Cat Fred Evil Pet
° ဒီတစ်ခါ ဂိမ်းသစ်လေးကတော့ ကြောင်ချစ်တဲ့သူတွေအတွက် Unusual Horror Vibe
မျိုးကို ပေးစွမ်းနိုင်မယ့် ဂိမ်းကောင်းလေးတစ်ခုပါ။ အိမ်တစ်အိမ်မှာ ကြွက်တွေ
သောင်းကျန်းနေရင် လူအများစု အကြံပေးတတ်ကြတာက ကြောင်မွေးကြည့်ပါလားဆိုတဲ့
စကားတွေကို အများစု ကြားဖူးကြမှာပါ။ ကြွက်တွေကို အာရုံနောက်လို့ ကြောင်
မွေးတာဆိုပေမယ့် ကြောင်တွေကို သေချာဂရုမစိုက်ရင်တော့ ကြွက်ထက်
ပိုကြောက်စရာကောင်းတာကို Horror ဆန်ဆန်နဲ့ ပုံဖော်ထားတာမလို့
အရမ်းသဘောကျကြမှာပါ။
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }
Game ပုံစံက Mobile Horror ဂိမ်းတွေလိုဘဲ Escape ပုံစံမျိုးကို
ပုံဖော်ထားတာဖြစ်ပြီး ထူးခြားတာကတော့ အဲလိုဂိမ်းမျိုးလို့ မထင်ထားရလောက်အောင်ကို
ဖန်တီးထားတာပါ။ သင်က ကြွက်တွေသောင်းကျန်းလို့ တစ်အိမ်လုံးမှာရှိတဲ့ ပိုက်ဆံတွေကို
အရင်ဆုံး လိုက်ရှာရမှာဖြစ်ပြီး Online ကနေ ကြောင်လေးတစ်ကောင်ကို ဝယ်ယူပေးရမှာပါ။
ကြောင်တစ်ခုတည်းတင်မဟုတ်ဘဲ ကြောင်စာခွက်ကော ၊ ကြောင်စာကော ၊ အိပ်ယာအခင်းတွေကစ၊
ကစားစရာတွေအဆုံး အကုန်လုံးကို ပြည့်စုံအောင် ဝယ်ပေးရမှာပါ။ အဲတော့
ကြောင်လေးအတွက် လိုလေသေးမရှိအောင် ဝယ်ပေးထားတယ်ဆိုပေမယ့် ပိုင်ရှင်ဖြစ်တဲ့
သင်ကတော့ ကြောင်လေးကို ကြွက်ဖမ်းဖို့ရာ သက်သက်ဘဲ မွေးခဲ့တာပါ။
တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားတဲ့အချိန်မှာတော့ ထူးခြားတာတွေဟာ စတင်လာခဲ့ပါတယ်။
ကြွက်ကိုဖမ်းမယ့်အစား ငှက်တွေကို ဖမ်းလာခဲ့ပြီး ဘာမှမသိတဲ့သင်ကတော့ အဲဒီငှက်ကိုပါ
ကြောင်စာအဖြစ်နဲ့ အသုံးချခဲ့တာပါ။ အကျိုးဆက်ကတော့ နောက်နေ့တွေမှာ ကြောင်ဟာ
ရန်မူတတ်လာပြီး နောက်ဆုံး မထင်မှတ်ထားတဲ့အချိန်မှာတော့ နတ်ဆိုးကြီးတစ်ကောင်ဟာ
အိမ်ထဲမှာ ရောက်နေပြီဆိုတာ သိလိုက်ရပါတယ်။
အခန်းထဲမှာပါ ပိတ်လှောင်ခံခဲ့ရတာကြောင့် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေအတွက် Craft
စနစ်တွေပါ Survival ပုံစံမျိုး ပါဝင်လာခဲ့ပြီး Puzzle ကော Mysterious Horror Vibe
