SARCOPH
ဒီ Game လေးက Mobile Player တွေတွက် စိတ်လှုပ်ရှားစေမယ့် သည်းထိတ်ရင်ဖို Game
ကောင်းလေးတစ်ခုဖြစ်ပြီး USA အခြေစိုက် Developer ဖြစ်တဲ့ David Turkiewicz
တစ်ယောက်တည်းကနေ ဖန်တီးထားတဲ့ Premium Game ကောင်းလေးတစ်ခုပါ။ ဒီထဲမှာဆိုရင် သင်က
စွန့်ပစ်အဆောက်အဦးကြီးတစ်ခုရဲ့ Secret Floor ထဲကို ဝင်ရောက်စူးစမ်းရမှာဖြစ်ပြီး
ရှေးဟောင်းရုပ်ထုတွေကို ဓာတ်လှေကားနဲ့အတူ ပြန်သယ်လာပေးရမှာပါ။ ဒါပေမယ့် ဘယ်အရာမှ
လွယ်လွယ်ကူကူမရနိုင်ဘူးဆိုသလို ဒီအဆောက်အဦးကြီးထဲမှာ နောက်ထပ် စောင့်ကြည့်နေတဲ့
Occupant guard ဆိုတဲ့ သတ္တဝါကြီးတစ်ကောင် ရှိနေပါသေးတယ်။
° Game ရဲ့ Graphic ကစ Realistic ဖြစ်တာကြောင့် Environment ရဲ့ HD Texture ,
Lighting Focus တွေအပြင် သတ္တဝါကြီးရဲ့ Character Development ကပါ တကယ်ကို
ပီပီပြင်ပြင် Detail ဖန်တီးထားတာပါ။ ရုတ်တရက်ဆို Shock ရသွားနိုင်တာကြောင့် Jump
Scare တွေ ၊ ပြေးလာတာတွေထက် ခြေသံနဲ့ အော်သံတွေကစ နည်းနည်းလေး အသံကြားရုံနဲ့
နှလုံးခုန်မြန်စေမှာ သေချာပါတယ်။ ဒီတော့ သတ္တဝါကြီးနဲ့ ထိတ်တိုက်မတွေ့ဘဲ
ရှေးဟောင်းရုပ်ထုတွေကို ပြန်သယ်လာနိုင်ပါ့မလားဆိုတာကိုတော့ သင့်ရဲ့
ဆော့ရဲတဲ့သတ္တိနဲ့ ပုန်းနိုင်တဲ့ အရည်အချင်းပေါ်ဘဲ မူတည်ပါတယ်။
တစ်ခုတော့ရှိတယ်နော် တစ်ခါလေ ပုန်းနေတာတောင် ကုတင်အောက်ထဲထိ
ခေါင်းကြီးစိုက်ဝင်လာတာမျိူးတွေထိ ကြုံရနိုင်ပါတယ်။ အဲတော့ နှလုံးရောဂါရှိရင်
မဆော့တာ အကောင်းဆုံးဘဲ။
[- Review -]
ဒီ Game ကို Old Fan တွေလောက်သာ မှတ်မိကြမှာဖြစ်ပြီး အရင်က ထွက်တုန်းက Portrait
ပုံစံ ဒေါင်လိုက်ကြီး ကစားရတာပါ။ နောက် Update ကြမှာ Widescreen ကို Support
ပေးလိုက်တာဖြစ်ပြီး ကျယ်ကျယ်ပြန့် ဆော့လို့ရသွားတော့ အရမ်းမိုက်တာပေါ့။ Admin
ကတော့ Old version ကော New version ပါ သဘောကျတယ်။ အရင်က ဒေါင်လိုက်ဆိုတော့
ဆော့ရတာ မြင်ကွင်းကျဉ်းကျဉ်းလေးမှာ Touch ထောက်သွားရတာက အတော်လေးကို
စိတ်လှုပ်ရှားစရာကောင်းတယ်။ ပေါ်လာရင်လဲ Screen ပေါ်ကို အကောင်လုံးလိုက်
ထွက်လာတော့ ပိုကြောက်စရာကောင်းတာပေါ့။
အခု Windscreen မှာကြတော့ Environment ကို Explore လုပ်ရတာ ပိုလွယ်သွားပြီး
အကောင်လုံးလိုက် ခုန်အုပ်တာ မမြင်ရပေမယ့် ခေါင်းပိုင်းနဲ့တင်
စိတ်လှုပ်ရှားစရာကောင်းတာပါ။ Game ပုံစံက လုံးဝကို
ရိုးရိုးရှင်းရှင်းလေးဆိုပေမယ့် တကယ် Graphic ကတော့ အရမ်းသဘောကျစရာကောင်းတာပါ။
အရင်က Free To Play Game တစ်ခုဖြစ်ပေမယ့် အခု Windscreen ရလာပြီးနောက်ပိုင်း Paid
Game အနေနဲ့ $0.99 နဲ့အတူ Playstore မှာကော Apple Store မှာပါ
ဝယ်ကစားလို့ရနေပါပြီ။ Review ကောင်းတွေလည်း ရရှိထားတာကြောင့် Horror Fan တွေတွက်
လက်မလွတ်သင့်ဘူးလို့ အကြံပေးပါတယ်။ နောက်ပြီး Optimization လည်း ကောင်းတာကြောင့်
ဖုန်းတိုင်းနီးပါ အဆင်ပြေပြေကစားလို့ရမှာပါ။
Android version | 5 . 0 + |
Developer | David Turkiewicz |
Network | Offline |
Price | $ 0.99 |
App version | 2.52 |
Updated | Jamuary 6, 2022 |
Platform | Android / iOS |
Download Link
Type | Size | Link |
Playstore |
310 MB |
$0.99 |
|
||
GoogleDrive [ Normal ] |
310 MB ( Apk Only ) |
Download |
Mediafire [ Normal ] |
310 MB ( Apk Only ) |
Download |
MEGA [ Normal ] |
310 MB ( Apk Only ) |
Download |
|
|
|
Apple iOS |
310 MB |
$0.99 |
Comments