Ethereal Engima
PixelFade ရဲ့ နောက်ထပ်
အမိုက်ဆုံး Visual Novel Game လေးတစ်ခုဖြစ်ပြီး ဆွဲမက်စရာကောင်းလောက်တဲ့
ဇာတ်အိမ်ဖန်တီးမှုကြောင့် အရမ်းသဘောကျစေမှာသေချာပါတယ်။ ဒီ Game မှာဆိုရင် သင်က
ကျောင်းကအပြန် လမ်းမှာ အဘွားတစ်ယောက်ကို ကူညီရင်းကနေ လိုရာဆုတစ်ခုကို
တောင်းဖို့တွက် အခွင့်ရေးရခဲ့တာပါ။ ဆုတောင်းတာတွေ မယုံကြည်တဲ့ သင်ကတော့
မဖြစ်နိုင်ဘူးအထင်နဲ့ အရမ်းချစ်စရာကောင်းပြီး၊ ချမ်းသာတဲ့ မင်းသမီးလေးတစ်ယောက်
မိုးပေါ်က ကျလာပါစေလို့ ခပ်ပေါ့ပေါ့ ဆုတောင်းရင်းကနေ ဒီ Game ရဲ့ ဇာတ်လမ်းလေးက
မထင်ထားတဲ့ အဖြစ်ပျက်တွေနဲ့ စတင်လာခဲ့တာပါ။ အရမ်းလည်း ရယ်ရသလို၊ Drama တွေ
Friendship တွေပါ ဇာတ်အိမ်ကောင်းကောင်းနဲ့ အရမ်း စိတ်ဝင်စားစရာကောင်းမယ်ဆိုတာ
အာမခံတယ်။
ထုံးစံတိုင်း PixelFade
ရဲ့ ဇာတ်အိမ်တွေက အရမ်း Fantasy ဆန်သလို ကစားတဲ့သူကိုပါ မနာလိုဖြစ်အောင်ထိ
စိတ်ကူးထဲက ဖြစ်စေခြင်တဲ့ အဖြစ်ပျက်မျိုးတွေကို အတော်ချပြနိုင်တဲ့ Developer
တွေပါ ။ ဒီတစ်ခုလည်း အရမ်းမိုက်လွန်းလို့ FA သမားတွေတောင်
သွက်သွက်ခါသွားနိုင်မယ့် Drama မျိုးကို ဖန်တီးပေးထားပြီး ကိုယ့်ရဲ့
ရွေးချယ်မှုကြောင့်လည်း ရင်ခုန်စေမယ့် အခိုက်တန့်လေးတွေကိုပါ တွေ့ရအုံးမှာပါ။
နောက်ခံ အသံ English Voice Actors တွေပါ Fully Support ပေးထားတာကြောင့် E Skills
တွက် Listening နဲ့ Meaning ပိုင်းတွေတင်မကဘဲ အပြန်လှန် ပြောလို့ရမယ့် Dialog
တွေကြောင့်ပါ ကိုယ့်ရဲ့ English Speaking အတွက် အရမ်းအထောက်ကူပြုစေမယ့် Game
ကောင်းလေးတစ်ခုပါ။
[ Review ]
ဒီ Game က လက်ရှိ ဒေါ်လာဈေးနဲ့ဆိုရင် Playstore မှာ တစ်သောင်းခွဲလောက်ထိ
ရှိနေပြီး Rating ကစ PC ကော Mobile မှာပါ အကောင်းဆုံးထိ ရထားတာပါ။
ပြောရရင် ဒီ Game က Crystalline ရဲ့ ဆန့်ကျင်ဘက်ကို ပြောင်းထားတယ်ထင်ရပေမယ့်
လုံးဝ မတူပါဘူး။ ဒီ Game မှာဆိုရင် သင်က အဒေါ်နဲ့ ဦးလေးအိမ်မှာ နေနေရပြီး
မိဘတွေကတော့ ခရီးထွက်နေကြတာပါ။ အဲမှာ ဝမ်းကွဲညီမဖြစ်တဲ့ Mina နဲ့အတူ
ကျောင်းတက်နေရတာဖြစ်ပြီး သူငယ်ချင်းဆိုလို့ Kosei တစ်ယောက်ဘဲရှိတာပါ။ ကျောင်းစ
တက်တက်ခြင်းမှာဘဲ မထင်မှတ်ဘဲ ကောင်မလေးတစ်ယောက်ကို မြင်မြင်ခြင်း Crush
မိသွားပြီး ဖြစ်ခြင်တော့ သူမက အသိုင်းဝိုင်းကြီးထဲက ဖြစ်နေတာပါ။ ညီမဖြစ်သူကော ၊
