Farm Fable

0% COMMUNITY SCORE
LOADING...
RATE:


          Playstore မှာ နိုင်ငံကန့်သတ်ထားတော့ လူသိနည်းနေတဲ့ Farming game ကောင်းလေးပါ။ Admin အနေနဲ့ ပြောရရင် သဘောကျတာထက်ကို အားရမိတယ်။ စဆော့တုန်းကတော့ Gameplay က မိုက်ပေမယ့် Graphic ကြီးက သိပ်အားမရဘူးဆိုပြီး ပြောခါရှိသေး Setting ထဲက Performance မြှင့်လိုက်တော့ လုံးဝ လန်ပြန်ထွက်နေတာပါ။ Graphic တင်ဘဲလားဆိုတော့ မဟုတ်သေးပါဘူး Online စနစ်နဲ့ တခြား ကစားသမားတွေစီပါ အိမ်လည်သွားလို့ရပါတယ်။ 


           Game က Farming ဆိုတဲ့တိုင်း သီးနှံစိုက်၊ မွေးမြူရေးတွေ အစုံလုပ်ရတာပေါ့။ ဒါပေမယ့် ပိုသဘောကျတာက Farming ပုံစံကို သဘာဝကျအောင်လုပ်ပေးထားပြီး နို့ချက်တာ ၊ ပေါင်မုန့်ဖုတ်တာတွေကစ အလုပ်ရုံပုံစံလေးတွေ ထပ်ဆောက်ပေးရတာပါ။ ဒါတင်ဘဲလားဆ်ိုတော့ မဟုတ်ပါဘူး ကိုယ့်ရဲ့ လယ်ကွက်နဲ့ ခြံတွေကို ထပ်ပြီး တိုးချဲ့လို့ရသလို လယ်ကွက်အကုန်ပိုင်သွားရင် Open World လို Big Map ကြီးနဲ့ ကျွန်းတစ်ခုလုံး ပိုင်ဆိုင်ရမှာပါ။ အလောက်ဘဲလားဆိုတော့ မဟုတ်သေးဘူး။ တခြား Player တွေရဲ့ Map တွေကိုလည်း သွားရှိုးလို့ရသေးတယ်။ 




           Game က သူငယ်ချင်းတွေနဲ့အတူ ကစားလို့ရပြီး လုပ်ငန်းတွေပါ ကူပေးလို့ရပါတယ်။ ငါးမြှားတာတွေ ကောက်ရိတ်တာတွေအစုံပေါ့ ။ ပြီးတော့ ဒီ Game က City Built တွေလို ကိုယ့်နယ်မြေကို အလှဆင်လို့ရသေးတယ်။ ပြီးတော့ ရွာငယ်လေးကလည်း သက်သက်ထည့်ပေးထားသေးတယ်။ 




           Graphic ကတော့ အတော်သဘောကျစရာကောင်းတဲ့ Game ပါ။ Weather Simulation တွေပါ သေချာဖန်တီးပေးထားပြီး မိုးရွာတာ၊ နှင်းကျတာတွေကစ နေ့/ည ပုံစံနဲ့ ကစားသူကို သဘာဝကျကျ ခံစားမိစေမှာပါ။ ပြီးတော့ Reflection တွေကလည်း Strong ဖြစ်သလို သစ်ပင်တွေ၊ မြက်ပင်တွေကစ တကယ် အတော်လှတဲ့ Game ကောင်းပါ။ 




           ကဲ ဒါဆို ဘာလိုသေးလဲ။ အေးအေးဆေးဆေးနဲ့ သူငယ်ချင်းဘဲဖြစ်ဖြစ် ချစ်သူရည်းစားနဲ့ဘဲ ဖြစ်ဖြစ် ပျော်စရာကောင်းတဲ့ အချိန်လေးတွေကို ဖန်တီးလို့ရတဲ့ Game ကောင်းလေးပါ။ Admin ကတော့ ကိုယ့်လယ်ကိုယ်စိုက်တာထက် သူများ လယ်တွေ သွားရှိုးတာနဲ့ကို အဆင်ကိုပြေလို့။ Farming သမားတွေ လက်မလွတ်သင့်ဘူးနော်။ 




===================

Android version = 5.0 +

Size = 322 MB

Type = Online

===========





Ready......
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...