Norse Expansion Medieval RTS
Game Info
Download

ဂိမ်းတွေမှာ ဘာလေးပဲလုပ်လုပ် နာရီပေါင်းများစွာ အချိန်ပေးရတဲ့ Logic ကို ဒီဂိမ်းမှာ မြင်ရမှာ မဟုတ်ပါဘူး...
ဒီတစ်ခါပြောပြမယ့် ဂိမ်းလေးကတော့ Company ကြီး တစ်ခုကနေ ဖန်တီးထားတာမျိုး မဟုတ်ဘဲ HerringByte လို့ခေါ်တဲ့ Solo Developer တစ်ယောက်တည်းကနေ ခြောက်နှစ်တိတိ အချိန်ယူပြီး ရေးဆွဲထားတဲ့ လက်ရာလေးတစ်ခုပါ။ သူက Classic PC ဂိမ်းတွေရဲ့ အရသာကို ပြန်ထည့်ပေးထားတာမလို့ RTS သမားတွေတော့ ရှယ်ပဲ...

⬛ Norse Expansion - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰
° ဒီဂိမ်းရဲ့ အဓိက သဘောတရားကတော့ ကိုယ်က နိုင်ငံငယ်လေးတစ်ခုရဲ့ အရှင်သခင်ဖြစ်ပြီး ကိုယ့်ရဲ့ နယ်မြေလေးကို တဖြည်းဖြည်း ချဲ့ထွင်၊ ကာကွယ်ပေးရမယ့် ပုံစံမျိုးနဲ့ ကစားရမှာပါ။ အစပိုင်းမှာ နယ်မြေသစ်တွေ စတင်ရှာဖွေရတယ်ဆိုပေမယ့် အင်အားကြီးတဲ့ နယ်ချဲ့တွေ ကျူးကျော်လာရင်တော့ နောက်နေရာတစ်ခုကို ပြောင်းရွေ့ရတတ်ပါတယ်။ အဲဒီလို မကျူးကျော်ခံချင်ရင် ကိုယ့်နယ်မြေလေးကို တိုးတက်အောင်လုပ်ပြီး ကြိုးစားရမှာမလို့ နောက်ပိုင်းမှာ အင်အားကြီးတဲ့ ပြိုင်ဘက်ဘုရင်တွေ၊ မှော်ဆရာတွေနဲ့ ဘီလူးကြီးတွေအထိပါ ရင်ဆိုင်လာရမှာပဲဖြစ်ပါတယ်။

° ကိုယ်တိုင် သစ်ခုတ်၊ ကျောက်တူးပြီး ခံတပ်ကြီးတွေ တည်ဆောက်ရတဲ့ အရသာက PC ပေါ်က Stronghold တို့လို ဂိမ်းဟောင်းကြီးတွေကို Developer က တော်တော်သဘောကျပုံပါပဲ။ သူမှာ ဒီဘက်ခေတ်ဂိမ်းတွေနဲ့ ကွဲထွက်နေတာက Waiting Time လုံးဝမရှိပဲ Resources ရရင် ရှယ်ကြုံးဆိုတာမျိုးနဲ့ ကစားရမှာပါ။ နောက်ပြီး ကိုယ့်ရဲ့ စစ်သား အရေအတွက်ကလည်း ကန့်သတ်ချက်ရှိသေးတာမလို့ ခံတပ်ကို ဘယ်လို ပုံစံချမလဲ၊ မြှားသမားတွေကို ဘယ်မျှော်စင်မှာ ထားရမလဲ ဆိုတဲ့ Strategy တွေအထိပါ ပေါ့ပေါ့ပါးပါးနဲ့ ကစားရမှာပဲဖြစ်ပါတယ်။ Waiting Time မရှိလို့ ပျင်းစရာကြီး မထင်နဲ့နော် သူက Journey ပုံစံနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ကစားရမှာ။
◾ 𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 & 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜

သူ့ရဲ့ Gameplay က Classic 2D ကို Isometric RTS ပုံစံနဲ့ ကစားရမှာဖြစ်ပြီး Strategy အရသာတော့ အပြည့်ဝပေးမယ့် ဂိမ်းကောင်းလေးတစ်ခုပါ။ နောက်ပြီး ဒီလိုဂိမ်းတွေမှာ မရှိမဖြစ်လိုအပ်တဲ့ Unit Management မျိုးကိုပါ Mobile Control နဲ့ အဆင်ပြေအောင် သေချာဖန်တီး ပေးထားပြီး PC မှာ Mouse သုံးရသလိုမျိုးအထိ သေချာ Friendly ဖြစ်အောင် ထည့်သွင်းပေးထားပါတယ်။ အပေါ်မှာ ခဏခဏ ပြောခဲ့သလို Zero Wait Timers ပါဝင်တာကြောင့် အဆောက်အဦးပဲဖြစ်ဖြစ်၊ စစ်သားထုတ်တာပဲဖြစ်ဖြစ် အချိန်စောင့်စရာ မလိုဘဲကို ချက်ချင်း လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။ ကျန်တဲ့ Resources တွေ၊ Building ပိုင်းတွေကတော့ ရင်းနှီးပြီးသားမလို့ အရမ်းခက်ခဲတာမျိုးကြီးတော့ မရှိပါဘူး။
◾ 𝐁𝐞𝐡𝐢𝐧𝐝 𝐓𝐡𝐞 𝐒𝐜𝐞𝐧𝐞𝐬

° ဒီဘက်ခေတ် Company ကြီးတွေက Online ဂိမ်းတွေ၊ P2W ဂိမ်းတွေနဲ့ ဈေးကွက်ကို လွှမ်းမိုးထားတဲ့ အချိန်မှာ HerringByte လို့ခေါ်တဲ့ Solo Developer လေးတစ်ယောက်က သူ ငယ်ငယ်က ဆော့ခဲ့ရတဲ့ RTS ဂိမ်းတွေရဲ့ အရသာကို ဖုန်းပေါ်မှာ ပြန်လည်ဖန်တီးချင်တဲ့ စိတ်ကူးနဲ့ 6 နှစ်တိတိ အချိန်ယူပြီး ဒီဂိမ်းကို ရေးဆွဲခဲ့တာပဲဖြစ်ပါတယ်။
နောက်ပြီး ဂိမ်းထွက်ထွက်ပြီးချင်းမှာပဲ Community မှာ Positive တွေ အများကြီးရနေတာမလို့ နောက်ပိုင်း Upgrade တွေမှာ Player Feedback တွေကို နားထောင်ရင်း ပိုကောင်းလာဖို့ပဲ ရှိပါတယ်။ iOS သမားတွေလဲ မျှော်လင့်လို့ရပါတယ်နော်။

⬛ ခြုံပြီး ပြောရရင်တော့ Norse Expansion ဆိုတဲ့ ဂိမ်းလေးက Mobile ပေါ်ကို Classic RTS အရသာလေး ပြန်လည်ခံစားချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဂိမ်းကောင်းလေး တစ်ခုပဲ ဖြစ်ပါတယ်။





GAME INFORMATION
Developer
HerringByte
Version
Latest Version
Release
August 2026
Updated
August 2026
Network
Offline
Platform
Android
Download Size
79 MB
Total Size
120 MB
System Requirements
Mobile Specs
- Android5.1+
- RAM2 GB
- SOCSnapdragon 450 / Helio G35
- Arch64-bit ARM
8.0EXCELLENT TACTICAL RTS
OFFICIAL STORES
Download from the official servers.
Download
This is for testing purposes only !!
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...