Blade & Soul 2 ( Korea )

          ဒီ‌နေ့ထွက်လာတဲ့ Game အသစ်လေးက တောင်ကိုရီးယားအခြေစိုက် NCSOFT ရဲ့ MMORPG Game တစ်ခုဖြစ်ပြီး အရင်ကထွက်ထားတဲ့ Blade & Soul ရဲ့ Sequel အနေနဲ့ဘဲ 2 အနေနဲ့ ဆက်ထွက်လာတာပါ။ ဒီတစ်ခါတော့ PC ကော Mobile မှာပါ တစ်ချိန်တည်း ထွက်ရှိခဲ့ပြီး Cross-Platform အနေနဲ့ပါ ဆော့လို့ရတာပါ ။ ပိုပြီး Suprise ဖြစ်စေတာက အရင်က Game ထက်ကို Graphic Engine ပိုင်းတွေ အများကြီး ပြင်ဆင်ခဲ့ပြီး Combat ပိုင်းတွေကစ တော်တော်ကို အားရစရာကောင်းတယ် ။ ပြောရရင် အဲလောက်ထိ လုပ်ပြလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ 
            Game က Korea နိုင်ငံတွက် အရင်ထွက်တာဖြစ်ပြီး Language ပိုင်းတင်မကဘဲ Lineage လိုမျိုး Age အကန့်သတ်နဲ့ Version နှစ်မျိုးထုတ်ပေးထားတာပါ။ Age 12 version နဲ့ Age 19 version ဆိုပြီးတော့ပေါ့။ ဇာတ်လမ်းနဲ့ ပတ်သတ်ပြီး အတိကျပြောဖို့ရာ ခက်ပေမယ့် စိတ်ဝင်စားစရာကောင်းတာက ဒီတစ်ခါ သင်ကိုယ်တိုင်ကိုက Hybrid တစ်ယောက်အနေနဲ့ ကစားရမှာပါ။ မကောင်းတဲ့ သွေးကော၊ ကောင်းတဲ့ စွမ်းအင်တွေပါ သင့်ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေပြီး စွမ်းအင်နှစ်ခုလုံးကို ပိုင်ဆိုင်ထားတာကြောင့် အရမ်းစိတ်ဝင်စားစရာကောင်းတယ်။ အထူးသဖြင့် အခမ်းနားပွဲမှာ သင့်ကိုယ်သင် စိတ်မထိန်းနိုင်လို့ ပေါက်ထွက်လာတဲ့ Dark Energy တွေက အရမ်းကို High လွန်းလို့ ကြက်သီးတောင်ထမိတယ်။ ဒီတော့ အရင် Game ရဲ့ Sequel ဆိုပေမယ့်လည်း ဒီတစ်ခုရဲ့ ဇာတ်အိမ်ကလည်း ပေါ့သေးသေးတော့မဟုတ်ဘူး။ Global ကြမှ ရှင်းပြမယ်။
⚠️⚠️⚠️
Game က 12 version ကော 19 version ပါ ကြိုက်တာဆော့လို့ရတယ်။ မင်မင်ကတော့ 12 ဘဲ။ တစ်ခုရှိတာက Ncsoft က အခုနောက်ပိုင်း Account တစ်ခုခုရှိတာတောင် Security အနေနဲ့ Phone Number Verification တောင်းတယ်။ ဒါပေမယ့် စိတ်ပူစရာတော့ မလိုပါဘူး ကိုယ့်နိုင်ငံရဲ့ Phone နံပတ်နဲလည်း ရတယ်။ မင်မင်ကတော့ Lineage ပြန်ဆော့တုန်းက လုပ်ပြီးသားမလို့ အခု Game မှာ Code တန်းပို့တယ်။ 

In Game ကြရင် 3.25 GB ထပ်ပြီး Download လုပ်မှာမလို့ Storage အနေနဲ့ 5 GB လောက် လွတ်နေဖို့ လိုမယ်နော်။
[ Review ]

