BATTLEFIE MOBILE ( News )
BATTLEFIELD Mobile ရဲ့ ပထမဆုံး Test ကို Autumn 2021 မှာ အကန့်သတ်နဲ့ စမ်းကစားခွင့်ပေးမှာဖြစ်ပြီး Indonesia နဲ့ Philippines အနည်းစုသာ ပါဝင်ခွင့်ရမှာပါ။ အခု Test ဟာ Android User တွေတွက်သာဖြစ်ပြီး Android version 7.0 အထက်ရှိဖို့ လိုအပ်ပါတယ်။ Test Region ကိုတော့ တဖြည်းဖြည်းနဲ့ ထပ်တိုးသွားမှာဖြစ်ပြီး Official Release ကိုတော့ 2022 ခုနှစ်မှသာ ထွက်ရှိလာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
BATTLEFIELD Mobile ဟာ တခြား PC နဲ့ Console တွေကို cross-play ရမှာမျိုး မဟုတ်ဘဲ Mobile အတွက် သီးသန့် Standalone version အနေနဲ့သာ ထွက်လာမှာပါ။ အခု လာမယ့် Test မှာလည်း Single map ဖြစ်တဲ့ Grand Bazaar ပါဝင်မှာဖြစ်ပြီး Conquest mode ကစားခွင့်ရမယ်လို့ သိရပါတယ်။ EA ဘက်ကလည်း Map နဲ့ Mode အသစ်တွေကို Release မလုပ်ခင် အသေးစိတ်ကြေငြာပေးမယ်လို့လည်း ပြောထားပါသေးတယ်။
Mobile အတွက် Free-to-play ထုတ်ပေးမှာဖြစ်ပြီး cosmetic items နဲ့ Battle Passes တွေတော့ ပါဝင်မယ်လို့ ပြောထားပါတယ်။ လက်ရှိ Test ဟာ Android version 7.0 အထက် လိုအပ်တယ်ဆိုပေမယ့် final launch version ကြရင် Devices အများစုထိ ကောင်းကောင်း Run နိုင်အောင် ပြင်ဆင်နေတယ်လို့ သိရပါတယ်။
Battlefield Mobile ဟာ Player တွေကို ဆွဲဆောင်နိုင်ပါ့မလား ? Playstore မှာ VPN ကျော်ပြီး Indonesia နဲ့ Philippines မှာ Pre-register လုပ်လို့ရနေပေမယ့် Test version ကို လူဦးရည်အကုန့်သတ်နဲ့သာ ဝင်ခွင့်ပေးမှာပါ။
Pre-register = Playstore
#HELLOYDB
Comments