Burning Dead
° ဒီလထဲမှာ ထွက်ထားတဲ့ Game သစ်လေးဖြစ်ပြီး Action Game ကောင်းလေးမလို့
သဘောကျကြမှာပါ။ ဒီဇာတ်လမ်းထဲမှာဆိုရင် သင်က Park Ranger တစ်ဦးဖြစ်တဲ့ Mike Parker
နေရာကနေ ကစားရမှာဖြစ်ပြီး Virus ကူးစက်ပြီးနောက်ပိုင်း Ex-wife ဖြစ်တဲ့ Kate ရဲ့
အကူညီနဲ့ သမီးဖြစ်သူ Lucy ကို သွားကယ်ရမှာပါ။ တောတစ်ခုလုံးကလည်း Zombie တွေ
ပြည့်နေပြီဖြစ်တာကြောင့် ဒီစွန့်စားခန်းက လွယ်ကူမှာတော့ မဟုတ်ပါဘူး။
° Game ပုံစံက Action Parkour ဦးစားပေးဖြစ်ပြီး Runner အမျိုးစားကိုမှ တောင်တက်
တောင်ဆင်းတွေနဲ့ အရမ်း စိတ်လှုပ်ရှားစရာကောင်းတာပါ။ ဒါ့အပြင် ရုတ်တရက် ထွက်လာတဲ့
Zombie တွေကြောင့် ဆော့ရတာ ပိုခက်ခဲမှာဖြစ်ပြီး Player အနေနဲ့ အချိန်မှီ
သတ်မိဖို့လည်း လိုအပ်ပါတယ်။ ပြေးရင်နဲ့ Gun တွေပါ ကောက်လို့ရပြီး
ကျည်အကန့်သတ်နဲ့မလို့ သေချာ ချိန်ပစ်နိုင်မှ တော်ရာကျမှာပါ။ Chapter 7 ထိ
ပါဝင်တာကြောင့် သမီးလေး Lucy ကို ကယ်နိုင်မလားဆိုတာကို ကိုယ်တိုင်ဘဲ
ဆော့ကြည့်လိုက်တော့နော်။
[- Review -]
Game က ဆော့ရတာတော့ မဆိုးဘူး။ Playstore မှာ Free ပေးထားပေမယ့် In Game ကျရင်
Story Chapter Full တွက် Purchased အနည်းငယ်လုပ်ပေးရအုံးမှာ။ အဲဒါကြောင့်
အပြည့်ဆော့ခြင်ရင် ဒုတိယ Link ကနေဘဲ Download ဆွဲကြပါ။
ဘယ်လိုပြောရမလဲ ဆော့ရတာ Action ဆန်ပေမယ့် Admin ကတော့ တအားကြီးသဘောမကျဘူး။
ခဏတစ်ဖြုတ်ဆော့တဲ့သူတွေတွက်တော့ ပျော်စရာကောင်းပေမယ့် ကြာလာရင်တော့
ပျင်းသွားနိုင်တယ်။ Game က တောက်စွယ်တွေမှာ Parkour လုပ်ပြီး
စွန့်စားရတာဟုတ်ပေမယ့် အဲဒီ Forest ထဲမှာတင် Main Character က လည်ထွက်နေတာပါ။
Location တွေက တူပေမယ့် အပြင်ဆင်သာ အနည်းငယ်ကွဲသွားတာမျိုးပေါ့။
နောက်ပိုင်း Zombie တွေက သွက်လာတော့ ဆော့ရတာ Challenge ဖြစ်ပေမယ့် Upgrade တို့ ၊
Weapon Chose တို့ ထည့်မပေးထားတော့ တစ်ခုခု lack နေသလို ခံစားရတာ။ ပြောခြင်တာက
Map ထဲက ပေးတဲ့ Random Weapon နဲ့ဘဲ သတ်လို့ရတာမျိုးဖြစ်နေတာ။ တစ်ခုတော့ရှိတာပေါ့
ဒါကလည်း Game ကို ပို သဘာဝကျအောင် လုပ်ပေးထားတာလို့ မြင်မိတယ်။
အဲဒါကြောင့် အပျင်းပြေဆော့ခြင်တဲ့ သူတွေတွက်သာ အကြံပေးပြီး Size လည်း
နည်းနည်းများတာကြောင့် Data သမားတွေကို Recommend မပေးတော့ဘူး။
Android version | 4 . 4 + |
Developer | Vivid Unity |
Network | Offline |
Price | In Gane Purchased |
App version | 1.1.51 |
Release date | December 3, 2021 |
Download Link
Type | Size | Link |
Playstore |
301 MB |
Download |
Full Version
|
1 GB ( Apk Only ) |
Download |
Apple iOS |
1 GB |
Download |
⭐ ( HELLO Rating = 5.8 / 10 ) ⭐
#HELLOYDB
Comments