Unreal Chemist

◤ ကျောင်းတုန်းက ဓာတ်ခွဲခန်းဆိုတာ သန့်ရှင်းရေးလုပ်ဖို့ပဲ အများဆုံးဝင်ခဲ့ရသမျှ ဒီတစ်ခါမှာတော့ ကိုယ့်ရဲ့ ဖုန်းလေးနဲ့တင် ဓာတုဗေဒဓာတ်ခွဲခန်းကြီး တစ်ခုလုံးကို Simulation လုပ်ခွင့်ရမှာမလို့ ဝါသနာပါတဲ့သူကော၊ လျှောက်ကလိချင်တဲ့ သူတွေအတွက်ပါ တကယ်ကို အရမ်းစိတ်ဝင်စားသွားစေမယ့် Educational Game ကောင်းလေးတစ်ခုပါ။ ◥
➥ ( - 𝘼𝙗𝙤𝙪𝙩 𝙂𝙖𝙢𝙚 - )
---------------------------
တကယ်ဆိုရင် ဒါက App တစ်ခုအနေနဲ့ဆို ပိုမှန်နိုင်ပေမယ့် သူက လက်တွေ့နီးပါးထိ စမ်းသပ်မှုတွေကို လေ့လာလို့ရတာကြောင့် Game တစ်ခုအနေနဲ့ 3D Graphic နဲ့တင် အတော်လေးကို စိတ်ဝင်စားစရာကောင်းတာပါ။ ဒီထဲမှာဆိုရင် Acids, Bases, Water, Salt Solutions, Piranha Solution နဲ့ Fluoroantimonic Acid တွေထိ နည်းမျိုးစုံနဲ့ ဒြပ်စင်တွေကို ရောစပ် စမ်းသပ်လို့ ရတဲ့အပြင် Salts နဲ့ Metals တွေကအစ Burn လုပ်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ Chemistry ရဲ့ အလှတရားတွေကိုပါ အံ့ဩစွာနဲ့ ကြည့်ရှုခွင့်ရမှာမလို့ လက်တွေ့မှာ မလုပ်နိုင်တဲ့ အရာတွေကို ဒီ Game ထဲမှာတင် အကုန် စမ်းသပ်ကြည့်လို့ရတာပါ။
ဒီထဲမှာ Chemicals ပေါင်း 170 ကနေ 200 နီးပါး အထိ ပါဝင်ပြီး မတူညီတဲ့ စမ်းသပ်မှုပေါင်း 800 ကျော်အထိကို လက်တွေ့လုပ်ဆောင်နိုင်တာကြောင့် တကယ် ပညာရေးအတွက်လဲ အသုံးဝင်သလို၊ လျှောက်ကလိချင်တဲ့ သူတွေအတွက်လဲ Realistic Graphic, Situation တွေနဲ့ အရမ်းကို မိုက်ပါတယ်။ ဘာကြောင့်လဲဆိုရင် လက်တွေ့ စမ်းသပ်မှုတိုင်းမှာ အခပ်မသင့်ရင် အန္တရာယ်တွေ့နိုင်တာကြောင့် အခုလို Game ထဲကနေ တဆင့် လေ့လာခွင့်ရတယ်ဆိုတာ အတော်လေးကို အသုံးဝင်တယ်လို့ ပြောရမှာပါ။ အသုံးပြုတဲ့ ပုံကလည်း ရိုးရှင်းသလို ရောစပ်တာတွေ၊ အပူပေးတာတွေထိ ပုံစံမျိုးစုံကို 3D Graphic နဲ့ မြင်တွေ့ရမယ့် ဂိမ်းကောင်းလေးတစ်ခုပါ။
➥ ( - 𝙂𝙖𝙢𝙚 𝙍𝙚𝙫𝙞𝙚𝙬 - )
-----------------------------
အရင်ဆုံး မင်မင်ပြောချင်တာက ကျောင်းတုန်းကဆိုရင် မင်မင်က ဓာတုဗေဒနဲ့ ပတ်သတ်ပြီး အရမ်းပျင်းတဲ့ထဲမှာ ပါပါတယ်။ စာမေးပွဲဖြေတာတောင် Periodic Table ကြီး ချဆွဲပြီး တစ်ခုပြီးတစ်ခု ထိုင်ကြည့်ရင်း ဖြေခဲ့ရတဲ့ထဲမှာ ပါခဲ့တော့ ဒြပ်စင်နဲ့ ပတ်သတ်ရင် တန်းမသိသလို ၊ Formula ဆိုရင် ဦးနှောက်ရဲ့ ဟိုးအဝေးကြီးမှာပဲ ရှိတော့တဲ့ သူတစ်ယောက်ဆိုတာ ဝန်ခံချင်ပါတယ်။
ဒါပေမယ့်လေ မင်မင်က စာကျက်ရတာသာ ပျင်းတာ၊ စမ်းသပ်မှုကြ‌ရင်တော့ ထိပ်ဆုံးက ကလိချင်တဲ့ထဲမှာ ပါပါတယ်။ ဘယ်လိုပြောရမလဲဆိုရင် လက်တွေ့မှာ လုပ်လဲလုပ်ကြည့်ချင်တယ်၊ ပစ္စည်းရှားတာလဲ သိတယ်၊ ကံမကောင်းရင် ဝုန်းဒိုင်းနဲ့ ဗုံးဖြစ်သွားမှာလဲ ကြောက်ခဲ့ရတော့ အခုဂိမ်းက မင်မင်အတွက်တော့ အရမ်းကို အသုံးဝင်ပါတယ်။ နဂိုကတည်းက ကလိချင်တဲ့ စိတ်အခံကြောင့် ပညာအရ စာတွေအကုန် နားမလည်ရင်တောင် အခုလို ရိုးရိုးရှင်းရှင်းနဲ့ စမ်းသပ်လို့ရနိုင်တာကြောင့် အချိုးအစားတွေ၊ ပမာဏတွေကို စိတ်ထင်ရာ ကမြင်းကြည့်လို့ရပါတယ်။ 

