Poppy Playtime Chapter 2

0% COMMUNITY SCORE
LOADING...
RATE:
° Poppy Fan တွေစောင့်နေကြတဲ့ Chapter 2 ဟာ Mobile ပေါ်ကို Premium Game အနေနဲ့ Official ထွက်ရှိလာပါပြီ။ PC Horror Game အနေနဲ့ နာမည်ကြီးထားပေမယ့်လည်း Mobile version ပါ ထုတ်ပေးထားတာကြောင့် PC မရှိတဲ့သူတွေတွက်ပါ အရမ်းကို အဆင်ပြေတာပါ။ 
° အထူးသဖြင့် Chapter 1 ရဲ့ အထင်ကရအကောင်ကြီးဖြစ်တဲ့ အပြာရောင် Huggy Wuggy ဆိုတဲ့ Monster ကြီးဟာ Horror Fan တွေတွက် အတော်လေး ရေပန်းစားခဲ့တာပါ ။ ဒါပေမယ့် Chapter 1 ရဲ့နောက်ပိုင်း ဆက်ဖြစ်လာတဲ့ အဖြစ်ပျက်တွေဟာ ပိုလို့တောင် စိတ်ဝင်စားစရာကောင်းလာသလို ဒုတိယ Iconic အရုပ်ကြီးဖြစ်တဲ့ ခြေတံရှည်လက်တံရှည် Mommy Long Legs ဟာဆိုရင်လည်း မြင်ရင်ကို အူယားစရာကောင်းလောက်အောင်ထိ ကြောက်စရာကောင်းတာကို တွေ့မြင်ရမှာပါ။ ဒါ့အပြင် လူသိများတဲ့ ဂိုဂိုဝါး မီးနီမီးဝါ Game ပုံစံနဲ့ အသွင်တူတဲ့ အခန်းတွေပါ ပါဝင်လာပြီး အရင် Chapter 1 ကထက်ကို Deep ဖြစ်တဲ့ထိ ရထားရုံတွေထိပါ Explore လုပ်ရတော့မှာပါ။စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ပထမပိုင်းမှာ လွတ်ပေးလိုက်တဲ့ Poppy လေးက ဘယ်သူ့ဘက်က ဖြစ်နေမလဲဆိုတာပါ။

တကယ် Horror Series Game တစ်ခုအနေနဲ့ အရမ်းစိတ်ဝင်စားစရာကောင်းတာကြောင့် ဒီ ကလေးဆော့တဲ့ အရုပ်တွေဟာ ဘာလို့ကြောက်စရာကောင်းနေလဲဆိုတာ သိခြင်ရင် ကိုယ်တိုင်ဘဲ ဆော့ကြည့်လိုက်တော့နော်။ နောက်ပြီး ဇာတ်အိမ် ဖန်တီးထားတာကစ တကယ်ကောင်းတာပါ။ 
[- Review -]