သူငယ်ချင်းဖြစ်တဲ့ Kosei နဲ့ပါ တစ်ခန်းတည်း အတူတူကျခဲ့တဲ့အပြင် သင် Crush နေတဲ့
ကောင်မလေးကပါ တစ်ခန်းတည်းအတူတူကျခဲ့တော့ အရမ်းကို ကံကောင်းခဲ့တာပေါ့ ။ ဒါက
ကံအကောင်းဆုံးမဟုတ်သလို ရင်ခုန်စရာ မကောင်းသေးဘူး တကယ့် Main အပိုင်းကမှ လုံးဝ
လန်ထွက်နေတာ။
ဒီလိုနဲ့ ကျောင်းကအပြန် လမ်းမှာ အဘွားတစ်ယောက်ကို ပိုက်ဆံအိတ်ကျလို့
ပြန်ပေးရင်းကနေ အဲဒီအဘွားက shrine ဆီမှာ လိုရာ ဆုတောင်းဖို့ ပြောတာပေါ့။
ယုံတော့မယုံပေမယ့် သင်ကတော့ အဲမှာ အရမ်းလှပြီး ချမ်းသာတဲ့
မင်းသမီးလေးတစ်ယောက်ကို မိုးပေါ်က ကျလာပါစေလို့ ဂွတိဂွကျဆုတောင်းရင်းကနေ
အစပိုင်းတော့ ဖြစ်မလာသေးဘူး။ အဲမှာ ဂျင်းပေါ့ အဘွားပြောတာ
ဟုတ်လည်းမဟုတ်ဘူးဆိုပြီး တွေးကာရှိသေး ကိုယ်ပေါ်ကို ဘုတ်ကနဲ့ ကျပြီး လူပါ
ပစ်လှဲသွားတာ။ မျက်လုံးလဲဖွင့်လိုက်ရော အရမ်းလှပြီး ချစ်စရာကောင်းတဲ့
နန်းဝတ်နန်းစားနဲ့ ကောင်မလေးတစ်ယောက် ကိုယ့်အပေါ်မှာ ရောက်နေပြီး တက်ပါခွထားတော့
Main Character မပြောနဲ့ ဆော့နေတဲ့ ကိုယ်ပါ ရင်တွေခုန်ပြီး Suprise ဖြစ်သွားတာ။
အဲမှာ ပြာယာခက်ပြီး သူကလည်း သူ့ကိုယ်သူ ဘယ်ရောက်နေမှန်းမသိ ကိုယ်ကလည်း
ဘာတွေဖြစ်လို့ ဖြစ်သွားမှန်ကို မသိတော့တာ။
သူမက တော်ဝင်မင်းသမီးဆိုတော့ နာမည်အရှည်ကြီးနဲ့ ဂုဏ်ပုဒ်တွေပါ ထည့်ပြောတာပေါ့။
အလွယ်တကူကတော့ Erilynn ဘဲ။ ဇာတ်လမ်းက အဲဒီကစပြီး လုံးဝ အခွီတွေကြီးဘဲ။
မင်းသမီးကလည်း ဘယ်လိုလုပ် ဒီကို ရောက်လာမှန်းလည်း သူလည်းမသိ သင်ကလည်း
ဆုတောင်းရုံကလွဲလို့ ပြန်လည်းပို့မရဆိုတော့ မင်းသမီးကို
သူ့နေရာသူပြန်ပို့ဖို့တွက် ဇာတ်လမ်းက စတော့တာဘဲ။ အရင်ဆုံး မင်းသမီးကို သူ့နေရာသူ
ပြန်ပို့လို့ မရမခြင်း အဒေါ်တွေအိမ်မှာ ထားဖို့တွက် ကြံရတဲ့အပိုင်းဆိုရင်
အရမ်းဂွကျတာ။ မင်းသမီးဖြစ်တဲ့ Erilynn ကလည်း ပတ်ဝန်းကျင်နဲ့ ကျင့်သားမရသေးတော့
အထင်လွဲမှာဆိုးလို့ လိုက်ကာပေးရတာလည်း အမော။
ဖြစ်ခြင်တော့ အဲဒီ ဆုတောင်းတဲ့ နေ့က အဖြစ်ပျက်ကို ကျောင်းက သင် Crush နေတဲ့
ကောင်မလေးကပါ မြင်သွားသေးတာ။ ကျောင်းရောက်တော့ အဲဒီကောင်မလေးက သင့်ကို စကားလာပြော
ရုံတင်မကဘူး ဟိုမင်းသမီးကပါ ကျောင်းကို လူသစ်အနေနဲ့ အတန်းထဲထိ လိုက်လာတော့
တကယ်ကို ခွီနေရတာ။ အရယ်ရဆုံးကတော့ သင့်သူငယ်ချင်းဖြစ်တဲ့ Kosei ဘဲ။
