Fear Of Phasmophobia

° ဒီ Game လေးက လူသိနည်းတဲ့ Horror Game တစ်ခုဖြစ်တဲ့အပြင် နာမည်ကြီး PC Game တစ်ခု ဖြစ်တဲ့ Phasmophobia ရဲ့ Mobile version လို့တောင် ပြောလို့ရပါတယ်။ ဘာလို့ဆို ဒီ Game က ခြောက်လို့ ထွက်ပြေးရတာမျိူးမဟုတ်ဘဲ သဘာဝလွန်ဖြစ်ရပ်တွေကို လိုက်စုံစမ်းပြီး သရဲရှိကြောင်း ဓာတ်ပုံတွေ ၊ evidence တွေကို တမင်တကာ သေချာလိုက်လံပြီး ရှာဖွေပေးရမှာပါ။ PC မှာတော့ Multiplayer Game တစ်ခုဖြစ်ပေမယ့် အခု Mobile ကတော့ Solo အနေနဲ့သာ တစ်ယောက်တည်းစုံစမ်းပေးရမှာပါ။ ဒီတော့ သရဲရှာဖို့တွက် Camera တွေ , Flash တွေ ၊ ကျမ်းစာအုပ်တွေအပြင် တခြား Ghost Detective ကိရိယာတွေပါ အသုံးပြုလို့ရတာတင်မကဘဲ CCTV တွေကစ အကုန်အသေးစိတ် ကြည့်လို့ရသေးတာပါ။ Graphic ကစ လုံးဝ အမှောင်ချထားတာကြောင့် မီးရောင်တဝင်းဝင်းနဲ့ အရမ်းစိတ်လှုပ်ရှားစေမယ်ဆိုတာ သေချာပါတယ်။
[- Review -]

Game က Size နဲ့ မလိုက်အောင်ကို အတော်အားရစရာကောင်းပြီး Graphic ပိုင်းမှာလည်း အမှောင်ချထားတာကြောင့် အတော်လေး စိတ်ဝင်စားစရာ‌ကောင်းတယ်။ ဒီ Game မှာက အတော်လေးကို အသေးစိတ်ကျပြီး ရုံးခန်းကနေ တစ်ဆင့် အမှုဖြစ်တဲ့နေရာတွေကို သီးသန့် သွားပေးရတာမျိုးပါ။ ဓာတ်မီး ၊ ကင်မရာတွေက ကားနောက်ဖုံးထဲမှာ တစ်ခါတည်းပါပြီးသားဆိုပေမယ့် နောက်ထပ် အကူ ကိရိယာပစ္စည်းတွေကိုပါ Shop ကနေတစ်ဆင့် ထပ်မှာလို့ရသေးတာပါ။
အဲလို ထပ်မှာဖို့တွက် အရင်ဆုံး သရဲရှိကြောင်း ဓာတ်ပုံတွေကို သက်သေအဖြစ် ယူနိုင်ရမှာဖြစ်ပြီး Quest အလိုက် မှုခင်းတစ်ခုခြင်းစီတိုင်းကို တစ်ကိုယ်တော် စုံစမ်းဖော်ထုတ်ရင်းကနေ ရလာတဲ့ ပိုက်ဆံနဲ့ ဝယ်ရမှာပါ။ သဘောကျတာက ဒီ Game မှာက သရဲခြောက်တဲ့ နေရာတွေကြီး လိုက်စုံစမ်းရမှာပါ။ ပြောခြင်တာက တစ်အိမ်တည်းမှာတင် ပြီးသွားမှာမျိူး မဟုတ်ဘဲ နောက်ထပ် Map အသစ် Location သစ်တွေကစ ထည့်ပေးထားသေးတာပါ။ အဓိကက သရဲနဲ့ Selfi ဆွဲဖို့ဘဲ။ တစ်ချို့ Quest တွေဆို သရဲမျက်နှာကို ဓာတ်မီးနဲ့ တည့်တည့် ထိုးခိုင်းတာတွေကစ ပါသေးတယ်။
လိုအပ်တဲ့ Quest တွေပြီးရင်တော့ Entity ကို သေချာရွေးပေးရမှာပါ။ ဥပမာ ကိုယ်တွေခဲ့တဲ့ အရာက Spirit ( ဝိညဉ်လား ) ဒါမှမဟုတ် Genie ( နတ်လား နာနာဘာဝလားဆိုတာ ) စတဲ့ အမျိုးစားအများကြီးကို သေချာ တင်ပြရမှာပါ။ တစ်ခုခြင်းစီကို ရှင်းပြရင် စာရှည်မှာစိုးလို့ ကိုယ့်ဘာကို Game ထဲက Note ထဲမှာတင် ရှာဖတ်ကြတော့နော်။ သရဲတိုင်း ၊ နာနာဘာဝတိုင်းက တစ်ကောင်နဲ့တစ်ကောင် အပြုမူခြင်းမတူတာကြောင့် မှားမမှတ်ကြဖို့ရာလည်း လိုတယ်။
ဒီတော့ အဲလိုသွားလုပ်ရင် ကိုယ်ပါ ဒုက္ခရောက်နိုင်လားဆိုတော့ ရောက်တာပေါ့။ ဘယ်နှယ့် သူများအိမ်က သရဲကို သွားပြီး ဓာတ်ပုံလာရိုက်မှတော့ ဟိုကလည်း ဂုတ်ချိုးလွတ်မှာ အသေချာဘဲ။ အဲဒါကြောင့် ဒီ Game က ဘယ်လိုဖြစ်နေလဲဆိုရင် ကြောက်ကလဲကြောက်တယ် ၊ ဓာတ်ပုံလေးကလည်း ရခြင်တယ်ဆိုတော့ သရဲမမြင်ခြင်ရင်တောင် မြင်ကိုမြင်ရမယ့် Game မျိုးပါ။ ပုံမှန်ဆို ထွက်ပြေးရတာမျိုးတွေ များပေမယ့် ခုဟာက ရိုက်ပြေး ဓာတ်ပုံရိုက်ပြီး ပြေးရမှာပါ။
Lighting ကို တအားအမှောင်ချထားတာကြောင့် အိမ်ထဲ ပြူးပြူးပြဲပြဲ လိုက်ရှာရင်း သရဲနဲ့ ဝင်တိုက်မိရင်တော့ မပြောတတ်ဘူးပေါ့။ Admin ဆို ဘာကြီးလဲ ကြည့်ရင်းကြည့်ရင်းကနေ မဲမဲကြီး အုပ်သွားတာဘဲ။ ခက်တာက ပစ္စည်းကလဲ နှစ်လက်ဘဲ ကိုင်လို့ရတော့ Battery အားကုန်သွားရင် အတော်ဂွကျတယ်။ အခန်းတံခါးတွေ များသလို ဖွင့်တိုင်း ရင်တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားစရာကောင်းတာကြောင့် Admin ကတော့ ဆော့ကြည့်ဖို့ရာ အကြံပေးတယ်။