ဒီ Chapter One ရဲ့ နောက်ဆုံးပိုင်းမှာ ဖြစ်သွားတဲ့ အဖြစ်ပျက်တွေဟာ အရုပ်စက်ရုံကြီးရဲ့ နောက်ကွယ်က လျှိုဝှက်ချက်တွေကို ပိုလို့တောင် စိတ်ဝင်စားစေတာ အမှန်ပါဘဲ ။ Admin တို့လည်း အစပိုင်းမှာ ထင်ခဲ့တာက ဒီအရုပ်တွေက လူသားတစ်ယောက်နီးနီး လုပ်ဆောင်နိုင်အောင် ထုတ်လုပ်ထားတယ်ဆိုတာက နည်းပညာစက်ပစ္စည်းတွေကြောင့်လို့ ထင်ထားမိခဲ့ပေမယ့် Huggy Wuggy ပြုတ်ကျသွားတဲ့အချိန်မှာ အရုပ်ကနေ သွေး‌တွေထွက်လာတာကို တွေ့ခဲ့ရတော့ ပိုလို့တောင် ကြက်သီးထမိခဲ့တာပါ။ နောက်ပြီး Interview တိပ်တွေက အဖြစ်ပျက်တွေဟာ ပိုလို့တောင် ဒီ ဇာတ်လမ်းကို စိတ်ဝင်စားစေမိခဲ့တာအမှန်ပါဘဲ။ 
Game က Puzzle Solve လုပ်တာတွေ ၊ Escape လုပ်ရတာတွေ ‌အတော်ကောင်းသလို Mystery ဆန်ဆန်နဲ့ ဒီ နောက်ကွယ်က ဇာတ်အိမ်ကပါ Game ကို ပို Hype ဖြစ်အောင် လုပ်ပေးနေတာပါ။ အများစုက Gameplay ပိုင်း အားရကြတော့ ကြားထဲက သဲလွန်စ Note တွေ ၊ တိပ်တွေကို ကျော်သွားကြနိုင်ပေမယ့် ဒီ Game တစ်ခုလုံးရဲ့ Chapter တစ်ခုနဲ့ တစ်ခုကြားက Moment တွေက အဲဒီ မှတ်စုတွေထဲမှာတင် ပိုစိတ်ဝင်စားစရာကောင်းအောင် သဲလွန်စတွေပေးနေတာပါ။ အခု Chapter 2 ဆို ပိုလို့တောင် အဖြစ်ပျက်တွေများသလို Mommy Long Legs ဟာဆိုရင်လည်း ကြောက်စရာကောင်းတာထက် ပိုပြီး သနားစရာကောင်းတာကို ခံစားကြည့်ရင် တွေ့မြင်ရလိမ့်မယ်။ အဓိက ကြိုးကိုင်တဲ့သူက ဘယ်သူဆိုတာ သေချာမသိသေးပေမယ့် ထင်ယောင်ထင်မှားဖြစ်အောင်ကို Character Behavior နဲ့ အသစ်တွေကစ ထုတ်ပြသွားတာ။ 
အသက်ဝင်နေတဲ့ အရုပ်တိုင်းက ရန်မူနေတာမျိုးမဟုတ်ဘဲ သူတို့ရဲ့ ခံစားချက်တွေက လူစစ်စစ်တစ်ယောက်လိုကို ပြုမူပြောဆိုနေတော့ ပိုပြီးတော့တောင် Creepy ဖြစ်စေတာပါ။ ဒီ Game နဲ့ပတ်သတ်ပြီး Fan theory တွေ အများကြီး ရှိပေမယ့် တကယ်ပျောက်ဆုံးသွားတဲ့ အလုပ်သမားတွေသာ အရုပ်ထဲမှာ ချိုးနှက် ပိတ်လှောင်နေခဲ့တာဆိုရင် အတော်လေး အူယားစရာကောင်းမှာ အသေချာဘဲ။ Interview မှာပါတဲ့ စကားအသွားလာကလဲ မသေတဲ့ ခန္ဓာကိုယ်ကို ရခြင်တယ်ဆိုတော့ ကြောက်စရာတော့ ကောင်းနေပြီ။ Mommy က ဒီ Chapter 2 မှာ မကောင်းတဲ့သူဆိုပေမယ့် အရင်က အဲလို မဟုတ်ခဲ့တဲ့အပြင် Mommy Character ရဲ့ အသံသရုပ်ဆောင်ကပါ အတော်လေးကြိုးစားထားတာကို တွေ့ရတယ်။ သူ့ရဲ့ လေယူလေသိမ်းက တကယ်ဖြစ်နေသလိုထိ Game ကို ပိုဆွဲဆောင်အောင် သရုပ်ဆောင်နိုင်တယ်။ 
Game က Bug နဲ့ Error တွေ ပါသေးပေမယ့် Update ကြ Fix သွားမှာပါ။ တကယ် ကောင်းတဲ့ Horror Game လေးမလို့ Admin ကတော့ သဘောကျတယ်။ နောက်ပြီး Chapter 1 မှာ တွေ့လိုက်ရတဲ့ Poppy အရုပ်လေးက ဒီ Chapter 2 မှာပါ အဓိက ဇာတ်ရုပ်နေရာက‌နေ ပါလာတာဆိုတော့ အဆုံးသတ်တွေမှာ ဘယ်လို Plot Twist တွေနဲ့ ကြက်သီးထစရာကောင်းလဲဆိုတာ သိခြင်ရင် ဆော့ကြည့်ကြဖို့ရာ အကြံပေးတယ်။ ဘာလို့ဆို Poppy က Main ဘဲလေ။ 

Game Information

Android version 5 . 0 +
Developer MOB Games Studio
Network Offline
Price $ 6.98
App version 1.0
Release date Aug 11, 2022
Platform Android / iOS / PC

⭐ ( HELLO Rating = 8 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...