မျိုးကိုပါ တစ်ချိန်တည်း ခံစားရမှာပါ။ အဲဒါတွေက ဒီဂိမ်းရဲ့ ထူးခြားချက်အပြင်
Challenging အဖြစ်ဆုံးကတော့ Puzzle ရဲ့ Methods တွေဟာ Random
အလိုက်ပြောင်းလဲနေတာပါ။ ဥပမာအနေနဲ့ တခြားသူဆော့ပြီးသား Code ကို
အလွယ်တကူသုံးတာတွေ ၊ တခြားသူ ရှာတွေ့ခဲ့တဲ့ နေရာတွေမှာ ပစ္စည်းရှာတာမျိုးတွေက
ဒီဂိမ်းထဲမှာ တစ်သတ်မှတ်တည်း ပုံသေတွေ့ရမှာမဟုတ်ပါဘူး။ အဲဒါကြောင့်
ဂိမ်းတစ်ခုလုံးရဲ့ Level ဒီဇိုင်း အပြင်အဆင်တွေက အရမ်းသဘောကျစရာကောင်းပါတယ်။
အစပိုင်းမှာ သာသာယာယာလေး ဆော့ရင်းကနေ နောက်ကျမှ ဝုန်းဒိုင်းနဲ့ ဝုန်းဒိုင်းနဲ့
ရင်တထိတ်ထိတ် ကစားရမယ့် ဂိမ်းကောင်းလေးတစ်ခုပါ။
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )
Admin စဆော့တုန်းက ဒီဂိမ်းကို ကြွက်နေရာကနေ ကစားရမယ်လို့ ထင်ထားခဲ့တာ။ စကတည်းက
လူနေရာကနေဆိုတော့ နည်းနည်းထူးဆန်းသွားပြီး ဆော့ရင်းဆော့ရင်းကနေ Horror Game
ဆိုတာတောင် မေ့သွားတဲ့အထိပါ။ ဘာလို့ဆို ကြောင်ဝယ်ဖို့ ပိုက်ဆံလိုက်ရှာရင်း
တိုင်ပတ်နေတာကို။ ကြောင်လေးလဲရရော အိပ်ယာအခင်းနဲ့ အစာတွက်ပါ ထပ်ပြီး
ပိုက်ဆံလိုက်ရှာရသေးတော့ Cat Simulator ဂိမ်းလိုမျိုးတောင် ဖြစ်သွားသေးတယ်။
ဒါပေမယ့် သိပ်မကြာပါဘူး နှစ်ရက်မြောက်နေ့ကျတော့ ငှက်တစ်ကောင်ဖမ်းလာပြီး အိပ်ယာနား
လာထိုင်နေတာ။
အစက အဲဒါကို ငှက်လို့ မထင်ဘူး ဒီတိုင်း ကြောင်စာအိတ်ကြီး ကိုက်လာတယ်လို့
မှတ်နေတာ။ ခွက်ထဲ ထည့်လိုက်တော့မှ ငှက်ဖြစ်နေတော့ လူတောင်အံ့ဩသွားတယ်။ ဒီလောက်
အလုံပိတ်နေတဲ့ တိုက်ခန်းကနေ ဘယ်က ငှက်ကို ဖမ်းလာတာလဲပေါ့။ အဲဒါနဲ့ ငှက်ကို
ပြန်ဖယ်မယ်လုပ်တော့ ဖယ်မရဘဲ ဒီတိုင်း ကျွေးလိုက်ရတော့တာ။ နောက်ရက်ကျတော့ ကြောင်က
အနားကပ်မခံဘဲ စပြီး ရန်မူလာပါလေရော။ အဲအချိန်ကျမှာဘဲ Admin လည်း
သဘောပေါက်သွားတော့တာ။
ဘာကိုလဲဆိုရင် ဒီဂိမ်းရဲ့ Main Character က လုံးဝ ကြောင်ချစ်တဲ့သူမဟုတ်ပါဘူး။
ကြွက်တွေသောင်းကျန်းလို့သာ ကြောင်ကိုမွေးထားတာဖြစ်ပြီး ဝယ်တာတောင် Online ကနေ
ရရာကြောင်ကိုဘဲ ကောက်ဝယ်လိုက်တာပါ။ အဲတော့ ကြောင်အတွက် လိုအပ်တာတွေ
