Moto City

° ဒီတစ်ခါ Game သစ်လေးကတော့ ထူးထူးခြားခြားနဲ့ အတော်ပျော်စရာကောင်းပြီး Delivery အလုပ်ကို ခပ်မိုက်မိုက် ဆိုင်ကယ်တွေနဲ့ Open World ကြီးထဲမှာ လိုက်ပို့ပေးရမှာပါ။ ဒီထက် ပိုမိုက်တာကတော့ Server တစ်ခုတည်းမှာတင် ကစားရမှာဆိုတော့ မိမိအပါဝင် NPC တွေတင်မကဘဲ တခြား player တွေ အများကြီးနဲ့ပါ ပျော်ပျော်ကြီး Deli လိုက်ပို့ရမှာပါ။ ရလာတဲ့ ပိုက်ဆံတွေနဲ့ ဆိုင်ကယ်အသစ်တွေ ၊ အိမ်အသစ်တွေကို ဝယ်ယူလို့ရပြီး ဒီ Game ဟာ Delivery Quest တစ်ခုတည်းကိုသာ အာရုံစိုက်ထားတာမဟုတ်ဘဲ တခြား Chasing လုပ်တာတွေ ၊ ဆိုင်ကယ် Stun အလှပြတာတွေထိပါ လုပ်ဆောင်လို့ရတာပါ။ Graphic အနေနဲ့လည်း Size နဲ့မလိုက်အောင် အရမ်းကြည့်ကောင်းပြီး Game အသစ်မလို့ Bug နည်းနည်းပါးပါးရှိတာလွဲရင် တကယ်သဘောကျစရာကောင်းတဲ့ Game ကောင်းလေးတစ်ခုပါ။ 

[- Review -]

Game ကိုပြောရရင် သဘောကျမိတာတော့ အမှန်ဘဲ။ အစက Developer တွေပြထားတဲ့ Screen Shot တွေလောက် မမျှော်မှန်းထားပေမယ့် In Game ကြတော့ တကယ် Graphic ကစ အတော်လေး အဆင်ပြေနေတာကို တွေ့ရတယ်။ Game ရဲ့ အဓိကကတော့ Delivery လိုက်ပို့တာဆိုပေမယ့် ပိုစိတ်ဝင်စားစရာကောင်းတာကတော့ Map တစ်ခုလုံးမှာ ဂုန်းတက်ဂုန်းလျှောတွေ ထည့်ပေးထားတာပါ။ အကြောင်းကတော့ ဒီတိုင်း ဆိုင်ကယ်လေးမောင်းရင်း ပစ္စည်းပို့တာမျိုးဆိုရင် အတော်ပျင်းစရာကောင်းမှာကို Developer တွေက ကောင်းကောင်းသိနေပြီး အဲအစား ဂုန်းတက်တွေမှာ Jumping လုပ်ရင်းနဲ့ အလှပြတာတွေ ၊ ရှေ့ဘီး၊နောက်ဘီး လှည့်တာတွေထိ လုပ်ဆောင်လို့ရအောင်ထည့်ပေးထားတာပါ။ 
ငယ်ငယ်က P2 မှာဆော့ခဲ့တဲ့ ဆိုင်ကယ်နဲ့ စက်ဘီး Game တွေလို့ Vibe မျိုးကို ရတော့ ဆော့ရတာ မဆိုးဘူးပြောရမယ်။ Physics ပိုင်းမှာဆိုရင်လည်း ဆိုင်ကယ်နောက်ပြန်ဆွဲတာတွေ ၊ အရှိန်လွန်ပြီး လူပါ လွင့်ထွက်သွားတာတွေကစ သေချာတွေ့မြင်ရမှာပါ။ Real Time Server မလို့ တခြား Player တွေပါ Map ထဲမှာ တွေ့နိုင်တယ်ဆိုပေမယ့် Casual Game ဆို‌တော့ သူတို့ရဲ့ Name တွေကိုတော့ မြင်ရမှာမဟုတ်ပါဘူး။ တကယ်လို့ သူငယ်ချင်းတွေနဲ့ အတူဆော့ခြင်ရင်တော့ Map ရဲ့ နေရာတစ်ခုခုမှာ ချိန်းပြီး လူစုလို့တော့ရပါတယ်။ နောက်ပြီး Map တွေကို Explore လုပ်နိုင်ရုံနဲ့ မြို့ထဲမှာ ဝှက်ထားတဲ့ Bonus Money တွေပါ ရအုံးမှာပါ။ ဒီတော့ လိုအပ်ချက်တွေရှိ‌နေသေးပေမယ့် အပျင်းလည်းပြေသလို ပျော်စရာ‌လည်း ကောင်းတာကြောင့် အတော်များများ သဘောကျကြမယ်လို့ မြင်မိတယ်။ 

Game Information

Android version 8 . 0 +
Developer Ararat Games
Network Online
Price Free
App version 0.1.15
Release date May 18, 2022
Platform Android

⭐ ( HELLO Rating = 7.7 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

Comments

လူကြည့်အများဆုံး GAMES