F Sim | Space Shuttle 2

° ဒီတစ်ခါ အသစ်ထွက်လာ‌တာလေးကတော့ Premium Game လေးဖြစ်ပြီး R$30.99 နဲ့ရောင်းချပေးနေတဲ့ Space Simulation Game ကောင်းလေးတစ်ခုပါ။ အရမ်းသဘောကျစရာကောင်းတာက ဒီထဲမှာပါတဲ့ Map တွေ ၊ Space Image တွေ၊ တခြား အသံပိုင်းဆိုင်ရာ Voice တွေကစ NASA နဲ့ USGS ကနေ အကုန် Supporting ပေးထားတာမလို့ အရမ်းမိုက်တယ်။ Realistic ဖြစ်တဲ့ အတွေ့ကြုံကို ခံစားရမယ့်အပြင် Graphic ကပါ Quality တအားကောင်းတာကြောင့် Simulation သမားတွေတွက် အကြိုက်တွေ့စေမယ်ဆိုတာ သေချာပါတယ်။
° ဒီ Game မှာ‌ဆိုရင် အရမ်းကို Relaxing ဖြစ်တဲ့ အာကာသရှုခင်းကို ခံစားရမယ့်အပြင် အာကာသယာဉ် မောင်းရတဲ့ Experience ကိုပါ အပြည့်ဝပေးမယ့် Game ကောင်းတစ်ခုပါ။ Manual အပြင် Auto Pilot ကိုပါ ထည့်ပေးထားပြီး Simulation Game တစ်ခုအနေနဲ့ အတော်လေးကို Realistic ဖြစ်တဲ့ ထိန်းချုပ်မှုမျိုးကို ခံစားရမှာပါ။ မြေပြင်အခြေစိုက် Space Station တွေကစ အပြင်မှာရှိတဲ့ Location တွေအတိုင်း တွေ့မြင်ရမှာဖြစ်ပြီး နောက်ထပ် Day , Night Option တွေ ၊ Wind Situation တွေအပြင် ဂြိုလ်ပတ်လမ်းတွေကိုပါ Latitude , longitude အထိ Detail ကျကျ ရွေးချယ်ခွင့်ပေးထားတာပါ။

Game ဟာ လက်ရှိအချိန်ထိ Early Access အနေနဲ့သာ ရှိနေသေးပြီး Bug တွေ ၊ ဆော့မရတဲ့ Devices တွေတွက်ပါ Developer တွေက Feedback ယူနေတုန်းပါ။ 

လောလောဆယ် မြေပြင်ကို ပြန်ဆင်းတာနဲ့ ၊ ဂြိုလ်ပတ်လမ်းကို မောင်းနှင်တာတွေလုပ်လို့ရပြီး Feature အသစ်တစ်ခုဖြစ်တဲ့ Re-entry Mode ကိုတော့ Update မှာ ထပ်ပါလာမှာပါ။
[- Review -]

Game က အတော်လေးကို သဘောကျစရာကောင်းပြီး အာကာသကနေ ပြန်တွေ့ရတဲ့ ရှူခင်းတွေက တကယ်ကို နှလုံးခုန်မြန်စေမှာသေချာတယ်။ ဒါ့အပြင် Orbit Mode မှာဆိုရင်လည်း Background Music တွေကစ အတော်ကို Relaxing ဖြစ်ပြီး တကယ်တကယ်ကို Feel လို့ကောင်းတဲ့ Game တစ်ခုပါ။ Graphic က Distance View တွေ တအားကောင်းပြီး တကယ့် Space ကနေ ပြန်ကြည့်နေသလိုထိ Real Map Texture တွေကို သုံးပေးထားတာ။ Graphic နဲ့ ပတ်သတ်ပြီး Option များများစားစား ‌ရွေးချယ်ခွင့်ပေးထားပြီး Control ကစ အတော်လေး Fix ဖြစ်တယ်။ 
အာကာသယာဉ်မောင်းတာကတော့ ပုံမှန်ဆော့နေကျ လေယာဉ်တွေထိန်းချုပ်တာထက် ပိုလေးမှာဖြစ်ပြီး Manual နဲ့ မောင်းရင်ကို အတော်လေးခက်တာပါ။ ‌မ‌မောင်းတတ်တဲ့ သူတွေတွက် Auto Pilot ထားပြီး ရှူခင်းတွေကို တဝကြီးကြည့်လို့ရသလို့ Pro တွေတွက်ကတော့ ပတ်လတ်ငြိမ်အောင် မောင်းနိုင်ဖို့တွက် အရမ်းအရေးကြီး‌တယ်နော်။ 
ပြောလို့သာပြောသာ ဒီ Game ဆော့ရင်း အာကာသပေါ်မှာ တစ်ယောက်တည်း မောင်းနေရတဲ့ ခံစားချက်ကြီးက လွမ်းစရာလူမရှိတာတောင် ဘယ်သူ့ကို Feel လို့ Feel နေမှန်းမသိတဲ့ Vibe မျိုးကြီးကို အဟုတ် ခံစားရတာ။ မသိရင် ကိုယ်တစ်ယောက်တည်း ဘယ်သူမှ မရှ်ိတော့တဲ့နေရာမှာ လွတ်လပ်‌နေသလိုမျိုးဘဲ။ ချစ်ရတဲ့သူနဲ့သာဆိုရင် တကယ်ကို နှစ်ယောက်တည်းကမ္ဘာလို့တောင် တင်စားလို့ရတယ်။ 

Game Information

Android version 8 . 0 +
Developer SkyTale Software GmbH
Network Offline
Price R$30.99
App version 1.2.51
Release date 4.12.2021

Download Link

Type Size Link

Playstore

480 MB

R$30.99

Mediafire

 

597 MB

( Apk Only )

Download

Apple iOS

1.4 GB

$4.99

⭐ ( HELLO Rating = 7.9 / 10 ) ⭐

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES