Typoman Remastered
° ဒီဂိမ်းလေးက တကယ်ကို တခြားဂိမ်းတွေထက်ကို ပိုပြီး ဗဟုသုတကြွယ်ဝစေမယ့်အပြင်
ကစားရတာကစ Unique ဆန်ဆန်လေးနဲ့ စိတ်ဝင်စားစရာကောင်းတာပါ။ အမှန်တိုင်းပြောရရင်
ဒီလိုဂိမ်းမျိုးက သင့်ရဲ့ E Skill ကိုတောင် စိန်ခေါ်ပေးနိုင်မယ့်
ဂိမ်းပုံစံမျိုးပါ။ ဘာလို့လဲဆိုရင် Puzzle တိုင်းက English Words တွေကို
အသုံးပြုထားတာဖြစ်ပြီး အခက်ခဲတွေကို ကျော်ဖြတ်ချင်ရင် ကိုက်ညီမယ့် Meaning
မျိုးကိုပါ တစ်ခါတည်း ပတ်ဝန်းကျင်ပေါ်မူတည်ပြီး စဉ်းစားပေးရမှာပါ။ တကယ်ကို
Creative ဖြစ်လွန်းတဲ့ ဂိမ်းတစ်ခုမလို့ မချီးကျူးဘဲ မနေနိုင်အောင်ကို
အရမ်းသဘောကျမိပါတယ်။ နောက်ပြီး LIMBO တို့လို Vibe မျိုးနဲ့ ကစားရမှာမလို့ တကယ်
လက်မလွတ်စေချင်ပါဘူး။
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }
ဒီဂိမ်းရဲ့ Original က ထွက်ထားတာကြာပြီဆိုပေမယ့် Remastered Version ကိုတော့
ဒီနှစ်ထဲမှာတင် ထုတ်ပေးထားတာပါ။ အရင်ကထက် Features အသစ်တွေ ထပ်တိုးလာပြီး Game
ရဲ့ Visual quality ပိုင်းတွေ ၊ Camera works တွေ၊ Performance၊ Audio နဲ့
Gameplay balancing တွေကစ အများကြီးကို Improve လုပ်ပေးထားပါတယ်။ Content တွက်
Mini Game အသစ်နှစ်ခုကို playtime အတွက်ထည့်ပေးထားပြီး Narrator voice နဲ့
Character codex တွေကို Animation အသစ် ၊ Sounds အသစ်တွေနဲ့ ထပ်မံ
တွေ့မြင်ရအုံးမှာပါ။ ဒါတွေက Remastered Version ရဲ့ Features အသစ်တွေမလို့
အရမ်းမိုက်ပါတယ်။
Game အကြောင်းကို ပြန်ဆက်ရရင် သင်က ဒီထဲမှာ ထူးထူးခြားခြား စာလုံးတွေနဲ့
ဖန်တီးထားတဲ့ Character လေးတစ်ယောက်နေရာကနေ ကစားပေးရမှာပါ။ အစပိုင်းမှာ O
အင်္ဂလိပ်အက္ခရာလေးကို ခေါင်းအနေနဲ့ ကိုယ်စားပြုထားပြီး တဖြည်းဖြည်းနဲ့
စာလုံးသစ်တွေထပ်ရလာတော့ ခြေထောက်အတွက် H လိုမျိုး အင်္ဂလိပ်အက္ခရာ
စာလုံးလေးတွေနဲ့ တစ်ဆင့်ခြင်း ခန္ဓာကိုယ်လေးကို ဖန်တီးသွားတာပါ။ ခြေထောက်ရလာရင်
ခုန်လို့ရမယ်၊ လက်ရလာရင် ပစ္စည်းတွေကို တွန်းတာရွေ့တာတွေ စတာတွေကို
အကုန်လုပ်ဆောင်လို့ရမှာပါ။ ဒါပေမယ့် အဲဒါက Basic အနေနဲ့သာ ဖြစ်ပြီး
တကယ်ဒီဂိမ်းရဲ့ အနှစ်ကတော့ Words တွေကို အသုံးချရတာမျိုးပါ။
