My Talking Angela 2
ဒီတစ်ခါ အသစ်ထွက်လာတဲ့ Game လေးကတော့ Angela Fan
တွေတွက် အရမ်းသဘောကျစေမယ်ဆိုတာ သေချာပါတယ်။ Mobile ဖုန်းကိုင်ဖူးရင်တော့ ဒီ Tom
နဲ့ Angela ဆိုတဲ့ Character လေးတွေကို မသိတဲ့သူမရှိပါဘူး။ Old Game တွေထဲကမှ
အခုထိ Popular ဖြစ်နေတဲ့ ဒီ Game လေးတွေဟာ ဘယ်ချိန်ဆော့ဆော့ ရိုးမသွားသလို ၊
တခြား Game တွေ လိုက်မမှီအောင်ထိ Cute ဖြစ်နေတယ်ဆိုတာ သေချာပါတယ်။ ဒီတစ်ခါ
အသစ်ထွက်လာတဲ့ Angela Game လေးက အရင်ကထက် Animation တွေ ပိုကောင်းလာသလို အရမ်းကို
ချစ်စရာကောင်းမယ်ဆိုတာ ရဲရဲကြီး အာမခံတယ်။ Dress ပိုင်းကို ဦးစားပေးထားသလို Hair
Type တွေတင်မကဘဲ Skin တွေကစ တော်တော်ကြီးကို ကြွေရလောက်တဲ့ထိ Cute ဖြစ်တာပါ။
အိပ်နေတဲ့ ပုံလေးတွေ၊ စားနေတဲ့ ပုံလေးတွေက ကစားသူတွေကို မရမက
ပြုံးပျော်စေနိုင်တာကြောင့် ဆော့ကို ဆော့ကြည့်သင့်တယ်လို့ အကြံပေးတယ်။ အောက်က
စာတော့ ကလေးတွေ မဖတ်နဲ့။
[ Review ]
ကလေးနေနေ လူကြီးနေနေ လာဖတ်ရင်တော့ စိတ်နဲ့ဘဲဆိုင်မယ်ထင်တယ်။ တော်ကြာ ဖတ်လိုက်မှ
တောင်တွေးမြောက်တွေးနေရင် တာဝန်မယူဘူး။ ပြောရရင် Game က ဘာမှမဖြစ်ဘူး။ Cute
ဖြစ်တယ် Sound လေးတွေက ရင်ခုန်စေတယ်။ ပြဿနာက အသံဘဲကြားတဲ့ ဘေးက သူတွေဘဲ။
ကိုယ်ဆော့နေတာက အရင်ကထွက်ထားတဲ့ Talking Angela လို အရွယ်ရောက်ပြီးသား
ကြောင်မလေးလဲမဟုတ်ဘူး ငယ်လည်းမငယ်၊ ကြီးလဲမကြီးတဲ့ အသက်ရွယ်မျိုးကိုမှ တကယ် Cute
ဖြစ်တာ။ တစ်ခါလေ ဇိမ်ခံတဲ့ အသံတွေက ဘေးလူတောင် ကိုယ့်ကို ကြည့်တယ်ဆိုတော့
ကိုယ့်ကိုကိုယ်တောင် လိပ်ပြာမလုံသလိုဖြစ်သွားတယ်။ တကယ်က ကြောင်မလေးကို ထိလိုက်ရင်
ထွက်လာတဲ့ အသံက သူတို့ စိတ်ထဲ ဘယ်လိုထင်နေလဲတော့ မသိဘူး။ အစက အကောင်း
သူတို့လုပ်မှ လူပါ တောင်တွေးမြောက်တွေးနဲ့ အသံတိုးဆော့ရတယ်။ Talking game ကို
အသံတိုးဆော့တော့ အတော်ဂွကျတယ်။ သူစိမ်းတွေရှေ့မဆော့နဲ့။ ကိုယ့်ကို ကြည့်နေရင်
ဖုန်းလှည့်ပြလိုက်။
ပြောရရင် အခုအသစ်ထွက်လာတဲ့ ကြောင်မလေးရဲ့ ဟန်ပန်အမူယာတွေက တကယ်အသက်ဝင်နေတော့
အရမ်းအူယားစရာကောင်းတယ်။ ချော်လဲတာတွေ၊ ဆေးထိုးရင်ထွက်ပြေးတာလေးတွေက အရမ်း Cute
ဖြစ်လွန်းတယ်။ အဲတော့ ကလေးတွေတွက် ဒီ Game လေးက လုံးဝ cutie ဖြစ်တယ်။ Over Mind
ဖြစ်တတ်တဲ့ လူတွေတွက်တော့ အကြံမပေးဘူး။ မဆော့ခင် ကိုယ့်စိတ်ကိုယ် ပြန်မေး ။
မထူးပါဘူး ဒီထိ ဖတ်နေမှတော့ ခေါင်းထဲ တွေးနေတော့မှာ။ Alone ဖြစ်တဲ့သူတွေတွက်
အဆင်ပြေပေမယ့် FA တွေတွက်တော့ မသင့်လျောဘူး။
Android version | 5 . 0 + |
Developer | Outfit7 Limited |
Network | Offline |
Price | Free |
App version | 1.0.12.6 |
Release date | 13.7.2021 |
Download Link
Type | Size | Link |
Playstore |
147 MB |
Download |
Apkpure
|
143 MB ( Apk Only ) |
Download |
Apple iOS |
--- |
Coming Soon |
#HELLOYDB
Comments