Misguided Never Back Home ( Demo )



•            ညဘက်ကြီးတင်ရတာကိုတော့ အားနာပေမယ့် ဒီ Game လေးကို Coming Soon အနေနဲ့ တင်ခဲ့တုန်းက မှတ်မိကြသေးလားမသိဘူး။ အများစုမျှော်လင့်ထားတဲ့ Horror Game လေးက အခုဆိုရင် Demo version ထွက်လာပါပြီနော်။ ပြောခြင်တာက Game က Demo ကိုမှ Lowest Device တွေထိ Support နိင်အောင် စမ်းသပ်တာပါ။ Final Version မဟုတ်သေးပါဘူး။ 





•           မင်မင်အထင်တော့ ဒီ Game က Dread Out ပုံစံမျိုးဘဲ။ အထူးသဖြင့် Indonesia Type ဖြစ်တာကြောင့် အနောက်နိုင်ငံက Game တွေထက်တော့ ပိုသဘာဝကျပြီး ပိုကြမ်းတယ်။ ပြောခြင်တာက သရဲတွေဘာတွေဆိုရင် Asia ကမှ တကယ် ယုတ္တိရှိတာသိကြမှာပါ။ အဲလိုဘဲ ဒီ Game မှာဆိုရင်လည်း  Asia ကျောင်းသူလေး တစ်ယောက်နေရာကနေ ဆော့ရမှာဖြစ်ပြီး သူငယ်ချင်းဖြစ်သူကို လိုက်ကယ်ပေးရမှာပါ။ 





•          Third Person View ကနေဆိုတော့ အတော်များများသဘောကျမယ်လို့ မြင်မိတယ်။ Game က Demo ဆိုတော့ ဘာမှတော့ သိပ်မပါပေမယ့် မဆိုးဘူးလို့ပြောလို့ရတယ်။ ပြီးတော့ သာမန် Developer ကနေ အားထုတ်ထားတာကြောင့် တအားကြီး မျှော်မှန်းထားလို့မရဘူး။ အဓိကက Story ပါလာမယ် ပြီးရင် Graphic က Final Version မှာ ဒီထက် ပို ကောင်းလာနိုင်တယ်။ ဘာလို့ဆိုတော့ အခု Version က ဖုန်းအနိမ့်ဆုံးထိဖြစ်တဲ့ Snapdragon 425 /Helio P22 ထိ စမ်းလို့ရတယ်လို့ပြောထားပြီး Ram အနေနဲ့လည်း 2 GB ထိဘဲ Requirement ပြောထားတာပါ။ 




•            အရင်က Leak လာတဲ့ ပုံတွေအရ Game က Texture ဒီထက် မြင့်နိုင်တယ်။ အထူးသဖြင့် အခု Demo version မှာဆိုရင် Character က Polish မဖြစ်သေးဘူး။ Bug သိပ်မတွေ့ရသလောက်ရှိပြီး Control ပိုင်းကတော့ Fix ဖို့လိုနေသေးတယ်။ ဒါပေမယ့် Demo မလို့ အများစုက နားလည်ကြသလို Rating အရလည်း Playstore မှာ အတော်ကိုသဘောကျကြတာ။ အဲတော့ Official ကို မျှော်ရင်း Demo လေးမှာ ရင်ခုန်ကြည့်လို့ရတာပေါ့။ Game က Environment သာ အရမ်း Dark ဖြစ်သွားရင် လုံးဝ ရှယ်ဘဲ။ 






======================

[  Android version = 5.1 + ]

[  Size = 300 MB ]

[  Developer = JEVO Games  ]

[  Type = Offline  ]

================

Download Link



==========================


( အင်တာနက်ပြတ်ရင် ဆော့ရဲ့လား 😳 ကင်းသမားတွေ 😏)

#HELLOYDB

Related Posts

  • Otherworld Legends             မနေ့ညကမှ Official ထွက်လာပြီး Pixel ကြိုက်တဲ့သူတွေတွက်တော့ လုံးဝကို လက်မလွတ်သင့်တဲ့ Game ကောင်းလေးပါ။ Game က Action-roguelike အမျိုးစားဖြစ်ပြီး ကြမ်းကြမ်းတမ်းတမ်းနဲ့ Fa… Read More
  • Ice Scream 2         IT တောင် Chapter 2 ထွက်သေးတာဘဲ။ Ice Scream လဲ လူကြိုက်များတော့ Episode 2 ထွက်လာပြီ။ အရင် version ထက် ပိုပြီး ကောင်းမွန်လာတယ်။ Ice Scream 1 တုန်းက … Read More
  • Ice Scream          ဒီ Game နာမည်က Ice cream မဟုတ်ဘူးနော် Ice Scream ။ ဘာလို့ ဒီ game လေးတင်ရလဲဆိုရင် ဆော့ရတာ တခြား Game တွေလို တစ်နေရာတည်းမဟုတ်လို့ပါ။ Horror game ဆိ… Read More
  • Parkour Extreme            ထွက်ထားတာ ၂ ရက်ကျော်ဘဲ ရှိသေးပြီး Parkour သဘောကျတဲ့သူတွေတွက်တော့ ဆော့ကြည့်သင့်တဲ့ game တစ်ခုပါ။ Game က တိုက်ပေါ်တွေမှာ ကျော်ခွ၊ ဂျွန်းပစ်ရတဲ့ Type မျိုးဖြစ်ပြီး Mission… Read More
  • Number 752         အရင်ဆုံး သတိပေးခြင်တာက တအားလန့်တတ်တဲ့သူတွေ၊ အစွဲလန်းကြီးတတ်သူတွေ လုံးဝ မဆော့သင့်ပါဘူး။ ဒီတစ်ခါတော့ နောက်တာမဟုတ်ပါဘူး တကယ်ပါ။ Mobile မှာ ထွက်တဲ့ Horror game အများစုက လူသေတွ… Read More

Comments

လူကြည့်အများဆုံး GAMES