A Bite Of Town

          အသစ်ထွက်လာတဲ့ Family Game လေးဖြစ်ပြီး Storyline အပြင် Voice Actors တွေနဲ့ပါ Support ထားတာကြောင့် Dialog တွေကစ အသက်ဝင်စေမယ့် Game ကောင်းလေး တစ်ခုပါ။ ဒီ Game မှာဆိုရင် သင်က မြို့ပေါ်မှာ အလုပ်ပြီးရင်းအလုပ် အမြဲတမ်းအလုပ်ရှုပ်နေတဲ့ ဝန်ထမ်းကောင်မလေးတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ မွေးရပ်မြေက သူငယ်ချင်းစီကနေ စာတစ်စောင်ရောက်လာခဲ့ပါတယ်။အကြောင်းကတော့ မကြာခင်မှာဘဲ မြို့လေးဟာ စီးပွားရေးသမားတွေရဲ့ လက်ထဲမှာတင် ပျောက်ကွယ်သွားတော့မယ်ဆိုတာပါ။ ဒီတော့ မွေးရပ်မြေလေးကို လောင်းကစားရုံကြီးတွေ အဖြစ် ပြောင်းမသွားအောင်လို့ သင်ကိုယ်တိုင်ဘဲ ဒီ Happy Town ဆိုတဲ့ မြို့လေးကို ကယ်တင်ပေးရတော့မှာပါ။ 
            သာမန် ဝန်ထမ်းကောင်မလေးတစ်ယောက်အတွက် မြို့ကို ကယ်တင်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် မြို့ရဲ့ Design ကို ဘယ်လို ပြုပြင်ပြောင်းလဲပြီး စီးပွားရေးတွေ ပုံမှန်တိုင်းပြန်ဖြစ်အောင်လို့ ဘယ်လိုလုပ်ရမလဲဆိုတာကို အကြံပေးလို့ရပါတယ်။ အဓိကက မြို့ရဲ့ အပြင်ဆင်ကြောင့် လူစည်လာမယ့် နှုန်းနဲ့ ဈေးဆိုင်တွေရဲ့ ဝယ်သူများလာမှုကြောင့် ရလာမယ့် အမြတ်တွေက မြို့ပေါ်တင်နေတဲ့ အကြွေးတွေကို ပြန်ဆပ်နိုင်မယ့် ပုံစံလေးပါ။ ဒီတော့ ဒီ Game မှာဆိုရင် သင်က Decorations အပိုင်းတင်မကဘဲ Shop တွေရဲ့ Cooking ပိုင်းတွေပါ ဝင်ရောက် အားဖြည့်ပြီး ကစားပေးရမှာပါ။ Customer စိတ်ကျေနပ်အောင် အလုပ်မှာလည်း သွက်သွက်လက်လက်နဲ့ လက်မြန်ဖို့ လိုပြီး အမှားနည်းအောင်လည်း သေချာဂရုစိုက် ကစားရမယ့် Game ကောင်းလေးတစ်ခုပါ။ ဒါ့အပြင် Fashion လေးတွေပါ ထည့်ပေးထားတာနော်။ 

[ Review ]

Game က Voice Actors တွေနဲ့ Dialog ကို သေချာလုပ်ပေးထားသလို Cinematic Trailer တွေနဲ့ပါ ဖန်တီးထားတာဆိုတော့ လျော့တွက်လို့ မရပါဘူး။ Playstore မှာလည်း Rating ကောင်းသလို နောက်ပိုင်းထွက် Cooking Game တွေရဲ့ Evolution တစ်ခုပါဘဲ။ ဘာလို့ဆိုတော့ Gameplay တွေကြီးဘဲ မဟုတ်ဘဲ Storyline တွေနဲ့ပါ ပေါင်းစပ်ပေးထားတာမျိုးပါ။ 
Game က Cooking လုပ်မှ Level တက်မှာဖြစ်ပြီး Quest ကတော့ Cooking ကရတဲ့ chef coin နဲ့တင် ဆက်ကစားလို့ရတယ်။ Quest တိုင်းမှာ Dialog Voice အကုန် ပါတာကြောင့် Skip မလုပ်ရင် ပိုကောင်းမယ်။ ဘာလို့ဆိုတော့ Main Character ရဲ့ Voice က ရင်းနှီးသလိုမျိုးဘဲ။ နောက်ပြီး Level အလိုက် Feature အသစ်တွေ ထပ်ပွင့်မှာဖြစ်သလို Cooking Game ဆိုပေမယ့် Skill ရှိဖို့တော့ လိုမယ်နော်။ မျက်စိတင်မဟုတ်ဘဲ အစဉ်လိုက် Random တွေပါ လက်လျင်နေမှ ဒီလို Game တွေက ဆော့ကောင်းတာ။ 

ထွက်ထွက်ခြင်းက တင်ပေးဖို့ရာဘဲ ဒါပေမယ့် မင်မင် Mod ဆိုတာတွေ လာမှာသိလို့ နောက်ကျမှ တင်ပေးတာ။ အဲတော့ Coin , Heart, Diamond အကုန် Over လုပ်ပြီးသား။ Dollar ဘဲမပါတာ :)

Game Information

Android version 4 . 4 +
Developer DOCOOL LIMITED
Network Offline
Price Free
App version 4.3
Release date 23.7.2021

Download Link

Type Size Link

Playstore

310 MB

Download

Mediafire(Mod)

 

230 MB

( Apk+Obb )7z

Download

Apple iOS

---

Download
 

#HELLOYDB






Comments

လူကြည့်အများဆုံး GAMES