LATEST NEWS

Fetching news...

Football Manager 2026 Mobile

Football Manager 2026 Mobile

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS: Android iOS
FM26 Mobile ကတော့ Unity Engine အသစ်မပါဘဲ Netflix သီးသန့်ဆိုပြီး ထွက်လာပါပြီ..
Netflix က အသက်ဆက်ပေးလိုက်တဲ့ FM26 Mobile ဟာဆိုရင် PC တွေလို ရုပ်ထွက်အလန်းစား Unity Engine နဲ့ ထွက်မလာပေမယ့်၊ FM24 က Save တွေကိုတိုက်ရိုက် ပြန်ဆွဲယူဆော့လို့ရမယ့် ပထမဆုံး Mobile ဂိမ်းတစ်ခု ဖြစ်လာတာပါ။ အမျိုးသမီး ဘောလုံးလောကပါ အပြည့်အစုံ ပါဝင်လာပြီး တင်းကျပ်တဲ့ ဘဏ္ဍာရေး စည်းမျဉ်းဖြစ်တဲ့ FFP ကြောင့်ပါ ပိုပြီးတော့ လက်တွေ့ကျတဲ့ Transfer Market ကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
𝐅𝐌𝟐𝟔 𝐌𝐨𝐛𝐢𝐥𝐞 ( 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 )
------------------------------
ဒီနှစ် FM26 ရဲ့ အကြီးမားဆုံး ပြောစရာကတော့ Engine ပြောင်းလဲမှုပါပဲ။ PC နဲ့ Console တွေမှာ အမိုက်စား Unity Engine ကို ပြောင်းလဲသုံးစွဲခဲ့ပေမယ့် ၊ Mobile Version ကတော့ အရင်တုန်းက 2D ရုပ်ထွက်အဟောင်းနဲ့ပဲ ဆက်သွားခဲ့ပါတယ်။ ဒါကို တချို့ Player တွေက စိတ်ပျက်ကြပေမယ့် မင်မင့် အနေနဲ့ကတော့ ဒါဟာ ကောင်းတဲ့အချက်လို့ မြင်မိပါတယ်။ ဘာလို့လဲဆိုတော့ PC မှာ Unity Engine က Bug တွေ ဒုက္ခပေးနေချိန်မှာ Mobile Version က အရင်ကလိုပဲ သွက်သွက်လက်လက်နဲ့ Stable ဖြစ်နေတာကြောင့် သူ့ဟာနဲ့သူ မဆိုးဘူးလို့ ပြောရမှာပါ။ UI ပိုင်းကတော့ နည်းနည်းလေး ခေတ်နောက်ကျနေသလို ခံစားရပေမယ့် Tactical depth ပိုင်းမှာတော့ တကယ်မိုက်ပါတယ်။
ဒီနှစ်မှာ အဓိက အပြောင်းအလဲကတော့ FFP လို့ခေါ်တဲ့ Financial Fair Play စနစ်ကို အသေအလဲ လုပ်ထားတာပါ။ အရင်လို ကိုယ်က အသင်းကြီးကိုင်ထားလို့ ပိုက်ဆံတွေပုံပေးပြီး Wonderkid တိုင်းကို လိုက်ဝယ်လို့ မရတော့ပါဘူး။ လစာပေးတဲ့ စနစ်၊ အသင်းရဲ့ ဝင်ငွေထွက်ငွေ Balance ကိုပါ သေချာ မထိန်းနိုင်ရင် Transfer Embargo ထိတာမျိုး‌တွေ၊ ဒါမှမဟုတ် Points တွေပါ အလျှော့ခံရနိုင်တဲ့အထိ မြင်တွေ့ရမှာပါ။ Transfer Value တွေကလည်း လက်တွေ့ကမ္ဘာနဲ့ ပိုမိုနီးစပ်လာပြီး ကစားသမားကောင်းတစ်ယောက်ကို ခေါ်ဖို့ဆိုရင် တကယ်ကို စျေးဆစ်ရ၊ ညှိနှိုင်းရနဲ့ ပိုခက်လာပါတယ်။
နောက်ထပ် Feature အသစ်ကတော့ Save Game Compatibility ပါပဲ။ FM24 Mobile မှာ ဆော့ထားတဲ့ Career ကို ဒီအတိုင်း FM26 Mobile ဆီ ပြောင်းရွှေ့လို့ရတာမျိုးပါ။ ဒါ့အပြင် သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် Women's Football ကိုပါ ထည့်သွင်းပေးလိုက်တာဖြစ်ပြီး ကစားသမားပေါင်း 3600 ကျော်နဲ့ Database အကြီးကြီး ပါလာပါတယ်။ International Challenge ဆိုတဲ့ Mode အသစ်ပါ ပါဝင်လာပြီး 2026 World Cup ကြီးအတွက် နိုင်ငံအသင်းတွေကို ဝင်ရောက် ကိုင်တွယ်နိုင်ပြီပဲ ဖြစ်ပါတယ်။
