Misguided Never Back Home
° 2 နှစ်ကျော် စောင့်ခဲ့ရတဲ့ Game လေးကတော့ အခုဆိုရင် ရုပ်လုံးအပြည့်နဲ့ Official
ထွက်လာခဲ့ပါပြီ။ ဒီ Game ကို Indonesia အခြေစိုက် Indie Developer ဖြစ်တဲ့ JEVO
Games ကနေ ဖန်တီးပေးထားတာဖြစ်ပြီး Premium Game အနေနဲ့ Horror Fan တွေတွက်
အရမ်းသဘောကျစေမှာ သေချာပါတယ်။ အထူးသဖြင့် Dread Out လို Third Person Game
မျိုးတွေဆော့ဖူးတဲ့သူတွေတွက် ပိုအရသာတွေ့စေမှာဖြစ်ပြီး Asia ရဲ့ Horror Vibe ကို
ပေးစွမ်းနိုင်မယ့် Game ကောင်းတစ်ခုဆိုလည်း မမှားပါဘူး။ ဇာတ်အိမ်ကစ
စိတ်ဝင်စားစရာကောင်းသလို Jump Scare တွေ ၊ သွေးထွက်သံယို Violence တွေအပြင်
Horror ဆိုပေမယ့် ကိုယ်ကကြီး အခြောက်ခံနေရတာမျိုးမဟုတ်ဘဲ ပြန်လည်သတ်ဖြတ်တာတွေထိပါ
ပါဝင်တာကြောင့် ကလေးနဲ့ စိတ်မခိုင်တဲ့သူတွေ ၊ နှလုံးရောဂါရှိတဲ့သူတွေတွက်တော့
အကြံမပေးပါဘူး။ တကယ် Mobile Player တွေတွက် ဆော့ကို ဆော့ကြည့်သင့်တယ်လို့
အကြံပေးပါတယ်။
Note
=====
တကယ်လို့ Game ထဲ ဝင်ဝင်ခြင်း ပြန်ထွက်သွားတာမျိူးတို့ ၊ မဲမဲကြီးဘဲ
ပေါ်နေတာမျိုးတို့ ဖြစ်နေခဲ့ရင် Download link Table ရဲ့ အောက်က How To Fix And
Play ဆိုတာလေး နိပ်ကြည့်ပေးပါ။
[- Review -]
ဒီ Game စ Leak ကတည်းက တမျှော်မျှော်နဲ့ Admin ကိုယ်တိုင် စောင့်နေခဲ့ရတာဖြစ်ပြီး
အာရှရဲ့ Horror ဆန်ဆန် ခံစားစေရမယ့် Game တစ်ခုမလို့ အတော်သဘောကျမိခဲ့တာပါ။ Dread
Out လို Vibe မျိုးကို Mobile တွက် ရစေတာဖြစ်ပြီး မတူပေမယ့် Mobile Player
တွေတွက်တော့ တကယ်ကို ဆော့ပျော်တာ သေချာပါတယ်။ Game က Indie Developer ဆိုတော့
စစထွက်ခြင်းမှာတင် လိုအပ်ချက်တွေ ၊ Bug တွေ အများကြီးရှိနေခဲ့ပေမယ့် သူတို့ရဲ့
ကြိုးစားအားထုတ်မှုကြောင့် Mobile Player တွေတွက် Storyline ကောင်းကောင်းနဲ့ Asia
ဆန်တဲ့ Horror Game တစ်ခုကို ကစားခွင့်ရတာပါ။
( About Story )
ဒီ ဇာတ်လမ်းထဲမှာဆိုရင် အင်ဒိုနီးရှား ကျောင်းသူလေးတွေဖြစ်တဲ့ Silvia နဲ့ Yumna
တို့ကို တွေ့မြင်ရမှာဖြစ်ပြီး အဓိက ဇာတ်ကောင်အနေနဲ့ Silvia ဆိုတဲ့