တစ်ကျောင်းလုံးက Crush တဲ့ ကောင်မလေးက သင့်ကို စကားလာပြောရုံတင်မကဘဲ အခုမှ
အသစ်ရောက်လာတဲ့ အရမ်းလန်ထွက်လွန်းတဲ့ မင်းသမီး Erilynn ကပါ သင်နဲ့ စကားတွေ
အတူတူပြောနေတော့ သူငယ်ချင်းဖြစ်တဲ့ Kosei က Suprise ဖြစ်ရုံတင်မကဘူး
သတ်သေခြင်စိတ်ပါ ပေါက်သွားတာ။ ဟုတ်တယ်လေ နှစ်ကောင်လုံးက FA တွေဆိုတော့ သင်က
ကံထူးပြီး ဟိုက ကျန်ခဲ့တာကို။ ကိုယ့်ကိုကိုယ်ထက် အဲကောင်ကြည့်ပြီးဘဲ ရယ်နေရတာ။
ပိုဆိုးတာက မင်းသမီး Erilynn က သင်နဲ့ တစ်အိမ်တည်း အတူတူနေတယ်ဆိုတာလည်း သိရော
မရတော့ဘူး ငါသေတော့မယ်ဆိုတဲ့ထိပါ နာကျင်သွားတာ။ ဒီကြားထဲ Erilynn မက Kosei နဲ့
ဘယ်လောက် တွေ့တွေ့ သူမခေါင်းထဲမှာ အဲကောင်ကို ရှိတယ်လို့ကို မထင်တာ။ အဲဒါကြောင့်
ဒီ Game မှာတော့ သင့်က စော်ကြည် ထီပေါက်တာဘဲ။
မင်းသမီးနေတဲ့နေရာမှာက ဒီမှာထက် အရမ်း အဆင့်မြင်တာနော်။ နည်းပညာကော ၊ Knowledge
တွေကစ လိုက်မမှီဘူး ။ အစကတော့ Aqua မလို Useless လို့ထင်ခဲ့တာ။ အိမ်စာတောင်
ကိုယ့်ဘဲ လာလုပ်ခိုင်းတာ အဲ Erilynn မက။ ကိုယ်တောင် အချိန်ယူပြီး တွက်ရတဲ့
မေးခွန်းကို သူမက စိတ်တွက်နဲ့ ခဏလေးတင် အဖြေရှာသွားတာ အရမ်းကြမ်းတယ်။
မင်းသမီးဆိုတော့ General Knowledge က စုံနေတာဘဲ။ Game က ထပ်ပြောရင် Spoiler
ဖြစ်မှာစိုးလို့ မပြောတော့ဘူး။ မိုက်တာကတော့ အရမ်း မိုက်တယ်။ မတူညီတဲ့
ကမ္ဘာနှစ်ခုကဆိုတော့ ဖြစ်နိုင်တာတွေ အများကြီးဘဲ။ တွေးကြည့်လိုက် တကယ်လို့
အပြင်မှာ ကိုယ့်ဆီကို အဲလို မင်းသမီးတစ်ယောက်သာ တစ်ခြားကမ္ဘာကနေ ရောက်လာခဲ့ရင်
ဘယ်လောက် စိတ်လှုပ်ရှားစရာကောင်းမလဲဆိုတာ ...။ PixelFade ရဲ့ ဇာတ်အိမ်တွေကတော့
အမြဲတန်း amazing တွေဘဲ။ ကိုယ်တောင် မနာလိုဖြစ်တယ်....။ Crystalline တုန်းက
ကိုယ်က တခြား Universe က ကောင်မလေးဆီကို ရောက်သွားတာ ။ ဒီ Ethereal Engima
မှာတော့ တခြားကမ္ဘာက ကောင်မလေးက ကိုယ်ဆီကို ရောက်လာတာ....။
Android version | 6 . 0 + |
Developer | PixelFade |
Network | Offline |
Price | 9.99 $ |
App version | 11 |
Release date | 2020 |
Download Link
Type | Size | Link |
Playstore |
1.6 GB |
9.99 $ |
Mediafire
|
1.3 GB ( Apk+Obb)Zip |
Download |
Apple iOS |
1.6 GB |
9.99 $ |
>> Install တင်နည်း <<
#HELLOYDB
Comments
ဖုန်းနဲ့ဆိုင်လားမသိလို့ပြောပြပါလား