Astracraft

0% COMMUNITY SCORE
LOADING...
RATE:


•         မနက်ကမှ Server ဖွင့်ပေးလိုက်တဲ့ ဒီ game လေးက ဖန်တီးနိုင်စွမ်းရှိတဲ့ လူတွေအတွက် အရမ်းအရမ်းကို သဘောကျကြမှာပါ။ Netease ရဲ့ ထုတ်သမျှ Game တွေထဲက အကောင်းဆုံးတစ်ခုဖြစ်ပြီး စိတ်ကူးယဥ် ဖန်တီးနိုင်စွမ်းရှိတဲ့သူတွေအတွက် မဆော့မဖြစ်ကို ဆော့ကြည့်သင့်ပါတယ်။ 



•        မှတ်မှတ်ရရပြောရရင် ဟိုးအရင်က Angry Bird ရဲ့ ဥတွေကို ခိုးဖို့တွက် ဝက်တွေက ပစ္စည်းပေါင်းစုံနဲ့ ယာဥ်တွေဆောက်ခဲ့တဲ့ Game လေးကို မှတ်မိကြမှာပါ။ Platform Game ဆိုပေမယ့် Player တွေရဲ့ ဖန်တီးနိုင်စွမ်းကို အသားပေးထားတာကြောင့် အရမ်းသဘောကျစရာကောင်းတယ်။ အခုတော့ Netease ရဲ့ Astracraft ကြီးက Player တွေရဲ့ ဖန်တီးနိုင်စွမ်းကို ထပ်ပြီး စိန်ခေါ်လိုက်ပါပြီ။




•         ဒီ Game တစ်ခုလုံးက ကိုယ့်ရဲ့ ကိုယ်ပိုင် Idea တွေနဲ့ အကုန် ပြင်ဆင်လို့ရပြီး ယာဥ်တွေ၊ Map တွေကစ စိတ်ကြိုက် ဖန်တီးလို့ရတယ်။ ယာဥ်တွေ ဖန်တီးလို့ရတယ်ဆိုတဲ့အပိုင်းမှာက သာမန်ဆော့ကြည့်ရုံနဲ့  item ၊ Engine နဲ့ Weapon စနစ်တွေကို နားလည်နိုင်မှာမဟုတ်ပါဘူး။ ယာဥ်တစ်စီးအတွက် သယ်နိုင်တဲ့ ဝန်ပမာဏကို သတ်မှတ်ပေးထားပြီး ဘယ်လောက် ပစ္စည်းတွေ သယ်သယ် ကိုယ့်ရဲ့ ဖန်တီးနိုင်စွမ်းကလည်း ပေါ့ပေါ့ပါးပါးနဲ့ လေးလေးနက်နက် တည်ဆောက်နိုင်ဖို့ လိုပါသေးတယ်။





•          ဘယ်လောက်ထိ စိတ်ဝင်စားစရာကောင်းလဲဆိုရင် EMP Weapon တွေ၊ Quantum စနစ်သုံးထားတဲ့ လက်နက်ဆန်းကြီးတွေကစ စုံနေအောင် တွေ့ရမှာပါ။ ဒါတင်မကဘဲ ကြိုးဆွဲစနစ်တွေ၊ illusion ပုံရိပ်ယောင်ပြတာတွေ နောက်ထပ် အမိုက်ဆုံးကတော့ ယာဥ်တစ်ခုလုံးကို ကိုယ်ဖျောက်လို့ရတဲ့ စနစ်တွေကစ ထည့်ပေးလို့ရပါတယ်။ အဲတော့ သေချာတာကတော့ တပ်ခြင်တာတွေ များလွန်းလို့ Creation ပိုင်းမှာတင် အချိန်ကုန်နေမှာသေချာတယ်။ 





•         Admin ဆိုရင် ပွဲကသာ စနေတာ ကိုယ်က ယာဥ်တစ်စီးဆောက်နေတာကို တော်တော်နဲ့ မပြီးဘူး။ အဲတော့ ဖြစ်နိင်ရင် Gameplay Mode တွေထဲမဝင်ခင် သက်ဆိုင်ရာ အဆင်ပြေမယ့် ယာဥ်တွေကို ကြိုဖန်တီးထားစေခြင်တယ်။ Sandbox Game ဆိုတော့ Gameplay က အများဆို အများကြီးပါ။ Survival တွေကော BR ဆန်တဲ့ Mode တွေကော၊ နောက်ပြီး ပျော်ပျော်ပါးပါး ဘောလုံးကန်တာတွေ၊ Basketball ဆော့တာတွေကစ သူငယ်ချင်းတွေနဲ့အတူတူ ဆော့လို့ရတယ်။ ပြီးတော့ ကားပြိုင်တာတွေကော ပါသေးတော့ Gameplay က ရိုးသွားမှာကို မဟုတ်ဘူး။ 





•        Admin ကတော့ ဒီလို ကိုယ်ပိုင်ဖန်တီးခွင့်ပေးထားတဲ့ Game တွေကို အရမ်းသဘောကျတယ်။ တခြား Player တွေနဲ့လည်း အပြိုင်အဆိုင်ဖြစ်သလို အခုလို Sci-Fi ဆန်တဲ့ Environment ကို ဖန်တီးပေးထားတော့ ပိုလို့တောင် သဘောကျမိတယ်။ Graphic Optimize ပိုင်းကစ ဖုန်းတိုင်းနီးပါး အဆင်ပြေပြေဆော့နိုင်တာကြောင့် ဖန်တီးခြင်တဲ့သူတွေတွက် လုံးဝလက်မလွတ်သင့်ပါဘူးနော်။





        🖤 ဘယ်သူပြောနိုင်မလဲ သင့်ရင်ထဲက ဖန်တီးနိုင်တဲ့ Idea တွေက ဘယ်လောက်ထိ ကျယ်ပြန့်နေမလဲဆိုတာ ? 🖤

=======================

[  Android version =  4.1 + ]

[  Size = 1 GB ]

[  Developer =  Netease ]

[  Type = Online  ]

==============






( သူငယ်ချင်းတွေပါ Game အသစ်တွေသိရဖို့အတွက် Like & Share လေး လုပ်ပေးခဲ့နော် )

#HELLOYDB
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...