Seven Knights 2
• ဒီ Game က Mobile တွက်တော့ တကယ်ကို Hot ဖြစ်လွန်းပါတယ်။ South Korea မှာတော့ Pre-Download ဖွင့်ပေးအပြီး ၄ နာရီအကြာမှာတင် Popular စာရင်းဝင်ခဲ့တာပါ။ ပြောရရင် Netmarble က ဟိုအရင် ထွက်ခဲ့တဲ့ Seven Knights မှာလည်း လူကြိုက်များခဲ့သလို အခု Seven Knights 2 မှာလည်း အတော်ကြီးကို အားစိုက်ထားတာပါ။ ၆ နှစ်အကြာမှာ ထွက်လာတဲ့ Seven Knights 2 က MMORPG Game တစ်ခုဖြစ်ပြီး Graphic ပိုင်းမှာလည်း Mobile တွက် Nex-Generation Quility Game တစ်ခုပါ။
• လောလောဆယ် Korea Version သာ ရသေးတာဖြစ်ပြီး Admin ကတော့ English Version ထွက်လာဖို့ မျှော်လင့်မိတယ်။ Game က Auto တွေပါပေမယ့် Admin သဘောကျတယ်။
• ဘာလို့ဆိုတော့ Netmarble က ဒီ Game ကို Cinematic အပိုင်းတွေကစ Game တစ်ခုလုံးကို Movie ကြည့်နေရသလို ဖြစ်စေရမယ်လို့ ပြောခဲ့ကတည်းက အရမ်းစိတ်ဝင်စားမိတာပါ။ အခုထွက်လာတော့ တကယ်သဘောကျတယ်။ Dialog အကုန် Plot အကုန်လုံးကို နည်းနည်းမှမကျန် Voice Actor တွေနဲ့ Strong ဖြစ်အောင် လုပ်ပေးထားတာပါ။ အဲလိုပြောလို့ ပုံလေးတွေပြ အောက်က စာတန်းထိုးပြီး နောက်ခံသံနဲ့ ပေါင်းပြီး ဇာတ်လမ်းကို ဆွဲဆောင်တာမျိုးမဟုတ်ဘဲ တကယ်ကို Animation တွေကစ အသေးစိတ်ဖန်တီးပြီးမှ Player တွေကို Movie ကြည့်နေရသလို ဖြစ်အောင် ဖန်တီးပေးထားတာပါ။ အဲတော့ Story Strong မဖြစ်မှာကိုတော့ ပူစရာမလိုဘူး။ Language တိုင်ပတ်ရုံကလွဲရင် Cutscene ကြည့်ရုံနဲ့ နားလည်မယ့် ပုံစံမျိုးဖြစ်သွားပြီ။ မပူနဲ့ ဇာတ်လမ်းအစမှာတင် ကြက်သီးထပြီး စိတ်မကောင်းဖြစ်မိလိမ့်မယ်။
• နောက်တစ်ခုက Game ရဲ့ Graphic သုံးထားတာ အရမ်းကို ကောင်းလွန်းတယ်။ တခြား Mobile MMORPG တွေမှာလည်း လှတယ့်ဟာတွေရှိပေမယ့် ဒီ တစ်ခုကို ပ်ိုပြီးတော့သဘောကျတယ်။ ဘာလို့ဆိုတော့ Game က Graphic တအားကောင်းလွန်းလို့ Phone အမြင့်တွေမှ ရမယ်ဆိုတာမျိုးမဟုတ်ဘူး။ တစ်ချို့ GAME တွေဆိုရင် Phone မနိုင်ရင် Graphic ဘယ်လောက်ထိဘဲ တင်လို့ရမယ်ဆိုတာမျိုးတွေ ဒီ Game မှာမရှိဘူး။ Graphic Optimize အရမ်းကောင်းပြီး fps drop ရင်တောင် Resolution သင့်သလို ချိန်ရုံနဲ့ အဆင်ပြေတယ့် Game ပါ။ လေတိုက်တာတွေ၊ Reflection တွေက အရမ်းကြည့်ကောင်းတယ်။ နောက်ပြီး Admin ခံစားမိတာတစ်ခုက ဒီ Game ရဲ့ တစ်ချို့ Location တွေဆိုရင် Horizon Zero Dawn ကိုတောင် ပြေးမြင်မိတယ်။ ပြီးတော့ ဒါက Admin အမြင်နော် ဘယ်သူကိုမှ မထိခိုက်စေခြင်ဘူး။
