Ocean Is Home Island Life Simulator
• ဒီ Game လေးက ထွက်လာတာ ၁ ပတ်ကျော်ဘဲရှိသေးပြီး အရင်က Ocean is Home Survival Island ဆ်ိုပြီး အတော်များများဆော့ဖူးကြမှာပါ။ အလွယ်ပြောရရင် အရင်က Game က Ocean Is Home 1 အခုက Ocean Is Home 2 လိုမျိုးပေါ့။ Open World ဖြစ်ပြီး Title သာပြောင်းသွားပေမယ့် Apk Name မှာတော့ Developer တွေက အဲအတိုင်း မှတ်ထားပေးတာပါ။
• အဲတော့ 2 မှာ ဘာတွေပြောင်းသွားလဲဆိုရင် ပုံစံအတော်ချိန်းပစ်လိုက်သလို ခံစားရတယ်။ အရင်က Zombie တွေကလွဲရင် လူသူမရှိတဲ့ ကျွန်းပေါ်မှာ Explore လုပ်ရတယ်ဆိုပေမယ့် အခု 2 မှာကတော့ ဦးလေးဖြစ်သူ နေခဲ့တဲ့ လူအရောက်ပေါက်နည်းတဲ့ ကျွန်းပေါ်မှာ သွားသောင်တင်ရမှာပါ။ အဲတော့ အရင်ကလိုတစ်ယောက်တည်းမဟုတ်တော့ဘဲ ကားတွေ၊ ရထားတွေ၊ အိမ်တွေ ၊ လူတွေ အကုန်လုံးကို တွေ့ရမှာပါ။ အရင်က Survival Game က အခုမှ ဘယ်လိုဖြစ်သွားတာလဲလို့ ထင်နေရင်တော့ မှားသွားနိုင်တယ်။
• ဘာလို့ဆို အရင်က ထွက်ခဲ့တဲ့ Title က Survival Island လို့ ထွက်ခဲ့တာဖြစ်ပြီး အခု နောက်ထွက်တဲ့ Title ကတော့ Island Life Simulation ဆိုပြီး ထွက်လာတာပါ။ အဲတော့ သူပြောတဲ့တိုင်း Life Simulation ပေါ့။ ဒါပေမယ့် တစ်ခု ဘဝင်မကျတာက ကိုယ့်ရဲ့ Character ကြီးက ဘောင်းဘီကလွဲရင် ဗလာကြီးပါ။ ဦးလေးရဲ့ ပစ္စည်းပိုတွေကလွဲရင် ပုံစံက လူရိုင်းလိုဖြစ်နေတယ်။ အဲတော့ ကျွန်းပေါ်လျှောက်သွားရင် အားလုံးက အဝတ်စားတွေ၊ ကားတွေနဲ့ သွားလာနေတဲ့အချိန်မှာ ကိုယ်က ဓားကြီးကိုင်ပြီး အုန်းသီးတွေ၊ ကျောက်တုံးတွေ လိုက်ရှာရမလိုဖြစ်နေတယ်။ နောက်ပိုင်း ပြည့်ပြည့်စုံစုံဖြစ်သွားရင်တော့ မပြောလိုပေမယ့် အခုဟာကတော့ ငပေါကြီးလို ကျွန်းထဲ Explore လုပ်ရမယ့် ကိန်းဖြစ်နေတယ်။ ဒါပေမယ့် သူ့ဟာနဲ့သူတော့ အဆင်ပြေနေတာဘဲ။
• Graphic က အရင် Game ကလို စိုစိုပြေပြေရှိပြီး Textures Resolution နဲ့ Color Boost လုပ်ထားတယ်လို့တော့ မြင်မိတယ်။ ဒါပေမယ့် ပေးရတဲ့ Size နဲ့တင် အကောင်းဆုံးလို့ ပြောလို့ရတယ်။ Game က လောလောဆယ် Bug လေးတွေ ပါနေသေးပြီး လမ်းသွားရင်း Setting ဖွင့်လိုက်ရင် ကိုယ့် Character ကြီးက ရပ်မသွားဘဲ ကပ်ပါသွားတာမျိုးတွေ တွေ့ရတယ်။ ပြီးတော့ သွားနေတဲ့ လူ ဓားနဲ့ထိုးတာ သူက ဘာမှမဖြစ်ဘဲ ကိုယ်က အရှေ့ပိတ်မှ ကိုယ့်ကို ပြန်ထိတာမျိုးတွေ ဖြစ်နေတယ်။ Game ကိုက အဲအတိုင်းဘဲလား ဒါမှမဟုတ် Error များလားပေါ့။ သို့ပေမယ့် Developer တွေရဲ့ Reply တွေအရ နောက် Update မှာ အကောင်းဆုံးပြင်သွားမယ်လို့ သိရပါတယ်။ ပြီးတော့ အိမ်တွေဘာတွေ ဆောက်ခြင်ရင်တော့ MOD စောင့်ရင် စောင့်ကြည့်ကြဖို့ အကြံပေးပါတယ်။
=====================
- Android Version = 4.1 +
- Size = 113 MB
- Type = Offline
- Developer = Birdy Dog Studio
==========================
Download Link
*****************
============================
#Offline_HELLO, #Open_World_HELLO, #Survival_HELLO, #HELLOYDB
( Game အသစ်တွေကို နေ့စဥ်သိဖို့တွက် See First လုပ်ဖို့ မမေ့နဲ့နော် 😉 )
Comments