အကုန်ဝယ်ပေးပြီး အစာကျွေးလိုက် ကစားလိုက်လုပ်နေရင်ကို
လုံလောက်ပြီလို့ထင်နေခဲ့တာပါ။ တကယ်တန်းအဲဒါက လုံးဝ မှားပါတယ်။ ကြောင်တွေဟာ
အဲလောက်နဲ့ မလုံလောက်ပါဘူး။ နောက်ပြီး သူတစ်ချက် သတိမထားမိတာက
နှစ်ရက်မြောက်နေ့မှာ ငှက်ချီလာကတည်းကပါ။ ကြောင်တွေက အဲလိုမျိုး
သူတို့ဖမ်းလို့ရတဲ့ သားကောင်တွေကို ပိုင်ရှင်ဆီ လာပြရင် ပိုင်ရှင်ရဲ့
ချီးကျူးမှုကို ရချင်ကြတာပါ။ သူတို့သာ တကယ်ဆာရင် တန်းစားပစ်ကျမှာပေါ့။ အဲဒါကို
မသိတဲ့ Main Character က အဲငှက်ကို အားရပါးရ ကြောင်စာထည့်တဲ့ ခွက်ထဲကို
သွားထည့်တော့ ကြောင်စာကျွေးရမယ့် အစား အဲဒီငှက်ကို စားခိုင်းလိုက်သလို
ဖြစ်သွားတယ်။ သေချာပေါက် သူ ဂရုမစိုက်ဘူးဆိုတာ သိသာနေတော့ နောက်ရက်ကျ အခုလို
ကြောက်စရာကောင်းတဲ့ နတ်ဆိုးဖြစ်ရပ်တွေ စတင်တော့တာဘဲ။
ဒီဂိမ်းကို ဖန်တီးထားတဲ့ idea ကိုတော့ သဘောကျတယ်။ Developer က
ကြောင်အကြောင်းနားလည်တဲ့သူ ဟုတ်မဟုတ်တော့ မသိပေမယ့် သူချိတ်ဆက်ပေးထားတဲ့
အဖြစ်ပျက်လေးတွေက တကယ်သဘာဝကျတယ်။ နတ်ဆိုးကိစ္စတွေတော့ မပါဘူးပေါ့။ ပုံမှန်ဆိုရင်
Admin တောင် ဒါမျိုးတွေ သိမှာမဟုတ်ဘူး ။ အိမ်မှာ ညီမလေးက
ကြောင်ချစ်တတ်တဲ့သူဆိုတော့ ကြောင်တွေရဲ့ အပြုမူတွေကို
ပိုပြီးရင်းနှီးခွင့်ရခဲ့လို့ အခုလိုပြောပြနိုင်တာ။ ကြောင်လေးတွေက တကယ်
ဂရုစိုက်မှု အရမ်းခံချင်ကြတာပါ။ နားလည်အောင်ပြောရရင် ရည်းစားထားရသလိုဘဲ။ Crush
လိုပါ ချေပါချေတတ်ကြသေးတယ်။ ဒီတော့ Horror ဂိမ်းလေးဆိုပေမယ့် ကြောင်ကိုမွေးပြီး
သေချာ ဂရုမစိုက်တတ်တဲ့သူတွေအတွက် Creepy သင်ခန်းစာလေးလို့ မြင်မိတယ်။
| Android version | 5 . 1 + |
| Developer | WildGamesNet |
| Network | Offline |
| Price | Free |
| App version | 1.0.4 |
| Release date | Sep 3, 2022 |
| Platform | Android / iOS |
⭐ ( HELLO Rating = 8.2 / 10 ) ⭐
Click To Download
>> Download ဆွဲနည်းကြည့်ရန် <<
#HELLOYDB
Gameplay Video
Discussion
0
You
Loading comments...










