Otherworld Legends



             မနေ့ညကမှ Official ထွက်လာပြီး Pixel ကြိုက်တဲ့သူတွေတွက်တော့ လုံးဝကို လက်မလွတ်သင့်တဲ့ Game ကောင်းလေးပါ။ Game က Action-roguelike အမျိုးစားဖြစ်ပြီး ကြမ်းကြမ်းတမ်းတမ်းနဲ့ Fast Hit တွေကို သဘောကျရင်တော့ လုံးဝအကြိုက်ဖြစ်စေမယ့် Game ပါ။ Gameplay ပိုင်းလည်း အားသာသလို Art အပိုင်းကော Animation အပိုင်းတွေပါ ဆွဲဆောင်စေတဲ့ Game မျိုးပါ။ 


            ဆွဲဆောင်ဆို Game က Hand-drawn ဆွဲထားတာဖြစ်ပြီး Frame by frame ထိ Detail ဖန်တီးထားတဲ့ Game ကောင်းလေးပါ။  Character 5 ယောက်ထိပါဝင်ပြီး တစ်ယောက်ခြင်းစီတိုင်းမှာ မတူညီတဲ့ Ability နဲ့ အားသာချက်တွေရှိပါတယ်။ ပြီးတော့ Background Story ကလည်း ကိုယ်စီပေါ့။ 


             ဒီ Game ရဲ့ Main ဇာတ်လမ်းကတော့ သင်က Asurendra ရဲ့ ဆင့်ခေါ်ခြင်းကို ခံခဲ့ရပြီး တခြား အချိန်တစ်ခုက ကမ္ဘာတစ်ခုစီကို ရောက်လာခဲ့တာပါ။ အဲတော့ ဘာကြောင့် ဒီကို ရောက်လာခဲ့တာလဲ ? နောက်ကွယ်က ဘယ်လိုအမှန်တရားမျိုးက ဒီနယ်မြေတွေရဲ့ အမှောင်တွေကြားမှာ ပျောက်ကွယ်နေလဲဆိုတာကို ကိုယ်တိုင်ရှာဖွေ စွန့်စားရတော့မှာပါ။ 


              Game က အစပိုင်းကတော့ ခက်တယ်လို့ထင်ရတယ်။ Map ကလည်း ကျပန်းပြောင်းနေတာဆိုတော့ Battle ဝင်လိုက်တိုင်း အခန်းတွေက ကြိုမှန်းလို့မရဘူး။ ပြီးတော့ ကံကောင်းရင် Treasure Box အခန်းနဲ့ တိုးနိုင်ပြီး ကံမကောင်းရင်တော့ ရန်သူများတဲ့ Main အခန်းထဲ တိုးနိုင်တယ်။ ​ပြီးတော့ Item Shop လို အခန်းတွေပါ ထည့်ပေးထားသေးတယ်။ မေ့နေတာ ဒီ Game မှာ လျှိုဝှက် အခန်းတွေပါပါသေးပါတယ်။ ​အကြံပေးရရင်တော့ မျက်စိမလျှမ်းစေနဲ့ပေါ့။ ဘာလို့ဆို တစ်ခါလေ အဲလိုခန်းကနေ ပစ္စည်းကောင်းဖြစ်ဖြစ် စိန်ဖြစ်ဖြစ် အတော်ရတတ်တယ်။ 


              ဒီ game ရဲ့ Enemy ဒီဇိုင်းတွေကို သဘောကျတယ်။ ပုံစံကိုယ်စီနဲ့ ဒုက္ခပေးနိုင်တဲ့ Spell တွေက ကိုယ်ပျောက်တာတွေ၊ ကိုယ့်ကို သရဲဝင်ဆွဲတာတွေထိ Slow Effect ၊ Damage Effect ၊ Poison Effect တွေထိ သေချာလေးဖန်တီးထားတာပါ။ အဲဒါကိုမှ Fast Hit နဲ့ ဗြင်းရတာဆိုတော့ အရမ်းအားရစရာကောင်းသလို Movement နဲ့ ချိန်ပြီး  Skill လည်းသုံးရတော့ ဆော့ရတာ Gameplay နဲ့တင် တန်နေပါပြီ။ ပြီးတော့ အခန်းများလာရင် Boss တွေနဲ့ တွေ့တတ်တယ်။ အဲကြရင် သူတောင်းတဲ့ ပိုက်ဆံပေးပြီး ကျော်လိုက်လို့ရသလို မပေးဘဲနဲ့လည်း စိန်ခေါ်လို့ရပါတယ်။ စိန်ခေါ်တာကို ပိုကောင်းမယ်ထင်တယ် ဘာလို့ဆို Item အကောင်းစားတွေရတယ်။ Box တွေ Boss တွေစီက ရတဲ့ Item  တွေက ကိုယ့်ကို ဘယ်လောက်ထိ support ပေးလဲဆိုရင် သေသွားတဲ့ ရန်သူကို ကိုယ့်ဘက်က တပ်သားအဖြစ်နဲ့ ပြန်ခိုင်းလို့ရတဲ့ထိ ကြမ်းပါတယ်။ တကယ်လို့ Item ပိုနေရင်တောင် ချက်ခြင်း ရောင်းခဲ့လို့ရတယ်။ 