Game Information

Android version 5 . 0 +
Developer Darkplay Game
Network Offline
Price Free
App version 3.5
Release date July 13, 2021
Platform Android

Download Link

Type Size Link

GoogleDrive

[ Normal ]

164 MB

( Apk Only )

Download

Mediafire

[ Normal ]

164 MB

( Apk Only )

Download

MEGA

[ Normal ]

164 MB

( Apk Only )

Download

Apple iOS

---

 Unavailable

⭐ ( HELLO Rating = 7.8 / 10 ) ⭐

>>  Download ဆွဲနည်း <<

Gameplay Video

Related Posts

  • Parkour Extreme            ထွက်ထားတာ ၂ ရက်ကျော်ဘဲ ရှိသေးပြီး Parkour သဘောကျတဲ့သူတွေတွက်တော့ ဆော့ကြည့်သင့်တဲ့ game တစ်ခုပါ။ Game က တိုက်ပေါ်တွေမှာ ကျော်ခွ၊ ဂျွန်းပစ်ရတဲ့ Type မျိုးဖြစ်ပြီး Mission… Read More
  • Otherworld Legends             မနေ့ညကမှ Official ထွက်လာပြီး Pixel ကြိုက်တဲ့သူတွေတွက်တော့ လုံးဝကို လက်မလွတ်သင့်တဲ့ Game ကောင်းလေးပါ။ Game က Action-roguelike အမျိုးစားဖြစ်ပြီး ကြမ်းကြမ်းတမ်းတမ်းနဲ့ Fa… Read More
  • House Of Fear Another World           ဒီ Game က ဆော့ရတာ အတော်လည်း ထူးဆန်းသလို Mystery ဆန်ဆန်နဲ့ စွန့်စားခြင်တဲ့သူတွေတွက်တော့ အကြိုက်တွေ့စေမှာပါ။ Puzzle game ဆိုပေမယ့် Supernatural ဆန်တာကြောင့် သဘာဝလွန် စွမ်း… Read More
  • Tuberbrook           Adventure သဘောကျတဲ့သူတွေတွက်တော့ လုံးဝ Hot ဖြစ်စေမယ့် Console နဲ့ PC ကနေ ဆင်းလာတဲ့ Game ကောင်းလေးပါ။ Game က Sci-Fi လည်း ဆန်သလို ၁၉၆၀ ခုနှစ်ရဲ့ ပတ်ဝန်းကျင် အရသာကိုလည်း တွ… Read More
  • Number 752         အရင်ဆုံး သတိပေးခြင်တာက တအားလန့်တတ်တဲ့သူတွေ၊ အစွဲလန်းကြီးတတ်သူတွေ လုံးဝ မဆော့သင့်ပါဘူး။ ဒီတစ်ခါတော့ နောက်တာမဟုတ်ပါဘူး တကယ်ပါ။ Mobile မှာ ထွက်တဲ့ Horror game အများစုက လူသေတွ… Read More

Comments

Anonymous said…
New update plz

လူကြည့်အများဆုံး GAMES