Cover Shooter
° အသစ်ထွက်ထားတဲ့ ဒီ Game လေးက D Day လို Action Shooter
အမျိုးစားတွေသဘောကျရင်တော့ အကြိုက်တွေ့စေမှာဖြစ်ပြီး Graphic ကစ အရင် Game
ကထက်အများကြီး Improve ဖြစ်လာတာကို တွေ့မြင်ရမှာပါ။ အရင်က Adalet Namluda 2
ထွက်ပြီးနောက်ပိုင်း အဆက်ပြတ်သွားခဲ့ပြီး အခု Title အသစ်နဲ့အတူ
ပြန်ပေါ်လာခဲ့တဲ့အပြင် Free To Play အနေနဲ့ပါ ထုတ်ပေးလိုက်တာကြောင့် အတော်လေးကို
သဘောကျစရာကောင်းတာပါ။
° Game က Action ဆန်ဆန် တစ်နေရာပြီးတစ်နေရာ Auto သွားရင်း ပစ်ရတာဆိုပေမယ့်
ဒီတစ်ခါ Game ရဲ့ Graphic Evolution ကတော့ Partical Effect တွေကစ Lighting
ကောင်းကောင်းနဲ့ တွေ့မြင်ရမှာပါ။ Chapter အလိုက် Location အစုံပါမယ့်အပြင်
အဖွဲ့လိုက် ရန်သူတွေကို နိမ်နင်းရတာဖြစ်တာကြောင့် Third Person Shooter
သမားတွေတွက် အတော်လေးသဘောကျစေမှာ သေချာပါတယ်။ အထူးသဖြင့် Graphic ပိုင်းကို
ပိုအားရမိတာပါ။
[- Review -]
အစက ဒီ Game ထွက်ထွက်ခြင်းတင်ဖို့ရာ လုပ်ထားပေမယ့် ကံကောင်းသွားတယ်လို့ ဆိုရမယ်။
ဘာလို့ဆို စစထွက်ခြင်းမှာတင် Graphic Error ကြောင့် GPU ပေါ်မူတည်ပြီး
ဖုန်းတွေမှာ မဲမဲကြီးတွေဖြစ်ကုန်ကြတာပါ။ အမှန်တိုင်းပြောရရင် အစက Admin တောင်
Graphic Error မှန်း မသိခဲ့ဘူး။ Game သစ်ဆိုတော့ နောက်ပြီး အရင်ကလည်း ဒီ
Developer တွေက ပုံစံတူထုတ်နေရာကနေ အခုတစ်ခါ ဆန်းဆန်းပြားပြား
အမှောင်ဦးစားပေးထုတ်ပေးတာများလားလို့ ထင်ထားခဲ့တာ။
နောက်ဆုံး Sniper Mission ကြမှ ပြူးပြဲနေအောင် ရန်သူကို မနည်းရှာပစ်နေရတော့
မဟုတ်သေးဘူးဆိုပြီး Update အလာကို စောင့်နေလိုက်တော့တာ။ ဘာလို့ဆို သူတို့ Trailer
မှာပြထားတာနဲ့ လုံးဝ ကွဲနေတော့ အဲမှာ Fix ဖို့ရာ ကျန်နေသေးတယ်ဆိုပြီး
ချန်ထားလိုက်တော့တာ။ အခု Update မှာတော့ အားလုံးအဆင်ပြေသွားပြီး ထင်ထားတာထက်ကို
Graphic ပိုင်းက ကြည့်ကောင်းနေတာပါ။
အထူးသဖြင့် မိုးပေါက်လေးတွေ မြေပြင်မှာ စိုနေတာတွေ၊ မိုးခြိမ်းလို့ Lighting
ဖြာထွက်သွားတာတွေက အတော်လေး Game ကို ဆွဲဆောင်စေတယ်။ နောက်ပြီး သေနတ်ကထွက်တဲ့
မီးစ နဲ့ အငွေ့တွေကစ ကောင်းကောင်း ဖန်တီးထားတော့ ဆော့ရတာ အတော်လေး
အားရစရာကောင်းတာပါ။ ဒါ့အပြင် Map ကလည်း အရင် Game တွေကထက်ကို ပိုထည့်ပေးထားပြီး
အကုန်လုံးနီးပါးကိုက Environment Graphic ပိုင်းတွေမှာ အရမ်းကြည့်ကောင်းတာပါ။ UI
တွေကစ ရှင်းသလို ဆော့ရတာ တကယ်ကို ပေါ့ပေါ့ပါးပါးနဲ့မလို့ အကြိုက်တွေ့ကြမှာ
သေချာပါတယ်။
Android version | 5 . 0 + |
Developer | Rigbak |
Network | Offline |
Price | Free |
App version | 1.3 |
Release date | Jun 24, 2022 |
Platform | Android |
Comments