The Academy

0% COMMUNITY SCORE
LOADING...
RATE:


          Puzzle Game တွေမှာ လူကြိုက်များတဲ့ Faraway Series ကိုထုတ်တဲ့ Developer တွေဟာ မနေကတင်ဘဲ Adventure Game သစ်ကို ဒီဇိုင်းသစ်နဲ့ Suprise လုပ်သွားပါတယ်။ Game က တခြား Puzzle တွေနဲ့ ကွဲနေပြီး Academy ကျောင်းတစ်ခုကို အခြေခံထားတာပါ။ 


          ဒီ Game မှာ ပိုသဘောကျစေမှာက ကျောင်းကြီးတစ်ခုလုံးကို Explore လုပ်လို့ရတာပါ။ ဘယ်သွားသွား ကိုယ်သွားခြင်တဲ့နေရာကို စိတ်ကြိုက်သွားလို့ရတယ်။ Game က Quest တွေပါပြီး ဒီကျောင်းကြီးမှာ အတူတူတက်နေကြတဲ့ သူငယ်ချင်းအချို့ရဲ့ အခက်ခဲတွေကိုလည်း လိုက်ဖြေရှင်းရတတ်တယ်။ ပိုဆန်းသစ်သွားတာက အရင်က သမိုင်းဝင်Puzzle ဆန်ဆန်တွေ တွေ့ရပေမယ့် ဒီ Game မှာတော့ Modern Puzzle တွေ Modern Task တွေပါ ပါလာပါပြီ။ 



           ပြောရရင် ဒီ Game ဆော့မှ Admin တောင် ကျောင်းစာပြန်ကြည့်နေရသလိုဘဲ။ လွယ်လွယ်လေးနဲ့ ခက်သလိုလုပ်ထားပြီး အခွင့်ရေးကလည်း ၁၀ ခါဘဲပေးထားတယ်။ Game က အဓိကကတော့ ဒီကျောင်းကြီးရဲ့  သမိုင်းဝင် ပဟေဠိကို သင်ကော သင့်သူငယ်ချင်းတွေပါ ရှာတွေ့ခဲ့တာပါ။ အဲတော့ ဒီကျောင်းကြီးရဲ့ နောက်ကွယ်က အကြောင်းတွေကို သိရအောင် သင်ကိုယ်တိုင်ကဘဲ ရှာဖွေဖော်ထုတ်ရတော့မှာပါ။ 




            Game က ဇာတ်လမ်းကို Detail ပြောခြင်ပေမယ့် Intro တွေ Cutscence တွေမှာတင် Bug လေးတွေဖြစ်နေတော့ တိတိကျကျမသိလိုက်ရဘဲ ကျော်မိသွားတယ်။ နောက်ပြီး ထွက်ထားတာမကြာသေးတော့ ဒီ Game က လိုအပ်ချက်အနည်းငယ် ရှိသေးပါတယ်။ Chapter 1 သာ Free ပေးထားပေမယ့် နောက် Chapter တွေကတော့ ပိုက်ပိုက်ပေးဝယ်ရမှာပါ။ အဲတော့ Full version စောင့်ခြင်ရင်လည်း စောင့်ကြပါ။ 


===================

Android version = 6.0 +

Size = 700 MB

Type = Offline

============



Ready...
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...