မင်မင်တို့ အနေနဲ့ကတော့ ဒီဂိမ်းရဲ့ Transfer Dynamics ကို တကယ် သဘောကျပါတယ်။ အရင်ကလို ခပ်လွယ်လွယ် ဆော့လို့မရတော့ဘဲ၊ တကယ့် မန်နေဂျာတစ်ယောက်လို ဦးနှောက်စားရတာမျိုးကြောင့်ပါ။ ဒါပေမယ့် ဆဲချင်စရာ‌ကောင်းတဲ့ အပိုင်းက SI ရဲ့ ပျင်းရိမှုပါပဲ။ Netflix ဆီကနေ Funding တွေ ရထားပြီးတာတောင် Mobile အတွက် UI အသစ် မလုပ်ပေးနိုင်တာကတော့ တကယ့်ကို တော်တော်လေး စိတ်ပျက်ဖို့ ကောင်းပါတယ်။
ဒီကိစ္စနဲ့ ပတ်သတ်ပြီး အစကတော့ ထည့်မရေးတော့ဘူးလို့ လုပ်ထားပေမယ့် နားလည်အောင်လို့ မင်မင်ရှင်းပြပါမယ်။
FM26 ရဲ့ သမိုင်းကြောင်းက တော်တော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ အားလုံးသိတဲ့အတိုင်း Sports Interactive ဖြစ်တဲ့ SI ဟာ 2024 ခုနှစ်ကုန်ပိုင်းမှာ FM25 ကို အကြိမ်ကြိမ် Delay လုပ်ခဲ့ပြီး၊ နောက်ဆုံးမှာ လုံးဝကို Cancel ပစ်တဲ့အထိ ရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ FM26 ကို PC နဲ့ Console တွေအတွက် Unity Engine အသစ်နဲ့ အကြီးအကျယ်‌ ပြောင်းလဲပြီး မိတ်ဆက်လာခဲ့တာပါ။
ဒါပေမယ့် Mobile version ရဲ့ ကံကြမ္မာကတော့ တကယ်ကို သီသီလေးလို့ ပြောရမှာပဲ။ Studio Director ဖြစ်တဲ့ Miles Jacobson ကိုယ်တိုင် ဝန်ခံထားတာက Player base ကျဆင်းလာမှုကြောင့် FM Mobile စီးရီးကို လုံးဝ ဖျက်သိမ်းဖို့ လုပ်ခဲ့ပေမယ့် Netflix က ရုတ်တရက် ဝင်လာပြီး "မင်းတို့ Mobile အတွက် မရပ်လိုက်နဲ့၊ ငါတို့ Mobile Series အတွက် အသက်ဆက်ပေးမယ်" လို့ ကမ်းလှမ်းခဲ့တာကြောင့် FM26 Mobile ဆိုတာ အခုလို မြင်တွေ့ရတာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီဂိမ်းဟာ လုံးဝကို Netflix Exclusive ဖြစ်သွားခဲ့ပြီး အခုဆိုရင် Standalone ဝယ်လို့မရတော့ပါဘူး။
Mod Patch Version မလို့ အသင်းနာမည်တွေ၊ Logo တွေ၊ Name တွေကအစ Official မှန်ပြီးသားပါ။
Game Information
Developer
Sports Interactive
Version
26.2.0
Release
November 4, 2025
Updated
March 10, 2026
Network
Offline
Platform
Android, iOS
Download Size
1.8 GB
Total Size
2 GB
SYSTEM IMPACT [OPTIMIZED]
Mobile Specs
  • Android11.0 and up
  • iOS12.0 and up
  • RAM4GB Minimum
  • SOCSnapdragon 680 / Helio G99
  • ArchARM64
GRAPHICS60%

GAMEPLAY95%

CONTROL85%
8.0
GOOD
!
IMPORTANT NOTE
Android Version က Mod Patch မလို့ အသင်းနာမည်တွေ၊ Logo တွေ၊ Name တွေကအစ Official မှန်ပြီးသားပါ။
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...

လူကြည့်အများဆုံး GAMES