Rush Rally Origins
ဒီနေ့ အသစ်ထွက်လာတဲ့ Game လေးကတော့ Rally Fan
တွေတွက် အရမ်းသဘောကျစေမှာဖြစ်ပြီး နာမည်ကြီး Rush Rally Series ကနေ ပုံစံအသစ်နဲ့
ထပ်ထုတ်ပေးလိုက်တဲ့ Racing Game ကောင်းတစ်ခုပါ။ Playstore မှာ R$32.99 နဲ့
ရောင်းချနေတဲ့ Paid Game တစ်ခုဖြစ်ပြီး အရင်ကထွက်ခဲ့တဲ့ Rush Rally 3 တို့လိုဘဲ
Rating ကတော့ အကောင်းဆုံးတန်းရတာပါ။ ထူးခြားတာက အရင်ကလို Close view
တွေနဲ့မဟုတ်တော့ဘဲ Top view ပုံစံနဲ့ အသစ်ထုတ်ထားတာပါ။ Time Trials ,
Championship တွေအပြင် Racing Mode တွေပါ ဝင်ရောက်ကစားလို့ရပြီး Car
အမျိုးစားတွေကစ စုံစုံလင်လင် ထည့်ပေးထားတာပါ။
Graphic ကစ အရင်ကထက် ပို Deatil
ဖြစ်လာပြီး Option ပိုင်းမှာလည်း တော်တော်များများကို ရွေးချယ်စရာ ပေးထားပါတယ်။
Resolution နဲ့ fps အပြင် color bit တွေကစ ပါသေးတော့ တော်တော်စုံတယ်ပြောရမယ်။
နောက်ပြီး Phone ပေါ်မူတည်ပြီး Auto balance လုပ်ပေးတာကြောင့် ဖုန်းနိမ့်နိမ့်
မြင့်မြင့် စိတ်ပူစရာမလိုပါဘူး။ အရင်ကထက် Sound System ပိုင်းတွေမှာ ပို
သဘာဝကျလာပြီး Engine အနီးအဝေး အသံကစ ဘယ်ညာ ကြားရမှာပါ။ နောက်ဆုံး
အရေးကြီးဆုံးကတော့ Rally Physics ဖြစ်ပြီး Realistic ဖြစ်လွန်းလို့ Control
လုပ်ရတာတောင် အရှိန် အလျှော့အတင်း တော်တော်ခက်ပါတယ်။ Environment အပြင် Weather
စနစ်ကပါ support ကောင်းကောင်း ပေးထားပြီး Map တွေကပါ စုံတော့ အကြိုက်တွေ့စေမှာပါ။
ဒီတော့ Rally သမားတွေတွက် ဆော့ကြည့်သင့်တယ်လို့ အကြံပေးတယ်။
[ Review ]
ပြောရရင် Top view ဆိုတော့ အစက နည်းနည်း တွန့်သွားတယ်။ဒါပေမယ့် Retro isometric
view နဲ့ Helicopter Chase view ဆိုပြီးပါ ရွေးချယ်လို့ရသေးတာ။ အရင်ကလို
ဆွဲဆောင်တာမျိုးမဟုတ်ဘဲ ပုံစဲအသစ်နဲ့ ဆွဲဆောင်စေတာမျိုးပေါ့။ Drive လုပ်ရတာ
နည်းနည်း Hard ဖြစ်သလို အရှိန်သတ်ရတာလည်း တော်တော်ထိန်းနိုင်မှ ရမယ်။ ပြောခြင်တာက
နိုင်ခြင်ဇောနဲ့ မောင်းရင် သစ်ပင်ကို Crush အထင်နဲ့ ပြေးတိုက်မိမှာဘဲ။
အကွေ့မနိုင်ရင်လည်း ဘေးတစ်လျှောက်ကနေ Crush ကို မထိတထိ သွားတို့သလို ဖြစ်နေမှာ။
မနိုင်ရင် အဲနားတင် ချာချာလည်ပြီး တစ်ယောက်တည်း FA လို ကျန်ခဲ့မှာ သေချာတယ်။
အဲတော့ အထာကျကျ မောင်းတတ်ဖို့ လိုတယ်နော်။
| Android version | 5 . 0 + |
| Developer | Brownmonster Limited |
| Network | Offline |
| Price | R$32.99 |
| App version | 1.6 |
| Release date | 19.8.2021 |
Download Link
| Type | Size | Link |
|
Playstore |
93 MB |
R$32.99 |
|
Mediafire
|
93 MB ( Apk Only ) |
Download |
|
Apple iOS |
189 MB |
$4.99 |
#HELLOYDB
Discussion
0
You
Loading comments...