              ချုံပြီးပြောရရင် Game က ကစားသူကို လုံးဝ မပျင်းစေဘူး။ အခန်းရောက်လာတာနဲ့အမျှ Enemy အသစ်ဆန်းတွေ  ကြုံရပြီး ပိုပိုပြီးလည်း Challenge ဖြစ်လာတဲ့ Game ပါ။ ဒီ Game မှာ Admin မထင်ထားတဲ့ အချက်လေး တွေ့လိုက်မိသေးတယ်။ တကယ်လည်း ရယ်ရသလို တော်တော်လေးလည်း သဘာဝကျပြီး အူတက်မိတယ် ။ အဲဒါက ဘာလဲဆိုရင် Shop အခန်းမှာ စောင့်နေတဲ့ ကောင်လေးပါ။ ကိုယ်က ဝယ်စရာ Gold မလောက်တော့ သူ့နားသွားပြီး ချတဲ့ ခလုပ်ကို မှားနှိပ်မိတာပေါ့။ အဲမှာ သူက ကိုယ့်ကို ပြန်ချပြီး အောင်မယ် သူက Forward Skill တွေနဲ့ ဆက်တိုက် Hit ဖြစ်အောင်ကို ထိုးတာ။ 
 


               သွေး ၅ တန်းတောင်ပါပြီး သူချကိုယ်ချနဲ့ နောက်ဆုံး သူမှောက်သွားတယ်။  အဲမှာ သူ့စီက အရမ်းအသုံးဝင်တဲ့ Item တွေ ရလိုက်တယ်။ ဘာလို့ဆို သူ့ Item က Boss မှာ 2 life နဲ့ Survive ဖြစ်ခဲ့တာကို ။ အဲတော့ အဲကောင်လေးကို ကျေးဇူးတင်တာပေါ့။ ဒါပေမယ့် အဖြစ်ဆိုးခြင်တော့ အဲကောင်လေးက နောက်အခန်းတွေမှာ Shop လာ မရောင်းတော့ဘူး။ စာလေးရေးပြီး အနားယူမယ်ဆိုပြီး ကြွသွားတော့တာ။ အဲတော့ Item ငတ်တာပေါ့။ ဒါက Admin သိသလောက်ပါ နောက်ထက် ဘယ်လို အသစ်ဆန်းတွေပါအုန်းမလဲဆိုတာ ကိုယ်တိုင်ဘဲ ရှာဖွေကြည့်တော့။ ပြီးတော့* Best Mobile Game Nominee * ရထားတဲ့ Game နော်။ 


===================

Android version = 5.0 +

Size = 146 MB

Type = Offline

=============




=============

Ready......

Related Posts

  • Mortal Kombat X •          ဒီ Game က အတော်များများသိပြီးသားဖြစ်သလို Mobile ပေါ်မှာလည်း ရေပန်းစားခဲ့တယ်ဆိုတာ မမှားပါဘူး။ အခုလက်ရှိ နောက်ဆုံးထွက် Versio… Read More
  • Otherworld Legends             မနေ့ညကမှ Official ထွက်လာပြီး Pixel ကြိုက်တဲ့သူတွေတွက်တော့ လုံးဝကို လက်မလွတ်သင့်တဲ့ Game ကောင်းလေးပါ။ Game က Action-roguelike အမျိုးစားဖြစ်ပြီး ကြမ်းကြမ်းတမ်းတမ်းနဲ့ Fa… Read More
  • Eopue Battle          ဒီနေ့ဘဲ Beta version ထွက်လာတာဖြစ်ပြီး Mafia သဘောကျတဲ့လူတွေတွက်တော့ အကြိုက်တွေ့စေမယ့် Game တစ်ခုပါ။ Game က အခုမှ Test အဆင့်ဘဲရှိသေးတာဆိုတော့ အားရတဲ့ အပိုင်းတွေလည်းရှိသလို … Read More
  • Brawlhalla Mobile        ဒီ game က Steam , Xbox, Nitendo Switch နဲ့ PS4 တို့မှာ အသီးသီးထွက်ခဲ့ပြီး ဒီတစ်ခါတော့ Mobile ပေါ်ရောက်ရှိလာပါပြီ။ တကယ်ကို ပျော်စရာကောင်းပြီး ဆော့ရတာ ဆွဲဆောင်မှုရှိတဲ့ Game … Read More
  • Kick King       ဟိုအရင်က ပါးချတဲ့ GAME တင်ပေးပြီးသွားပြီဆိုတော့ ဒီတစ်ခါတော့ ဖင်ချရမယ့် Game ကို ထပ်တင်ပေးလိုက်ပါတယ်။ ချတာ မှ သိုင်းကွက်တွေထုတ်ပြီး Doctor Strange လို မှေ… Read More

Comments

လူကြည့်အများဆုံး GAMES