Ni No Kuni Cross Worlds

          မကြာသေးခင်ကမှ ထွက်လာတဲ့ ဒီ Game က Korea အခြေစိုက် Netmarble ရဲ့ နောက်ထပ် ဖန်တီးမှုတစ်ခုဖြစ်ပြီး Unreal Engine 4 ကို  သုံးပေးထားတဲ့ MMORPG game တစ်ခုပါ။ လက်ရှိအချိန်မှာတော့ ဒီ Game က Japan, South Korea နဲ့ Taiwan မှာ ထွက်ပေးထားပြီး English Voice ပါ Support ပေးထားပါသေးတယ်။ အနည်းဆုံး English Listening ကောင်းရင် ဆော့ရတာ အဆင်ပြေတာပေါ့။ 
         ဒီ Ni No Kuni Series အကြောင်းကို မင်မင်လည်း သိပ်မသိပေမယ့် Mobile မှာ ဒါနဲ့ဆိုရင် သုံးခုတောင် ထွက်ထားပေးတာပါ။ နောက်ဆုံးထွက်တဲ့ အခု Cross Worlds မှာတော့ Soul Driver ကို အခြေပြုပြီး Ni No Kuni  ကမ္ဘာထဲကို သွားရောက် စွန့်စားရမှာပါ။ အဲလိုသွားရောက်တဲ့အချိန်ကြရင် AI မလေးဖြစ်တဲ့ Rania ကို အရင်တွေ့ရမှာဖြစ်ပြီး ဖြစ်ခြင်တော့ သင်သွားမယ့် အလှည့်ကြမှ Glitch ကြောင့် ပြဿနာ စတက်ကုန်တာပါ။
 Rania ကတော့ ပြန်လာခေါ်မယ်ပြောပေမယ့် နိုးလာတဲ့အချိန်မှာတော့ မီးလောင်နေတဲ့ မြို့တစ်ခုပေါ်ကို ရောက်နေပြီး ယောင်လည်လည်နဲ့ ဘုရင်မကို ကယ်ဖို့ရာ စတင်ခဲ့ပါတယ်။ Game က စိတ်ဝင်စားအောင် ဆက်ပြောလို့ရပေမယ့် Boycott လုပ်နေတဲ့သူတွေဆိုရင်တော့ ဒီ Game မှာ အချိန်ဖြုန်းလို့ အကောင်းဆုံးပါ။ ဇာတ်လမ်းကလည်း ဆွဲဆောင်သလို Listening Skill or Korea Language တောင် Game ကစားရင်း မြင့်တင်ရာရောက်ပါတယ်။ အဲ့တော့ Glitch ဖြစ်ရင်း  ရောက်သွားတဲ့ သင့်အနေနဲ့ Ni No Kuni World ထဲမှာ ဘာတွေဆက်ဖြစ်လာနိုင်မလဲ ?
          ဒီ Game မှာဆိုရင် Character classes အနေနဲ့ 5 ယောက်ထိပါဝင်ပြီး Destroyer, Engineer, Rogue, Swordsman နဲ့ Witch ဆိုပြီး စိတ်ကြိုက် ရွေးချယ်ခွင့်ရှိပါတယ်။ ဒါ့အပြင် တစ်ဦးခြင်းစီကိုလည်း သီးသန့် Customize လုပ်ခွင့်ပေးထားပြီး Body Shape ပြင်တာတွေကစ ထည့်ပေးထားတာပါ။ 
Game က Open World ဆိုပေမယ့် တစ်နေရာနဲ့တစ်နေရာ တစ်ဆက်တည်း ချိန်ဆက်ပေးထားတာမျိုးတော့ မဟုတ်ပါဘူး။ Level နဲ့ Rank ပေါ်မူတည်ပြီး Map အသစ်တွေ ဖွင့်ပေးမှာဖြစ်သလို တခြား Multiplayer ကစားနိုင်မယ့် Gameplay Mode တွေပါ တွေ့မြင်ရမှာပါ။ ဒီ Game မှာ ထူးခြားတာက Weapon စနစ်ဖြစ်ပြီး Ability မတူတဲ့ လက်နက်သုံးခုထိတောင် ကိုင်လို့ရတာပါ။ ဥပမာ - ဓားတစ်ချောင်းမှာ ရေဆိုရေ ၊ မီးဆိုမီးဆိုပြီး Effect သီးသန့်စီ ရှိပါတယ်။ အဲဒါကိုမှ ကိုယ်နဲ့ ရင်ဆိုင်ရမယ့် Monster ပေါ်မူတည်ပြီး Ability ကွင်းစက်ရဲ့ အားသာချက်အတိုင်း ပြောင်းကစားရမှာပါ။
             Graphic ကတော့ တကယ်ကို ကြည့်ကောင်းတဲ့ Game တစ်ခုဖြစ်ပြီး Mid Phone တွေတောင် High Setting နီးပါး ရုန်းနိုင်တဲ့ Game တစ်ခုပါ။ အထူးသဖြင့် Environment တွေ၊ Color Setting နဲ့ Shadow Lighting တွေကစ အတော်ကြည့်ကောင်းတာမျိုးကို တွေ့ရမှာဖြစ်ပြီး Voice Actors တွေကစ တစ်သားတည်းကျတာကို တွေ့ရမှာပါ။
 ကျန်တာကတော့ Mobile MMORPG ရဲ့ အများစုအတိုင်း Auto ပါမယ် Gacha ပါမယ်ပေါ့။ Quest က ဒီထဲမှာတော့ ကိုယ်လုပ်ခြင်တဲ့သူရဲ့ Quest ကို လွယ်လွယ်ကူကူနဲ့ ရွေးချယ်လို့ရပါတယ်။ Craft လုပ်တာတွေ ၊ Upgrade လုပ်တာတွေ နောက်ပြီး SNS ဆိုတဲ့ Social Network Feature တွေပါ ထည့်ပေးထားတာပါ။ ကျန်တာကတော့ မင်မင်လည်း ကိုယ်တိုင် မရောက်သေးတော့ အာမမခံနိုင်ပေမယ့်  ကိုယ့်ရဲ့ Colleagues တွေနဲ့အတူ Own Kingdom တွေပါ Develop လုပ်လို့ရတယ်ဆိုတာပါ။ အဲတော့ Detail သိခြင်ရင် ဆက်ဆော့ကြည့်ကြတော့။ အနည်းဆုံး Graphic နဲ့တင် Mid Phone သမားတွေက တန်ပါတယ်။

⚠️   Game ရဲ့ Size က 1.3 GB ဆိုပေမယ့် In Game ကြရင် 2.2 GB ထိ ထပ် Download လုပ်ရမှာပါ။ Total Size ကတော့ 3.59 GB ထိ ရှိပါတယ်။ 
⚠️   English Voice ပြောင်းနည်းကို Blog ရဲ့ Download Link အောက်မှ ပုံနဲ့ပြထားတယ်။


English Voice အတွက် 160 MB ကျော်ကျော်လောက် ထပ် Download လုပ်ရမယ်။


System Requirement

Android version 5 . 0 +
Size 1.3 GB
Total Size 3.59 GB
Developer Netmarble
Network online
App version 1.01.36
Price Free

Download Link

( Android )

Apkpure

 

 ( Apple iOS )


Apple iOS

 

==========================



#HELLOYDB

Comments

လူကြည့်အများဆုံး GAMES