Eopue Battle



          ဒီနေ့ဘဲ Beta version ထွက်လာတာဖြစ်ပြီး Mafia သဘောကျတဲ့လူတွေတွက်တော့ အကြိုက်တွေ့စေမယ့် Game တစ်ခုပါ။ Game က အခုမှ Test အဆင့်ဘဲရှိသေးတာဆိုတော့ အားရတဲ့ အပိုင်းတွေလည်းရှိသလို အားမရတဲ့ အပိုင်းလေးတွေလည်း တွေ့ရပါတယ်။




          Game က အရင်က Leak တုန်းက Gameplay ကို တွေ့ခဲ့ရပေမယ့် Offline ဖြစ်လိမ့်မယ်လို့ လုံးဝ မထင်ခဲ့ပါဘူး။ အဲအချက်ကတော့ Admin ကို တကယ် Suprise ဖြစ်စေတာပါ ။ ဒါပေမယ့် စစဝင်ခြင်းတော့ Network ဖွင့်ပေးရတယ်။ Game က Storyline နဲ့လာတာဖြစ်ပြီး လောလောဆယ်တော့ Chinese Dialog တွေမလို အသေချာမပြောနိုင်သေးပါဘူး။ ဒါပေမယ့် သင်က ဒီ Game မှာဆိုရင် သားအဖနှစ်ယောက် နေရာကနေ ကစားရမှာပါ။ ၁၉၃၀ ခုနှစ် ခေတ်ကို ဒီဇိုင်းဆွဲထားပြီး ဂိုဏ်းတွေကြားက ပြန်ပေးဆွဲတာတွေ၊ လက်ဝါးကြီးအုပ်တာမျိုးတွေကို တွေ့မြင်ရမယ့် Game ပါ။ 



          Game က Graphic ကောင်းသလို Combat ပုံစံကလည်း Action ဆန်ဆန်နဲ့ Third Person View ကို ဆော့ရမှာပါ။ ပြောရရင် ဒီ Game က GF တို့လို လူမိုက်စတိုင် ချတာမျိုးဖြစ်ပေမယ့် တရုတ်ဂိုဏ်းဆိုတော့ သိုင်းကွက်တွေပါ ပါသေးပါတယ်။ Physics ဖန်တီးထားတာလည်း မဆိုးဘူးလို့ပြောလို့ရသလို ပြေးတဲ့ လှုပ်ရှားပုံတွေကစ ကြည့်ကောင်းတယ်။ 


         ဆိုးတာက Game က Combat စုံတယ်၊ Buttom များတယ် ဒါပေမယ့် Hit ပိုင်းတွေမှာ မထိတထိနဲ့ Bug လိုမျိုး Error မျိုးတွေ တွေ့နေရတယ်။ Sound Detail ကတော့ လက်ယမ်းတဲ့ အသံတွေကစ ထည့်ပေးထားတော့ ချရတာတော့ Feel ရှိတယ်။ နောက်တစ်ခုက Game က Beta မလို့ Developer ကအကုန်မပြီးစေခြင်လို့ထင်တယ် Easy ဆော့တာတောင် ပိုးစို့ပတ်စက် ခက်တာပါ။ 


       သွေးရှယ်လျော့သလို ခုနက Fighting Bug နဲ့ Control ပါ နည်းနည်း ကြောင်တော့ ပိုဆိုးတာပေါ့။ အခန်းတစ်ခန်းပြီးဖို့ မလွယ်ဘူး။ ဒါပေမယ့် Official ကြရင်တော့ Difficult လျော့ပေးလောက်မှာပါ။ ပြီးတော့ Enemy AI တွေက အတော်အားနည်းတယ်လို့ ​ထင်တယ်။ သူ့ကို သွားချမှ ပြန်ချတာမျိုးတွေပေါ့။ ​ချုံပြောရရင် ဒါက Test ဘဲရှိပါသေးတယ်။ ဒါပေမယ့် Global version သာဆိုရင် လူကြိုက်များမယ့် Game တစ်ခုဖြစ်လာနိုင်ပါတယ်။ 


===================

Android version = 6.0 +

Size = 532 MB

Type = Offline

============





Ready...........

Comments

လူကြည့်အများဆုံး GAMES