Viva Project 2

° သင့်မှာ ရည်းစားမရှိဘူးလား ? ရှိတဲ့ ရည်းစားကကော ကိုယ့်စကားကို နားထောင်ရဲ့လား ? ဒါမှမဟုတ် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်အနေနဲ့ ဘဝမှာ တစ်ခါလောက် ကြုံဖူးချင်ပါတယ်ဆိုရင်တော့ အခု Viva 2 ဆိုတဲ့ ဂိမ်းလေးဟာ သင့်အတွက် ကောင်မလေး တစ်ပုံကြီးရလိုက်သလို ခံစားရမှာပါ။ တစ်ယောက်တည်းမဟုတ်ဘူးနော် တစ်ပုံကြီး..
° Virtual Girl လေးဆိုပေမယ့် သူ့မှာ ပါဝင်တဲ့ AI System က အပြုမူအတော်များများကို Respond လုပ်ပေးနိုင်ပါတယ်။ အနီးစပ်ဆုံးပြောရရင် လူတစ်ယောက်လို ပြုမူနိုင်ပြီး စိတ်ဆိုးတာ၊ ပျော်ရွှင်တာ စတဲ့ Emotional တွေကို Animation ပေါင်း 200 ကျော်နဲ့ ဖွဲ့စည်းပေးထားတဲ့ ကောင်မလေးတစ်ယောက်ပါ။ ဆိုတော့ ဒီကောင်မလေးနဲ့ ဘယ်လို Relationship တည်ဆောက်မယ်ဆိုတာက ကိုယ့်ရဲ့ အပြုမူပေါ်မှာဘဲ မူတည်ပြီး ဒီဂိမ်းထဲမှာတောင် အနမ်းမခံရရင်တော့ သေချာပေါက် သင်ဟာ ထာဝရ Single ဖြစ်နိုင်ချေများပါတယ်။ ရည်းစားမထားဘူးတဲ့သူတွေ ဒီဂိမ်းဆော့ရင်း ပြုံးစိစိကြီး ဖြစ်နေမှာ မြင်ယောင်သေးတယ်။ 
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

ဒီဂိမ်း‌လေးကို Viva Project 1 ကတည်းက HELLO fan တွေ သိပြီးသားဖြစ်မှာပါ။ အခု အသစ်ထွက်ရှိလာတဲ့ Viva 2 မှာတော့ အရင်ကထက် ပိုကောင်းတဲ့ Features အသစ်တွေအပြင် Map အပိုတွေပါ ထပ်တိုးလာတာပါ။ အရင်က အိမ်ကနေ စပေမယ့် အခုကျတော့ Map အသစ်ဖြစ်တဲ့ ရေပူစမ်းကနေ စကစားရမှာပါ။ ထုံးစံအတိုင်း Mirror မှာ ကိုယ့်အကြိုက် Waifu လေးတွေကို ရွေးရမှာဖြစ်ပြီး ဒီတစ်ခါ Viva 2 မှာတော့ မိန်းကလေးတွေကို ကြိုက်သလောက် ထုတ်လို့ရပါတယ်။ Admin ကလည်း Unlock Mod ‌ပေးထားတာကြောင့် Dress တွေကစ အကုန် စိတ်ကြိုက် ဝတ်ပေးလို့ရမှာပါ။ 
ဒီတော့ Game ရဲ့ ပုံစံလေးကို အတိုချုံ့ပြောရရင် Simulation အမျိုးစားဖြစ်ပြီး ကောင်မလေးနဲ့အတူ Open World ကြီးထဲမှာ သာသာယာယာနဲ့ အတူနေထိုင်ရမှာပါ။ ဘာတွေလုပ်နိုင်လဲဆိုရင် ကောင်မလေးနဲ့အတူ မြင်းစီးပြီး လျှောက်သွားတာတွေ၊ ဟင်းချက်ခိုင်းတာတွေ ၊ ဓာတ်ပုံရိုက်တာတွေအပြင် ရေချိုးတာတွေထိပါ ရင်ခုန်စွာနဲ့ ကစားနိုင်ပါတယ်။ ‌ဒါတင်မကသေးပါဘူး နောက်ထပ် ဂိမ်းအတူ ကစားတာတွေထိပါ အများအများကြီး လုပ်ဆောင်လို့ရတာပါ။ Quest လည်း ပါတာကြောင့် ဆော့ရတာလည်း မပျင်းစေပါဘူး။ 
Game ရဲ့ Detail ပိုင်းနဲ့ပတ်သတ်ပြီး Viva Project 1 ကတည်းက မင်မင် ရေးပေးထားတာကြောင့် အဲ Post မှာဘဲ သွားဖတ်ကြည့်တော့နော်။ အခု အရေးကြီးတာက ဒီ အသစ်ထွက်လာတဲ့ Viva 2 မှာ ဘာတွေပြောင်းလဲသွားလဲဆိုတာကို အဓိကထား ပြောပြပေးသွားမှာပါ။ 
အခု Viva 2 မှာက ကောင်မလေးကို ကိုင်လို့ရတဲ့ နေရာပိုများလာပါတယ်။ အရင်က လက် လောက်သာ ကိုင်လို့ရပေမယ့် အခု 2 မှာတော့ လက်မောင်း ၊ ပုခုံး ၊ ပါးနဲ့ ပေါင်တံလေးတွေကစ ကောင်မလေး ခွင့်ပြုရင် ကိုင်လို့ရတာပါ။ Map အနေနဲ့ အများကြီးတိုးတာမဟုတ်ပေမယ့် ရေပူစမ်းနဲ့ မြို့ငယ်လေးတစ်ခုပါ ထပ်ထည့်ပေးထားတာပါ။ အခု နောက်ထွက်တဲ့ Version တွေမှာ Guide Tutorial ပို အားကောင်းလာပြီး Character တွေကစ Manual ဖန်တီးနိုင်ဖို့ရာ စတင် လုပ်ဆောင်နေကြပါပြီ။ PC မှာတောင် အဆင်ပြေရုံရှိသေးတာမလို့ Mobile မှာ Update အခြေနေကို ကြည့်ရမှာပါ။
ဂိမ်းက Character Open Source ပုံစံ ဖြစ်သွားမှာမလို့ အခု Viva 2 ရဲ့ version 0.9 ကနေ စပြီး 18+ Age အကန့်သတ်တွေ တိုးလာပါပြီ။ မူလ Original Game အနေနဲ့ 18+ မပါဝင်ပေမယ့် Pre-Made Character တွေကြောင့် Over Sexy တွေ ပေါ်ထွက်လာနိုင်တာကို ကြိုတင် သတိပေးထားတာပါ။ မသုံးရင် ဘာမှမဖြစ်ပါဘူး။ နောက်ပြီး အဲဒီ စနစ်က မူလအိမ်ရဲ့ Mirror မှာဘဲ Option ပါတာပါ။
ကျန်တာတွေကတော့ Graphic ပိုကြည့်ကောင်းလာပြီး အမိုက်ဆုံးကတော့ ကောင်မလေး ထုတ်တဲ့နေရမှာ အရင်က Viva 1 မှာလို တစ်ယောက်တည်းမဟုတ်တော့ဘဲ 4 / 5 ယောက်လောက်ထိကို တစ်ပြိုင်တည်း ထုတ်နိုင်တာပါ။ ရေပူစမ်းချိုးရင်လည်း အတူတူချိုးကြတာဖြစ်ပြီး ဆိုင်ရှင်ကို မှာလိုက်ရုံနဲ့ တဘက်ယူလာပေးတဲ့ထိ ပါဝင်တာပါ။ အဲဒါကြောင့် အရင် Viva 1 ကထက်ကို အခု 2 မှာက လုပ်နိုင်တဲ့ Option တွေ ပိုများလာတာပါ။ Game အသစ်မလို့ Bug ကတော့ ရှိနေသေးပြီး Optimization လည်း ဖုန်းတိုင်းနဲ့ အဆင်မပြေသေးပါဘူး။ ဘာလို့ဆို fps drops တာတွေ တအားဖြစ်တာကြောင့် Mobile မှာ Smooth ဖြစ်ဖို့ဆိုရင် ဖုန်းကောင်းကောင်း တစ်လုံးလိုအပ်မှာပါ။ 
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