ကောင်မလေးနေရာကနေ ဝင်ကစားရမှာပါ။ တစ်နေ့ Silvia ဟာ သူ့သူငယ်ချင်း Yumna နဲ့အတူ
မိခင်အုတ်ဂူရှိတဲ့ သင်္ချိုင်းကို သွားကြရင်းကနေ မထင်ထားတဲ့ အဖြစ်ပျက်တွေကြောင့်
မတော်တဆ ဖြစ်ပွားခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့ နှစ်ယောက်လုံး နိုးလာတဲ့
အချိန်မှာတော့ ဘယ်မှန်းမသိတဲ့ နေရာတစ်ခုကို ရောက်ရှိနေခဲ့ပြီး လွတ်မြောက်ဖို့
ကြိုးစားကြရင်းကနေ မထင်ထားတဲ့ အဖြစ်ဆိုးတွေနဲ့အတူ စိတ်လှုပ်ရှားဖွယ်
တွေ့မြင်ရမယ့် Horror ဇာတ်လမ်းတစ်ခုပါ။ အမှတ်မထင် အပြောင်းလဲတွေကြောင့်
ပိုစိတ်ဝင်စားစရာကောင်းလာမယ့်အပြင် Drama ဆန်ဆန် ဝမ်းနည်းဖွယ်ရာ
အခိုက်တန့်လေးတွေပါ ပါဝင်သေးတာကြောင့် ဇာတ်လမ်းတစ်ခုလုံးက Mystery ဖြစ်နေမှာ
သေချာပါတယ်။
( Gameplay / Setting / Graphic )
Gameplay ကတော့ Location တွေ မထပ်ဘဲ တစ်နေရာပြီးတစ်နေရာ Third Person View နဲ့
Explore လုပ်ရမှာဖြစ်ပြီး သဲလွန်စတွေ ၊ သော့တွေ ၊ လက်နက်တွေကို ရှာဖွေရမှာပါ။
လမ်းတစ်လျှောက် မကောင်းဆိုးဝါးတွေ တွေ့မြင်ရမှာဖြစ်ပြီး သတ်တာဖြတ်တာထိပါ
လုပ်လို့ရတာကြောင့် အကြိုက်တွေ့စေမှာပါ။
Setting ပိုင်းကတော့ Graphic Option မှာ High , Medium , Low ထိဘဲ
ရွေးချယ်ခွင့်ပေးထားပြီး မြင့်လေ Environment က ပို Deep လေပါ။ ဒါပေမယ့် Cutscene
အပြောင်းလဲမှာ Setting က Recommend ပေးတဲ့ အတိုင်း ပြောင်းလဲသွားတတ်တာကြောင့်
Graphic High သမားတွေက အခန်း အကူးပြောင်းတွေမှာ Setting ပြန်စစ်ကြဖို့
သတိထားပေးပါ။ နောက်ပြီး Setting မှာ Save လုပ်ဖို့ မမေ့ပါနဲ့။
Graphic က တအားအကောင်းကြီး မဟုတ်ပေမယ့် မသေသပ်တာတွေက
နည်းနည်းပိုတွေ့ရမှာဖြစ်ပြီး Horror Game မလို့ အလင်းအမှောင်တွေကတော့
တကယ်ကောင်းတာပါ။ ဒါ့အပြင် Sounds Effect တွေကစ တကယ်ခြောက်ခြားစရာကောင်းပြီး
Location အပြင်ဆင်တွေကလည်း Asia ဆန်ဆန် တကယ် ထိတ်လန့်စရာကောင်းတဲ့နေရာတစ်ခုလို
ဖန်တီးထားပေးတာပါ။
အတိုချုံ့
- -. Horror Game တွေကြိုက်ရင်တော့ Third Person View နဲ့တင် တကယ်ဆော့ကြည့်သင့်နေပြီ။
