Lara Croft GO

0% COMMUNITY SCORE
LOADING...
RATE:



°        ဒီ Game က စွန့်စွန့်စားစားဆော့ခြင်တဲ့သူတွေအတွက် အရမ်းသဘောကျစေမှာဖြစ်သလို ပဟေဠိလေးတွေနဲ့ အဖြေရှာရင်း Lara နဲ့အတူ တစ်ကိုယ်တော်စွန့်စားခန်းဖွင့်ရမှာပါ။ SquareEnix ရဲ့ Lara Croft Game တွေဟာ Action Type တွေများပေမယ့် ဒီ တစ်ခုကတော့ Adventure ကိုမှ Puzzle နဲ့ပေါင်းပေးထားတာပါ။ လုံးဝ ပျင်းစရာကောင်းတဲ့ Type မျိုးမဟုတ်ဘဲ အခန်းတိုင်းက လှည့်စားမှုများပြီး စိတ်လှုပ်ရှားစရာကောင်းမှာကတော့ အမှန်ဘဲ။



°         အစပိုင်းကတော့ ဟိုခုန်၊ ဒီခုန်နဲ့ သာမန်လို့ ထင်ရပေမယ့် နောက်ပိုင်းကြတော့ လှည့်ကွက်တင်မကဘဲ ကြက်သီးပါထလောက်တဲ့ Suprise တွေပါ ကြုံလာရတာပါ။ ဘာလို့ဆို လူနှစ်ယောက်ဖက်ထားလောက်တဲ့ လုံးပတ်ရှိတဲ့ မြွေကြီးက Lara နောက်ကို မထင်မှတ်ဘဲ လိုက်နေတာကြောင့်ပါ။ တခြားသူတွေတော့ မသိဘူး Admin တော့ အဲအခန်းမှာတင် မျက်လုံးပါ ပြူးတယ်။ တခြားအကောင်ဆို ဒီလောက်မဖြစ်ပေမယ့် အခုလို တောထဲက ကျောက်ဆောင်တွေကြားမှာ မထင်မှတ်ဘဲ တွေ့လိုက်ရတော့ ကိုယ်သာအဲနေရာဆိုရင် ကြက်သေသေနေမှာ အသေချာဘဲ။





°           ပြီးတော့ Graphic က Polygon အနုစိတ်ဆိုတော့ Shape ပုံစံတွေ မြွေခန္ဓာကိုယ်ရဲ့ ကြေးခွံအရောင်ပြန်တာတွေကစ သဘာဝကျလုနီးပါး သေသပ်တော့ လုံးဝ စိတ်လှုပ်ရှားစရာကောင်းတယ်။





°          ဒါ့အပြင် သေသပ်လွန်းလှတဲ့ Puzzle ရဲ့ အချိန်ကိုက်လှုပ်ရှားမှုတွေကလည်း Player တွေရဲ့ ဦးနှောက်ကို တစ်ပတ်လည်အောင် ရိုက်သွားမှာ သေချာပါတယ်။ ရိုးရိုးလေးနဲ့ ခက်နေသလို ရှင်းရှင်းလေးနဲ့ ရှုပ်သွားအောင်လည်း လှည့်စားထားတာပါ။ ပြောရရင် Puzzle မကြိုက်တဲ့ သူတွေတောင် ဒီ Game ဆော့ရင်း လုံးဝ သဘောကျစေမှာ အာမခံတယ်။ ကြားထဲမှာ Hidden Prize တွေကို ပြည့်အောင်ရှာနိုင်ရင်လည်း Suit အသစ်တွေကို ရအုန်းမှာပါ။ သေချာတာကတော့ Game တစ်ခုလုံးကို Hint မသုံးဘဲ ဆော့ဖို့ရတာဆိုတာ အတော်ခက်ပါတယ်။ ကောင်းတာက စာလည်းဖတ်စရာမလိုဘဲ သရုပ်ပြနဲ့တင် Game က အတော်ကို ဆွဲဆောင်စေတာပါ။ အဲတော့ Lara နဲ့အတူ စွန့်စားကြတာပေါ့။





======================

[  Android version = 4.1 +  ]

[  Size = 510 MB ]

[  Developer = Square Enix  ]

[  Type = Offline  ]

================

Download Link 


Apk ( 23 MB )


Obb ( 486 MB )


================


#HELLOYDB

WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...