Character အနေနဲ့ မျိုးနွယ် သုံးခုစာ ရွေးချယ်နိုင်ပြီး Male ကော Female ပါ Detail Customize လုပ်လို့ရတာပါ ။ ဒါတင်မကဘဲ နှစ်ယောက်ထဲက တစ်ယောက်ရွေးတဲ့နေရာမှာ ဖြစ်လာတဲ့ အမူယာက တော်တော်မိုက်တယ်။ ဒီ Game ရဲ့ Classic Weapon ပိုင်းတွေက အစကတည်းက တန်းရွေးရတာမျိုးမဟုတ်ဘဲ Intro အပြီး ကျောင်းဆောင်ထဲကျမှ ကိုယ်သဘောကျတဲ့ Weapon ကို ရုပ်ထုတွေစီမှာ သွား ဆုတောင်းရတာပါ။ ပြောရရင် အတိတ်က Legends တွေစီကနေပေါ့။
နောက်ထက် သဘာကျစရာကောင်းတာက Side Quest တွေက တန်းပေးတာမျိုးမဟုတ်ပါဘူး။ Notice-board မှာ သင့်တော်မယ့်ဟာကို သွားရွေးရပြီးမှ လုပ်လို့ရတာပါ။ ထုံးစံတိုင်း MMORPG ဆိုတော့ Open World Map ကြီးပါဝင်မှာဖြစ်ပြီး သဘောကျစရာကောင်းတာက မြေပုံတွေက တစ်ဆက်တည်းပါ။ Enemy တွေကစ မထင်ရင်မထင်သလို အနားကပ်ရင် ဝင်သုတ်တာဖြစ်ပြီး မင်မင်တောင် ဂိပြီးသွားပြီ။ ရေအိုင်ထဲဆိုရင် လူပါ လန့်တယ်။ 
Auto Quest ပါပေမယ့် Korean Language မလို့ အဆင်ပြေတယ်ပြောရမယ်။ Environment Graphic ကတော့ Blade & Soul ရဲ့ Next-Generation ဖြစ်ပြီး တော်တော်ကြီးကို ပြောင်းသွားတာပါ။ သစ်ပင်တွေကစ အတော်အသက်ဝင်ပြီး Shadow Accurate တွေကြောင့် တော်တော်လေးကြည့်ကောင်းတယ်။ နောက်ပြီး ဒီတစ်ခါ Game က UI တွေကစ တော်တော်လေးပြင်ဆင်ထားပြီး Screen ပေါ်မှာ တအားရှုပ်မနေတော့ဘူး။ နောက် မင်မင်သဘောကျတဲ့ အပိုင်းတစ်ခုက Camera Lock လေးပါ ထည့်ပေးထားတာပါ။ ကိုယ်ကြိုက်တဲ့ Angle ကို Look ခက်ပြီး ဆော့လို့ရတယ်။ 
ကျန်တာကတော့ Gacha တွေ၊ Item Upgrade တွေ Skin တွေ အများကြီးပါသေးပေမယ့် အချိန်ယူဆော့မှ သေချာနားလည်မှာပါ။ နောက်ပြီး ထုံးစံတိုင်း Pet လေးတွေ ပါသေးတယ်။ အရမ်းချစ်စရာကောင်းတာက စကားပြောတဲ့ ကြောင်လေးတွေဖြစ်ပြီး Korea အသံနဲ့တောင် စကားအဆုံးမှာ " ညှောင် ညှောင် " ပါတော့ နားထောင်ရတာ တစ်မျိုးလေးဖြစ်မိတယ်။ 
ခက်တာက Korea Servers တွေဘဲပါတော့ Pin အတက်ကျကြောင့် ဆော့ရတာ Lag သလို ဖြစ်နိုင်တယ်။ အကောင်း‌ဆုံးကတော့ Global စောင့်သင့်ပြီး Blade & Soul Fan တွေတွက်တော့ အရမ်းသဘောကျစေမယ်‌ဆိုတာ အာမခံတယ်။ 

Game Information

Android version 7 . 0 +
Developer NCSOFT
Network Online
Price Free
App version 0.36.12
Release date 26.8.2021

Download Link

Type Size Link

Playstore

730 MB

Only Korea Region

QooApp

 

720 MB

( Apk + Obb  )

Download

Apple iOS

898 MB

Download
 
#HELLOYDB

Related Posts

  • The Letter              လူတိုင်း ဒီစာရွက်ကို ဖတ်မိရင် နောက်ထပ် လူ ဘယ်နှစ်ယောက်ကို ဆက်ဝေပါ ၊ မဝေဖြစ်ရင် ဘာဖြစ်မယ်ဆိုပြီး စာရွက်အစုံ အကြောင်းရာအစု… Read More
  • Sky Gamblers Infinite Jets           မနေ့ကမှ ထွက်လာတဲ့ Atypical ရဲ့ Game အသစ်လေးဖြစ်ပြီး Playstore မှာတော့ R$19.99 နဲ့ ရောင်းချ‌နေတဲ့ Paid Game တစ်ခုပါ။ လက်ရှိ မြန်မာင… Read More
  • Adventure Reborn           မနေ့ညကမှ ထွက်လာတဲ့ Game သစ်လေးဖြစ်ပြီး Dali Games ရဲ့ Unholy Adventure 3 မထွက်ခင် Suprise အနေနဲ့ Adventure Reborn Game အသစ်ကို အစောကြီး … Read More
  • BestLuck           Mobile Player တွေတွက် ဆော့ကို ဆော့ကြည့်သင့်တဲ့ Game ကောင်းလေးတစ်ခုလို့ ညီမကတော့ အကြံပေးတယ်။ တစ်ခါတလေ ညီမတို့ မက်နေတဲ့ အိမ်မက်‌တွေထဲမှ… Read More
  • The Last Adventurer           အသစ်ထွက်လာတဲ့ ဒီ Game လေးက First Person Shooter အမျိုးစားဖြစ်ပြီး ဒီလရဲ့ Graphic အကောင်းဆုံး Game ထဲမှာ ပါပါတယ်။ Size နည်းနည်းလေးနဲ့ Gra… Read More

Comments

လူကြည့်အများဆုံး GAMES