- - ဇာတ်လမ်းသွားနဲ့ ဆော့ရမယ့်အပြင် ရွေးချယ်မှုပေါ်မူတည်ပြီး Ending မတူနိုင်ဘူးလို့လဲ ပြောထားတာပါ။
- - Graphic လဲ မဆိုးသလို မကောင်းဆိုးဝါးတွေကို ပြန်ပြီး တွယ်လို့ရတော့ တကယ်အားရစရာကောင်းတယ်။
- - Bug တွေပါသေးသလို Official ထွက်ကတည်းက Device အချို့မှာ Error ဖြစ်နေသေးတာကြောင့် Update တွေ ဆက်တိုက်လုပ်နေတုန်းပါ။ ဒါပေမယ့် Admin က ဘယ်လိုဆော့လို့ရလဲဆိုတာ ပြပေးထားတယ်။
- - Horror Feeling ရပေမယ့် ခုတ်ရထစ်ရတဲ့ Combat ပိုင်းတွေကတော့ အားနည်းနေသေးပါတယ်။ Target ချိန်တာ မပါပါဘူး။
- - တစ်ခါလေ Control Button တွေကစ ကြောင်နေတတ်တယ်။ Update ကြရင် အဆင်ပြေသွားမှာပါ။
- - Checkpoint အစား Setting မှာ Save လုပ်ဖို့ မမေ့နဲ့။
( Personal Review )
Admin ကတော့ Game ကို အားရပါးရ ထိုင်ဆော့လိုက်တာ ပြီးသွားပြီ။ တကယ် အချိန်ပေးရတာ
တန်သလို ဆော့ရတာလဲ ရင်တထိတ်ထိတ်နဲ့ တကယ်မိုက်တယ်။ အစပ််ိုင်း အခန်းတွေဆိုရင်
ဂစ်တာသံလေးနဲ့ normal life ပုံစံ တွေ့ရတာ သဘောကျမိတယ်။ ပြောရရင် အစကတော့ Horror
Vibe လိုမျိုး မှောင်နဲ့မဲမဲထဲ လူပျက်တဲ့အိမ်တွေထဲ ရှာနေရတာဆိုတော့ လန့်တာပေါ့။
သော့ လေးရလို့ လှေကားကနေ ပြန်တက်လာတာ မယ်မင်းကြီးမက ဂါဝန်ဖြူကြီးနဲ့ ရပ်နေတာ
အဲဒါ မသိခြင်ယောင်ဆောင်ပြီး ပြေးကမှ အုန်းကနဲ့ လူပါ ထအော်မိတော့တာဘဲ။
တဖြည်းဖြည်း Game က Horror ကနေ Violence ပြောင်းလာတော့ အတော်အားတက်သွားတာ။
ပုဆိန်ကောက် ကိုင်ကတည်း လိုက်တွယ်တော့တာဘဲ။
ပြောရရင် ဒီထဲက Silvia ရဲ့ Character ကိုလည်း သဘောကျတယ်။ သူငယ်ချင်းတွက်ဆို
ဘာကြီးနေနေ ဝင်တွယ်တော့တာဘဲ။ နောက်ပိုင်းတွေဆို အဖြူထည်ကျောင်းဝတ်စုံမှာပါ
သွေးတွေ စိုရွှဲလာတော့ ဆော့ရတာ သူ့ကြည့်ပြီး တကယ် Baddest ဆန်လာတာ။ တခြားမလန့်ဘူး
တိုက်ပေါ်ကနေ ထွက်လာတဲ့ အခန်းကြမှ လူပါ တကယ် ကြက်သေသေသွားတာ။ တကယ် အဲလို
မကောင်းဆိုးဝါး Type မျိုးကြီး ထည့်မယ်လို့ မထင်ထားခဲ့ဘူး။ အဲဒါလဲ မရဘူး ဓားနဲ့
ဇွက်ဇွက်ဆိုပြီး လိုက်ထိုးတာဘဲ။ သူကသာ မကြောက်တာ တစ်ခါလေ ဆော့နေတဲ့သူက
