LATEST NEWS

Fetching news...

Royal Trouble

Royal Trouble

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS:


             ဒီ Game က Adventure အမျိုးစားလေးဖြစ်ပြီး တကယ်ကို အထိမခံ တော်ဝင်နွယ်နှစ်ယောက်နဲ့တင် အတော်စိတ်ဝင်စားစရာကောင်းပါတယ်။ Game က တော်ဝယ်နွယ်နှစ်ယောက်လုံး အနေနဲ့ကစားရမှာပါ။ တစ်ယောက်က မင်းသား Nathaniel ဖြစ်ပြီး နောက်တစ်ယောက်က မင်းသမီး Loreen ပါ။ နှစ်ယောက်လုံးက ဘုရင့်မျိုးနွယ်တွေဖြစ်ပြီး တစ်နည်းနည်း အကျဥ်းထောင်ထဲမှာ ဖမ်းခံခဲ့ရပါတယ်။ 




             သတိပြန်ရလာတဲ့ချိန်မှာတော့ နှစ်ယောက်လုံးဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လွတ်အောင် ကြံဖန်ကြပြီး လွတ်ဖို့ရာလုပ်ခါမှ နှစ်ယောက်သား ထိပ်တိုက် တွေ့ပါလေရော။ ပိုဆိုးတာက တစ်ယောက်နဲ့ တစ်ယောက် မသိတဲ့အပြင် တစ်ယောက်နဲ့တစ်ယောက်ကပါ သိပ်မယုံခြင်ကြပါဘူး။ အထူးသဖြင့် မင်းသမီးဖြစ်တဲ့ Loreen က သူမမှာ သော့ပါတာတောင် မပါဘူးဆိုပြီး မာယာသုံးလိုက်ပါတယ်။ မင်းသားကလည်း အဟုတ်မှတ်ပြီး သော့သွားရှာခါမှ Loreen က စက်ဖွင့်ပြီး တက်ပါလေရော။ အဲမှာ စက်ချို့ယွင်းပြီး ရပ်သွားတော့ မင်းသမီးတစ်ယောက် စက်ပေါ်မှာတင် တန်းလန်းကြီးဖြစ်သွားတာပေါ့။ အဲမှာ မင်းသားက သူ့ကို လှည့်စားပါတယ်ဆိုပြီး အပေါ်ရောက်ခါကြမှ မင်းသမီးကို ကယ်မလိုလိုနဲ့ ထွက်ပြေးပါလေရော။ ပြောရရင် ဘဲစားဘဲချေပေါ့။ နောက်တစ်ခါ သင်္ဘောပေါ်မှာ ပြန်စုံကြတော့ မင်းသမီးက မင်းသားမြင်တော့ တင်းတာပေါ့။ အဲမှာ မင်သားက မလာနဲ့ပြောတာကို အတင်းလာတော့  နှစ်ယောက်လုံး အဲမှာ နောက်ထပ်ဖမ်းမိခံရပြန်ရော။ ဒီလိုဆို သူတို့နှစ်ယောက် အချင်းချင်း  ဘယ်လိုလွတ်အောင်လုပ်ပြီး ပြန်သင့်မြတ်သွားကြမလဲ ? နှစ်ယောက်လုံးကလည်း တော်ဝင်နွယ်တွေဆိုတော့ သူတို့ကို ဖမ်းထားရတဲ့ အကြောင်းရင်ကကော ဘာကြောင့်ဖြစ်နိုင်မလဲ ?နောက်ပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကကော မိတ်ဆွေတွေထက်ပိုသွားမလားဆိုတာကိုတော့ ကိုယ်တိုင်ဘဲ ဆော့​ကြည့်တော့နော်။ 






              GAME က တော်ဝင်ဆန်ဆန် စကားမြင့်လေးတွေ တွေ့ရမှာဖြစ်သလို နှစ်ယောက်လုံးကလည်း တကယ့်ဟာတွေပါ။ ဗိုက်စာတာတောင် မုန့်မှာ ခရင်းဇွန်းမပါလို့ ထပ်ရှာရတဲ့ထိဆိုတော့ တွေးသာကြည့်လိုက်တော့။ Game က Puzzle လေးတွေလည်း စိတ်ဝင်စားဖို့ကောင်းသလို တွက်ချက်တာထက် စိတ်ထင်ရာလုပ်မိလောက်အောင် ခေါင်းစားနိုင်တယ်။ Hint လေးတွေ သုံးလို့ရတော့ အဆင်ပြေကြမှာပါ။ Admin ကတော့ No Hint ပါ။ ပြီးတော့ Full version ဆိုတော့ စိတ်အေးအေး ဆော့လို့ရပါတယ်။ 


Zip ဖြည်ပြီးရင် Apk ကို Install တင်လိုက်ပါ။ ပြီးရင် ဖိုင်ကို Android ထဲက Obb ထဲကို ရွေ့ပေးရုံနဲ့ Game ထဲဝင်ပြီး ဆော့လို့ပါပြီ။ 

Install တင်နည်း
=============
https://m.facebook.com/story.php?story_fbid=144045180584641&id=100049374783968

===================

Android version = 4.2 +

Size = 230 MB

Type = Offline

============


Ready......
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...