Pepelo Adventure

° ဒီတစ်ခါ အသစ်ထွက်လာတဲ့ Game လေးက Multiplayer Adventure အမျိုးစားဖြစ်ပြီး Online ကော Offline ဆော့လို့ရပါတယ်။ Puzzle Adventure မလို့ Character နှစ်ယောက်ကို ထိန်းချုပ်ပေးရမှာဖြစ်ပြီး Online အနေနဲ့ပါ Room ထောင်ပြီးတော့ သူငယ်ချင်း ဒါမှမဟုတ် ချစ်သူရည်းစားနဲ့ပါ အတူတူ ဆော့ကစားနိုင်မှာပါ။
° Platform ဒီဇိုင်းနဲ့ Graphic ကစ ရိုးရိုးလေးနဲ့ ကြည့်ကောင်းပြီး Puzzle ပိုင်းမှာလည်း နှစ်ယောက်အားနဲ့ ‌ဖြေရှင်းရမှာမလို့ အရမ်းပျော်စရာကောင်းပါတယ်။ အထူးသဖြင့် ဒီ Game က အသက်တစ်သက်ဘဲ ပါရှိတာကြောင့် တစ်ယောက်မှားတာနဲ့ နှစ်ယောက်လုံး အသေပါ။ အရမ်း Challenge ဖြစ်သလို အရမ်းလည်း ရယ်ရမယ်ဆိုတာ အာမခံတယ်။ Skin အချို့နဲ့ Level ကိုတော့ Purchased လုပ်မှ ဆော့ကစားနိုင်မှာဖြစ်ပြီး ပေးထားတဲ့ Free တွေနဲ့တင် ဆော့ပျော်မှာပါ။
[- Review -]

Game က အားမနာတန်းပြောရရင် FA တွေက Offline Mode ဆော့သင့်ပြီး RS တွေကတော့ Online Mode မှာ Room ထောင်ပြီး ကစားသင့်တာပါ။ ဘာလို့ဆို နှစ်ယောက်အတူတူကစားတာက အရမ်း ပျော်စရာကောင်းမှာဖြစ်ပြီး တစ်ယောက်ကို တစ်ယောက်ဆေးထိုးလို့လည်း ရပါတယ်။ ဒါပေမယ့် ကြာလာရင်တော့ Game ရဲ့ Difficult ကြောင့် နှစ်ယောက်သား ထလောင်နိုင်ပြီး တစ်ယောက်သေတိုင်း နှစ်ယောက်လုံး ပြန်စရမှာဆိုတော့ စိတ်ရှည်ဖို့လည်း လိုမယ်နော်။
Game အသစ်မလို့ အားနည်းချက်လေးတွေ ရှိပေမယ့် Playstore မှာတော့ Rating အကောင်းဆုံး တန်းရထားတာပါ။ Size လည်း နည်းတာကြောင့် ဆော့ကြည့်သင့်တယ်လို့ အကြံပေးတယ်။ ဒါ‌နဲ့ FA တွေက နှစ်ယောက်စာ ပိုလောင်ရမှာနော်။

Game Information

Android version 4 . 1 +
Developer Tafusoft
Network Online/Offline
Price Free
App version 1.0.1
Release date 28.10.2021

Download Link

Type Size Link

Playstore

55 MB

Download

Apkpure

 

55 MB

( Apk Only )

Coming Soon

Apple iOS

---

Coming Soon
 
⭐ ( HELLO Rating = 7.5 / 10 ) ⭐

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES