Grim Tales Denstiny
• တစ်ခါလေ ကံကြမ္မာဆိုတာ ဆန်းကျယ်တတ်ပြီး သေမယ့်နေ့ကို လွဲချော်သွားခဲ့ပေမယ့် သေခြင်းတရားကို လွန်ဆန်လို့မရဘူးဆိုတာကို ဒီ Game မှာ တွေ့မြင်ရမှာပါ။ Alexander နဲ့ Natalia Gray ဆိုတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ ကံကြမ္မာမျက်နှာသာပေးမှုကြောင့် ပျက်ကျမယ့် လေယာဥ်ထဲကို ပါမသွားပေမယ့် တစ်နှစ်ကြာတဲ့အချိန်မှာတော့ ထူးဆန်းစွာနဲ့ ပျောက်ဆုံးခဲ့ပါတယ် ။ လေယာဥ်ချိန်မမှီလို့ ပါမသွားခဲ့တဲ့ အဲဒီလေယာဥ်ဟာ သူတို့နှစ်ယောက်ရှေ့မှာတင် ပေါက်ကွဲသွားခဲ့ပြီး လူပေါင်း ၁၅၈ ယောက်ထိ သေဆုံးခဲ့တာပါ။
• အဖြစ်ပျက်တွေအပြီး နှစ် ၂၀ ကျော်ကြာတဲ့ အချိန်မှာတော့ တူမဖြစ်သူ Jackie Gray က သင့်ကို အကူညီလှမ်းတောင်းပါတယ်။ Alexander နဲ့ Natalia Gray တို့ရဲ့ တစ်ဦးတည်းသော သမီးဖြစ်သူ Jackie Gray ဟာ သင့်မှာ ပိုင်ဆိုင်ထားတဲ့ စွမ်းအင်ကို အသုံးချပြီး သူမရဲ့ မိဘတွေကို ပြန်ကယ်စေခြင်တာပါ။ နှစ် ၂၀ ကျော်ကြာမှ အလောင်းကို ပြန်တွေ့ခဲ့တာကြောင့် မည်သူ မည်ဝါ သတ်ခဲ့တယ်ဆိုတာ သိဖို့တွက် သင့်ကို အတိတ်ကို ပြန်သွားခိုင်းပြီး ကံကြမ္မာကို ပြောင်းစေခြင်တာပါ။
• ပစ္စည်းတစ်ခုကို ထိလိုက်တာနဲ့ အဲဒီ ပစ္စည်းရဲ့ အတိတ်ကို ပြန်သွားလို့ရနိုင်တဲ့ သင်က လူသတ်သမားကို အတိတ်မှာ ဖော်ထုတ်ခဲ့ပေမယ့် ကံကြမ္မာက ပြောင်းမသွားခဲ့ပါဘူး။ လက်ရှိအချိန်ကို သင် ပြန်ရောက်လာတဲ့အချိန်မှာတော့ Jackie Gray ရဲ့ မိဘတွေဟာ လွန်ခဲ့တဲ့ ၁၉ နှစ်က တစ်စုံတစ်ရာကြောင့် ထပ်သေဆုံးပြန်ပါတယ်။ ပထမ အသတ်ခံရတာက လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကဖြစ်ပြီး ဒီတစ်ခါ သေဆုံးသွားတာက လွန်ခဲ့တဲ့ ၁၉ နှစ်ကပါ။ ဒီလိုနဲ့ ကံကြမ္မာကို ပြောင်းလေ တစ်နည်းနည်းနဲ့ သေဆုံးလေဖြစ်နေတဲ့ Jackie ရဲ့ မိဘတွေဟာ တကယ်ကို ကံတရားအရ သေဆုံးပေးရမှာလား ? လူတွေ မလုပ်သင့်တဲ့ ကံကြမ္မာစည်းဘောင်တွေကို ကျော်ပြီး ကြိုးစားနေတဲ့ သင့်အတွက်ကော ဘယ်လို မမြင်နိုင်တဲ့ စည်းမျဥ်းတွေ၊ ပုဂ္ဂိုလ်တွေက တားဆီးအုန်းမလဲဆိုတာ စိတ်ဝင်စားစရာကောင်းတဲ့ ဒီ Game မှာဘဲ ဆက်ဆော့ကြည့်လိုက်တော့နော်။
• Paid Game လေးဖြစ်ပြီး Puzzle Adventure ပုံစံဖြစ်တာကြောင့် ခေါင်းလည်းစားရင်း ဇာတ်လမ်းလဲ ကြည့်ရင်းဆိုတာမျိုးပါ။ Voice Actor တွေနဲ့ သေချာ ဖန်တီးထားတဲ့ Game ကောင်းလေးမလို့ English Listening တင်မကဘဲ Meaning တွေပါ ဗဟုသုတ ရစေမှာပါ။
======================
[ Android version = 4.2 + ]
[ Size = 600 MB ]
[ Developer = BigFish ]
[ Type = Offline ]
================
1 . Apk ကို အရင် Install လုပ်လိုက်ပါ။
2 . ပြီးရင် Zip ကို ဖြည်ပြီး ထွက်လာတဲ့ " com.bigfishgames.gttdgoogfull " ဆိုတဲ့ ဖိုင်ကို Android ထဲက Obb ထဲကို ရွေ့ပေးလိုက်ရုံနဲ့ ဆော့လို့ရပါပြီ ။
==========================
( 💜အပြင်ထွက်တိုင်း Mask တပ်ဖို့ မမေ့နဲ့နော် 💜)
#HELLOYDB
Discussion
0
You
Loading comments...






