Cozy Islands ( Test )

° ဒီနေ့ Test အနေနဲ့ အသစ်ထွက်လာတဲ့ Game လေးကတော့ အရမ်းကို Relax ဖြစ်စေမယ့်အပြင် Size နဲ့မလိုက်အောင်ပါ Next Generation Graphic ကို ပိုင်ဆိုင်ထားတာပါ။ Cyprus နိုင်ငံ Tetrox Limited ကနေ ဖန်တီးဖြန့်ချီပေးထားပြီးတော့ လောလောဆယ် Test အနေနဲ့သာ ရှိနေသေးပေမယ့် အတော်လေး သဘောကျစရာကောင်းတဲ့ Game တစ်ခုဆိုလည်း မမှားပါဘူး။ ဒီ Game မှာဆိုရင် ကျွန်းတစ်ခုလုံးကို Explore လုပ်လို့ရတဲ့အပြင် Craft နဲ့ Building ပိုင်းတွေပါ လုပ်ဆောင်‌နိုင်သေးတာကြောင့် Graphic ကောင်းကောင်းနဲ့ အေးအေးဆေးဆေးလေး ဆော့ခြင်တဲ့သူတွေတွက် အကြိုက်တွေ့စေမှာ သေချာပါတယ်။ နောက်ထပ် ဘယ်လို သဘောကျစရာကောင်းတာတွေပါအုံးမလဲဆိုတာ သိခြင်ရင်တော့ Review မှာဘဲ ဆက်ဖတ်ကြည့်တော့နော်။

[- Review -]

အရင်ဆုံး Fan တွေ သတိထားမိလားမသိပေမယ့် ဒီ Game ရဲ့ Character Art လေးတွေကို nostalgia ဆန်ဆန်ခံစားမိမှာပါ။ အစက In Game Data ထပ်ဆွဲရမယ်လို့ထင်ထားပေမယ့် လုံးဝမဟုတ်ခဲ့ဘဲ စစခြင်းပေါ်လာတဲ့ Environment Graphic နဲ့တင် အတော်လေး သဘောကျခဲ့မိတာပါ။ ခက်တာက Graphic အတော်ကြည့်ကောင်းသလောက် Setting နဲ့ပတ်သတ်ပြီး Option များများ ပါမလာသေးပါဘူး။ Gameplay ကတော့ လောလောဆယ် Auto မပါဝင်ဘဲ Craft တာတွေ ၊ Resources စုတာတွေက ကိုယ်တိုင်ဘဲ လုပ်ဆောင်ရမှာပါ။ 
ခုဟာက Test မလို့ အကြမ်းဖျင်းလောက်သာ ချ‌ပြပေးထားပြီး နောက်ထပ်ပါဝင်လာမယ့် Features သစ်တွေထဲမှာ အကောင်မွေးတာတွေပါ ထည့်သွင်းပေးလာမယ်လို့ သိရပါတယ်။ ဒါ့အပြင် တခြား NPC တွေပါ ထပ်တိုးလာနိုင်ပြီး Official ကြရင်တော့ အတော်လေးကြည့်ကောင်းလာမှာပါ။ Mobile Game ရဲ့ ထုံးစံတိုင်း Free To Play ဆိုတော့ Microtranstation ကတော့ ပါဝင်မှာဖြစ်ပြီး လောလောဆယ် Test အနေနဲ့မလို့ Account တွေပါ ချိတ်ခွင့်မပြုသေးပါဘူး။ 
ချုံပြောရရင်တော့ Test ဆိုပေမယ့် Size လည်း နည်းတော့ Graphic ကောင်းကောင်းလေးနဲ့ အပန်းဖြေခြင်တဲ့သူတွေတွက် အကြိုက်တွေ့စေမှာပါ။ Character movement လေးတွေက သဘောကျစရာကောင်းပြီး items တွေကစ One by one pick တာမလို့ အသေးစိတ်ကျပြီး ကြည့်လို့ကောင်းတာပါ။ 

Game Information

Android version 5 . 0 +
Developer Tetrox Limited
Network Online
Price Free
App version 0.0.1
Release date June 3, 2022
Platform Android / iOS

⭐ ( HELLO Rating = 8 / 10 ) ⭐


#HELLOYDB

Comments

လူကြည့်အများဆုံး GAMES