• Gameplay အနေနဲ့ကတော့ တခြား MMORPG တွေနဲ့ နည်းနည်းကွဲပြီး mmorpg မစစ်သလိုတောင် ခံစားမိတယ်။ Character Customize မပါဘဲ အရင်က ထွက်ခဲ့တဲ့ Seven Knights အတိုင်း Hero အများစု ပြောင်းထုတ်ထားတာဆိုတော့ Role တွေကတော့ သူ့ဟာနဲ့သူ တစ်သတ်မှတ်ထဲလာတာပါ။ စစခြင်း ကတည်းက Main Character တစ်ဦးတည်းဖြစ်ပြီး နောက်ပိုင်း ဆော့ရင်းဆော့ရင်းနဲ့မှ Heros အသစ်တွေကို ထပ်တွေ့ရမှာပါ။ Game က RPG တင်မဟုတ်ဘဲ Strategy ပုံစံဖြစ်တဲ့ Team Fight တွေပါ တွေ့ရမှာပါ။ ပြောခြင်တာက တခြား MMORPG တွေဆိုရင် တစ်ကောင်တည်းကိုင်ရတာဖြစ်ပြီး ဒီ Game မှာတော့ Team Role အနေနဲ့ 4 ယောက်ထဲကမှ ကြိုက်တဲ့ အကောင်ကို ဆွဲကိုင်လို့ရတယ်။ အရင်ကလို Alone Fight မဟုတ်ဘဲ Team Fight ကို ကိုယ်က ထိန်းချုပ်ရမှာပါ။ ဒါက နည်းနည်း အမြင်ဆန်းစေသလို ဆော့ရတာလည်း Hero အသစ်ရတိုင်း Team ထဲထည့်ပြီး Pick လို့ရတော့ အစုံကိုင်ရတာပေါ့။
• အဲတော့ GAME က Story Good တယ် , Graphic Good တယ် , Customize မပါတာကလွဲရင် Character Body Detail တွေက အတော် Good တယ်။ Gameplay ကတော့ မဆိုးဘူးဆိုပေမယ့် Camera view အများကြီးပါတာတောင် သိပ် အားမရသလိုဘဲ။ နောက်ဆုံး အားလုံးသိခြင်နေတဲ့အရာဖြစ်တဲ့ ဒီ GAME က Pay To Win လားဆိုရင်တော့ Netmarble က ဒီ Game မှာ သုံးမျိုးဖမ်းထားတာပါ။ တစ်ခုက Gacha နောက်တစ်ခုက Battle Pass ကျန်တဲ့ နောက်ဆုံးတစ်ခုက Timed Value Packages တွေ ထည့်ပေးထားတာပါ ။ အဲတော့ သိလောက်ပြီထင်တယ်။
• ဒါပေမယ့် Admin အနေနဲ့ပြောရရင် ပိုက်ပိုက်သုံးတာ မသုံးတာ အသာထား။ သင်သာ Mobile Game ဆော့နေတဲ့သူဆိုရင်တော့ ဒီ Game ကို ဆော့ကြည့်သင့်တယ်။ ဘာလို့ဆို တခြား Game တွေလို Screen မှာ ဗောက်သောက် ရှုပ်ရှပ်ခက်အောင် ပြနေတာမဟုတ်ဘဲ အတတ်နိင်ဆုံး မြင်ကွင်ပိုရအောင် ချုံ့ပေးထားတာပါ။ ပြီးတော့ Mobile Game တစ်ခုလို့ မထင်ရလောက်အောင် Environment Graphic ကို တစ်ဝကြီး တွေ့ရလိမ့်မယ်။ ဒါတင်ဘဲလားဆိုတော့ အပေါ်ဆုံးကပြောခဲ့သလို Cinematic Cutscene တွေက သင့်ကို ဇာတ်ကားတစ်ခုကြည့်နေရလောက်အောင် ဖြစ်စေလိမ့််မယ်။ ပြောရရင် Auto တွေဘက် အားလျော့သွားတဲ့ Admin တောင် ဒီ Game မှာ စိတ်ပါလာတယ်။ အဲတော့ Admin ကတော့ Global ထွက်လာစေခြင်နေပြီ။ Auto သာမပါရင် ဘယ်လောက် ကောင်းတဲ့ Game ဖြစ်လိုက်မလဲ ? Developer တွေက 6 နှစ်ကြာမှထုတ်ပေမယ့် သူတို့ပြောတာက ဒီ Seven Knights 2 ကို 10 နှစ်ထိ အချိန်ယူခဲ့တယ်လို့ပြောတယ်။
⚠️ Game ထဲရောက်ရင် Download ဆွဲရတာ ပျင်းမှာစိုးလို့ Mini Game လေးတွေတောင် ထည့်ပေးထားသေးတယ်။ Game ထဲမှာ နောက်ထပ် ထပ်ဆွဲရမယ့် Size က 3.64 GB ထိရှိပြီး Total အနေနဲ့ကတော့ 4 GB နီးပါးထိ ရှိပါတယ်။ အဲကြောင့် ကိုယ့်ဖုန်းထဲမှာ 5 GB ဝန်းကျင်လောက် Storage လွတ်နေဖို့ လိုပါတယ်။ Download ပြီးတဲ့ထိ စောင့်ပါ မဟုတ်ရင် အစက ပြန် Download လုပ်နိုင်ပါတယ် ⚠️
=====================
- Android Version = 7.0 +
- Size = 89 MB
- Total Size = 4 GB
- Type = Online
- Developer = Netmarble
=====================
Download Link
*****************
============================
#Online_HELLO, #MMORPG_HELLO, #HELLOYDB
( Game အသစ်တွေကို နေ့စဥ်သိဖို့တွက် See First လုပ်ဖို့ မမေ့နဲ့နော် 😉 )
Comments