Xtreme Motorbikes

0% COMMUNITY SCORE
LOADING...
RATE:


•               မကြာသေးခင်ကမှ ထွက်ထားတဲ့ ဒီ GAME လေးက ဆိုင်ကယ် Crazy တွေတွက် အရမ်းသဘောကျစေမှာပါ။ လုံးဝ Freestyle Game ဖြစ်ပြီး ဆိုင်ကယ်အမျိုးစားပေါင်း 25 စီး အထိ ထည့်ပေးထားပါတယ်။ ဆိုင်ကယ် အကုန်မစီးရမှာလည်း လုံးဝ ပူစရာမလိုပါဘူး ဘာလို့ဆိုတော့ Developer ကိုယ်တိုင်ကိုယ်က 300000 Coins ထိ ထည့်ပေးထားတာပါ။ Mod တောင် ပြေးရှာစရာမလိုဘူး။ 


•               ဒါ့အပြင် ဆိုင်ကယ်ကိုပါ Customize လုပ်လို့ရပြီး Smoke Effect နဲ့ မီးသီး တွေကစ Color ချိန်းလို့ရတော့ အရမ်းမိုက်တာပါ။ Texture တွေ ဘီးတွေရဲ့ Reflection နဲ့ Color ကိုပါ စိတ်​ကြိုက်ပြောင်းလို့ရပြီး Character တွေပါ ပြောင်းလို့ရပါသေးတယ်။ 




•               Game က Carrer Mode မပါပေမယ့် Open World ကြီးထဲမှာ စိတ်ကြိုက် လျှောက်ပတ်မောင်းရုံပါ။ ဒါပေမယ့် ရဲဖမ်းတာတွေပါ ထည့်ပေးထားတော့ NFS လို Feeling လဲ တွေ့ရမှာပါ။ Game က Map ထဲမှာ လျှောက်သွားရင်း ပျင်းနေရင်တောင် Parkour Trial တွေပါ ဝင်ဆော့လို့ရပါတယ်။ 




•              နောက်ထပ် ဒီ Game ကို ပိုသဘောကျသွားစေမှာက View နဲ့ Physics ပါ။ Camera View အနေနဲ့ Third Person တင်မဟုတ်ဘဲ First Person ကနေပါ မောင်းလို့ရပါတယ်။



•              Physics က သဘာဝကျအောင်သုံးထားပြီး နည်းနည်း တိုက်တာနဲ့ ဂျွန်းပစ်ကျမှာပါ။ သေချာတာကတော့ စတန့်ထွင်တာနဲ့ ခဏခဏ ပြုတ်ကျမှာပါ။ ဘာလို့ဆိုတော့ ရှေ့ဘီး၊ နောက်ဘီးတွေပါ ထောင်လို့ရပြီး အဲလိုစတန့်လုပ်နေတဲ့ အချိန်မှာလည်း Character ရဲ့ လှုပ်ရှားမှုက ပုံသေမဟုတ်ဘဲ သဘာဝကျကျ မတ်တပ်ရပ်တာတွေ၊ ဖင်ကြွတာတွေကစ တွေ့ရမှာပါ။ 






•             GAME က Rating လည်း ကောင်းသလို တကယ်လည်း ဆော့ပျော်တဲ့ Game တစ်ခုပါ။ အထူးသဖြင့် First Person နဲ့ မောင်းပြီး မှောက်တဲ့ အချိန်တွေဆိုရင် လူပါ တစ်ပတ်လည်သွားတဲ့မြင်ကွင်းတွေက သဘာဝကျတယ်။ 





ပြောရရင် ဒီ Game ထွက်မှန်းတောင် Admin မသိခဲ့ပါဘူး။ အခုလို Game ကောင်းလေးကို လာပြောပေးတဲ့ Fan ကို အထူးကျေးဇူးတင်ပါတယ်နော်။ 




==================

[  Android version = 5.0 +  ]

[  Size = 207 MB  ]

[  Developer = MehdiRabiee  ]

[ Type = Offline  ]

==============






( သဘောကျမကျကို ကြယ်လေးနိပ်ပြီး Rating ပေးသွားအုန်းနော် 😉 )

#HELLOYDB
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...