမှာ အများကြီး အထောက်အကူ ဖြစ်စေတာကြောင့်ပဲဖြစ်ပါတယ်။
⬛ အချုပ်အားဖြင့် ပြောရရင်တော့ Tale of Immortal ဂိမ်းဟာ လူတိုင်းအတွက်တော့ မဟုတ်ပါဘူး။ တရုတ်သိုင်းလောက ကမ္ဘာကြီးကို အသက်ဝင်ဆုံးနဲ့ အနက်ရှိုင်းဆုံးဖြစ်အောင် တည်ဆောက်‌ထားတဲ့ Complex RPG ဂိမ်းကောင်းတစ်ခုဖြစ်တာကြောင့် စစချင်းမှာ အများကြီး သင်ယူသလို၊ တကယ်ကျွမ်းသွားရင်လည်း စိတ်က ဒီဂိမ်းထဲကိုပဲ ရောက်နေမှာဖြစ်ပါတယ်။ ပြောရရင် Mechanic စုံစုံလင်လင်နဲ့ Features တွေ အများရှိတော့ Life တစ်ခုလိုကို ဖြစ်သွားလိမ့်မယ်။ အပေါ်မှာ မင်မင်ပြောပြထားတာတွေက အပေါ်ယံလေးတွေပဲ ရှိသေးတယ်။
ပါပါတယ်နော်။ V 1.0 ကတည်းက Full Release ထွက်ရှိထားပြီး တရားဝင် English Localization အပြည့်အဝ ပါဝင်နေပြီ ဖြစ်ပါတယ်။
GAME INFORMATION
Developer
GuiGu Studio
Version
1.0 (Full Release)
Release
May 2023
Updated
August 2026
Network
Offline
Platform
PC Exclusive
Download Size
1.5 GB / 8 GB
Total Size
2 GB / 9 GB
Multiplayer
Singleplayer Only
Monetization
Premium (Paid)
SYSTEM LOAD[OPTIMIZED]
System Requirements
PC Specs
  • CPU2.50GHz AMD / Intel Core i3
  • RAM4 GB
  • GPUNvidia GeForce GTX 750
  • DirectXVersion 11
GRAPHICS90%
GAMEPLAY95%
CONTROL85%
9.0
MASTERPIECE
IMPORTANT WARNING
Paid Game ဖြစ်တာကြောင့် iOS သမားတွေက ဝယ်ယူရမှာဖြစ်ပြီး Android သမားတွေကတော့ Test ဖို့ရာအတွက် Version နှစ်မျိုး ဒုတိယ Link ထဲမှာ ထည့်ပေးထားပါတယ်။ တစ်ခုက Normal [ Full Paid ] ဖြစ်ပြီး၊ နောက်တစ်ခုကတော့ စိတ်မရှည်တဲ့သူတွေအတွက် Full Paid [ Mod Menu ] ပဲ ဖြစ်ပါတယ်။
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...

လူကြည့်အများဆုံး GAMES