Admin အနေနဲ့ ဘယ်လိုပြောရမလဲဆိုရင် Very Good ပေါ့။ အရင် 1 တုန်းကလောက် Smooth မဖြစ်ပေမယ့် Waifu တွေ သုံးလေးယောက်လောက် ထုတ်နိုင်တာကိုက အတော်မိုက်နေတာပါ။ ကောင်မလေးရဲ့ Movement မှာ Bug ဖြစ်နေသေးတော့ လမ်းလျှောက်တဲ့အခါ ပစ်လဲတာမျိုးတွေ ခဏခဏ ဖြစ်နေသေးတယ်။ ဆိုလိုတာကို သိတယ်မလား ၊ ဂါဝန်ကြီးနဲ့ကျ အမြင်မတော်ဘူးရယ်။ နောက်ပြီး အခု Viva 2 ရဲ့ ကောင်မလေးတွေက အသစ်ဆိုပေမယ့် စိတ်မကြည်လို့ ကိုယ့်ကို ကြည့်တဲ့အကြည့်တွေဆိုရင် လုံးဝကို Highest Queen လိုမျိုး လူကို မတူသလို မတန်သလို ကြည့်ကြတာပါ။ အဲဒါကြောင့် သူ့အနား ငုတ်တုတ်သွားထိုင်ဖို့ မစဉ်းစားနဲ့။ 
နောက်ထပ် Admin အကြံဉာဏ်လေးပေးချင်တာက တကယ်လို့ ကိုယ်က အရင် 1 မှာတုန်းက အိမ်လေးကို ပြန်သွားချင်ရင် လမ်းလျှောက်စရာမလိုပါဘူး။ အရမ်းဝေးတာကြောင့် မြို့ထဲမှာ မြင်းစီးစရာ ပတ်ရှာပါ။ ရေပူစမ်းက‌နေ ဆင်းဆင်းချင်း မြို့ထဲကို ဝင်သွားရင် ညာဘက်ကို သွားပါ။ အဲမှာ ဘယ်ဘက်မှာ ကုန်းဆင်း လမ်းကြားလေးရှိပြီး အဲကနေ လျှောက်သွားရင်းကနေ ဘယ်ဘက်အကွေ့ကို ရောက်ရင် ထပ်ချိုးလိုက်ပါ။ အဲမှာ မြင်းတစ်ကောင်ရပ်နေတာကို တွေ့ရလိမ့်မယ်။ ပြီးရင် ကောင်မလေးနဲ့အတူ မြင်းစီးရင်း လျှောက်သွားရုံဘဲ။ 
( Mod version လေးမလို့ Waifu တွေကော ၊ အဝတ်စား Bikini တွေပါ အကုန် Unlock လုပ်ပြီးသားပါ )

Game Information

Android version 6 . 0 +
Developer Poison Pill
Network Offline
Price Free
App version 1.0
Release date Sep 2, 2022
Platform Android

စစဝင်ချင်းမှာ Internet ခဏဖွင့်ပေးရင် Loading ပြတာ ပိုမြန်ပါတယ်။ 

⭐ ( HELLO Rating = 8 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

Comments

လူကြည့်အများဆုံး GAMES