နားလည်အောင် ပြောရရင် သင်က စာလုံးတွေပြည့်နေတဲ့ Apocalypse ကမ္ဘာငယ်လေးတစ်ခုမှာ
ကစားရမှာပါ။ ပတ်ဝန်းကျင်မှာ ရှိရှိသမျှ အရာဝတ္ထုအများစုဟာ စာလုံးတွေနဲ့
ဖန်တီးပေးထားတာဖြစ်ပြီး စာလုံးရဲ့ အဓိပ္ပာယ် Meaning တိုင်းက
ပတ်ဝန်းကျင်တစ်ခုလုံးကို အကျိုးသက်ရောက်နေတာမလို့ Meaning ကြွယ်ဝရုံနဲ့
အခက်ခဲတွေကို ကျော်ဖြတ်နိုင်တာမျိုးပါ။ ဥပမာ အလွယ်ဆုံးကိုပြောရရင် စက်လှေကားနဲ့
အပေါ်ကိုတက်တိုင်း ခလုပ်ကို အသုံးပြုတာထက် Word အနေနဲ့ N ရဲ့ ဘေးနားမှာ O ဆိုတဲ့
စာလုံးလေးကို တွန်းရွေ့ပေးလိုက်ရုံနဲ့ ON ဆိုပြီး ခလုပ်ပွင့်သွားတာမျိုးကို
မြင်တွေ့ရမှာပါ။ တကယ် ဖန်တီးထားတာက အရမ်း Smart ဖြစ်ပြီး တဖြည်းဖြည်းနဲ့ English
Words တွေကို ပြန်စီတာတွေ ၊ လိုတာတွေကို ပြန်ထည့်တာမျိုးတွေနဲ့ ဒီဂိမ်းရဲ့ Level
ဒီဇိုင်းတွေကို ရေးဆွဲထားတာပါ။
တကယ်လို့ ကိုယ့်အနေနဲ့ English Words မကြွယ်ဝရင်တောင် Hint တွေ ပေးထားတာမလို့
ဘာမှ စိတ်ပူစရာမလိုအောင်ကို သေချာဖန်တီးပေးထားတာပါ။
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )
Admin ကတော့ Original တုန်းကလည်း ကစားဖူးတာဆိုတော့ ဒီ Remastered Version ကိုလည်း
သဘောကျမိတယ်။ Developer ပြောသလို တကယ် Visual Quality ပိုင်းတွေက Improve
လုပ်ပေးထားတာပါ။ Admin စဆော့တုန်းကဆိုရင် ဒီဂိမ်းကို သာမန် Adventure
ဂိမ်းတစ်ခုလို့ ထင်ထားမိခဲ့တာ။ နောက်ကျမှ စာလုံးလေးတွေနဲ့ အခက်ခဲတွေကို
ကျော်ဖြတ်ရတာဆိုတော့ အရမ်းကို စိတ်ဝင်စားသွားခဲ့တာ။ Awards တွေလဲ ရရှိထားတာမလို့
တကယ် ကောင်းတဲ့ ဂိမ်းတစ်ခုလို့ ပြောချင်ပါတယ်။ Playstore မှာ Free ပေးပေမယ့် Full
Unlock ကိုတော့ ဂိမ်းထဲမှာဘဲ တစ်ဆင့်ထပ်ဝယ်ပေးရမှာပါ။
" 2D Platform Game တွေထဲမှာ Puzzle ကို Unique ဆန်ဆန်နဲ့ Words တွေကို
အသုံးပြုထားတာမလို့ ဆော့ဖူးအောင် ဆော့ကြည့်သင့်ပါတယ်။ "
Android version | 5 . 1 + |
Developer | Brainseed Factory |
Network | Offline |
Price | 6.99 $ |
App version | 1.2.5 |
Release date | Jun 27, 2022 |
Platform | Android / iOS |
Comments