အသံကြားရင်ကို ပြာယာခက်နေတာ။
( Spoiler )
Game က အစကတည်းက ကျိန်စာလိုလို ၊ လိုက်ခြောက်တာလိုလိုဆိုပေမယ့်
အိမ်မက်ထဲမှာလို့လည်း ခံစားရသလို စမ်းသပ်မှူတွေကြောင့် creature ကြီးတွေ
ဖြစ်လာတာမျိူးလဲ ခံစားမိတယ်။ အစကတော့ သူငယ်ချင်းနှစ်ယောက် အတူတူသွားလာရင်းကနေ
အနီရောင်မိန်းကလေး ပေါ်လာတော့ အခြေနေတွေက ပိုရှုပ်ကုန်တာပေါ့။ သူ့သူငယ်ချင်းကို
ပြန်ဖမ်းသွားတော့ Solo အနေနဲ့လည်း စွန့်စားခဲ့ရသလို ကြားထဲကပါ မထင်မှတ်ဘဲနဲ့
Character အသစ်တစ်ယောက်ပါ ထပ်ထည့်ပေးလိုက်သေးတာ။ ကိုယ်တော်က သတ်တဲ့နေရာကြ
လိုက်မကူဘဲ နောက်ဆုံး အကောင်ကြီးဆီကနေ ထွက်ပြေးတဲ့ချိန်ကြမှ Drama ဆန်ဆန် Suprise
လုပ်ပြီး မျက်ရည်ချူသွားသေးတာ မင်းသမီးကို။
ငါ နင့်ကို Crush နေတာ ဘာညာပြီးမှ ရက်ရက်စက်စက် အသတ်ခံလိုက်ရတော့ မင်းသမီးလဲ
အတော်ဝမ်းနည်းသွားမှာ။ ဒါပေမယ့် အဓိကက သူ့သူငယ်ချင်းဆိုတော့ ရှာရင်းရှာရင်းကနေ
နောက်ပိုင်း အခန်းတွေဆို တကယ် Background. ကြီးတွေက ကြက်သီးထမိတယ်။ စေတီလိုမျိုး
ပုံစံတွေဆိုတော့ Asia Vibe ကို တန်းခံစားမိတာ။ ဒါပေမယ့် နောက်ပိုင်းတွယ်တဲ့
အခန်းကတော့ အားမရဘူး။ ပြောရရင် Admin ပါ ဇာတ်ရည်မလည်တော့တာ။ မင်းသမီးက
ဘယ်လောက်သေသေပြန်နိုးလာတော့ ပို စိတ်ဝင်စားစရာကောင်းလာသလို ဒါကလဲ
ဇာတ်လမ်းအဆုံးမဟုတ်သေးဘဲ ထက် ဆက်အုံးမှာပါ။ နောက်လာမယ့် အပိုင်းက Gun တွေပါ
ပါလာမယ်လို့ ခန့်မှန်းမိတယ်။ ဘာလို့ဆို မင်းသမီးက မသေဘဲ စစ်သားတစ်ယောက်ကပါ
ကာကွယ်ပေးလိုက်တော့ အတော်စိတ်ဝင်စားစရာကောင်းလာပြီ။
Android version | 5 . 1 + |
Developer | JEVO Games |
Network | Offline |
Price | 6,000 MMK |
App version | 126 |
Release date | February 28, 2022 |
Download Link
Type | Size | Link |
Playstore |
900 MB |
6,000 MMK |
Mediafire [ Paid ] |
618 MB ( Apk+Obb )Zip |
Download |
MEGA [ Paid ] |
618 MB ( Apk+Obb )Zip |
Download |
Apple iOS |
--- |
Unavailable |
⭐ ( HELLO Rating = 8.2 / 10 ) ⭐
#HELLOYDB
Comments