ဒြပ်စင်တွေ အများဆိုအများကြီး စမ်းသပ်မှုအစုံ၊ formula အစုံကို ထုတ်လို့ရတာကြောင့် တစ်နေကုန် ထိုင် ကလိရင်တောင် ကုန်သွားမယ်မထင်ဘူး။ တစ်ခုတော့ ရှိတာပေါ့ အချိုးအစားနဲ့၊ ပမာဏ မမှန်ရင်လည်း ဝုန်းကနဲ့ ပေါက်ကွဲတတ်တာကြောင့် ဘာကြောင့် ဒီလိုဖြစ်ရတယ်ကော၊ ဘာနဲ့ ဘာ ဒြပ်ပြုသွားတယ်ဆိုတာကစ အသေးစိတ်ဖော်ပြပေးထားတာပါ။ ပြီးတော့ ဒြပ်စင်တွေ၊ သတ္ထုတွေနဲ့ ပတ်သတ်ပြီးလည်း အသေးစိပ်ကို ထပ်ကြည့်လို့ရသေးတော့ လုံးဝကို ဗဟုသုတရတဲ့ ဂိမ်းတစ်ခုဆိုတာ မမှားပါဘူး။ နောက်ပြီး အောက်ဘက်မှာ burn နဲ့ metal တွေက တကယ် အရမ်းကို စိတ်ဝင်စားစရာကောင်းတာမလို့ စမ်းဖြစ်အောင် စမ်းကြည့်စေချင်တယ်။ 

❝ တကယ်ကို ဗဟုသုတအရကော၊ လျှောက်ကလိချင်တဲ့သူတွေအတွက်ပါ လုံးဝကို Try ကြည့်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် Review မှာ ဆက်ဖတ်ကြည့်နော်။ ❞

Game Information

Android version 6 . 0 +
Developer PIXEL MILLER
Network Offline
Price In App Purchase
App version 7056
Release date Dec 16., 2021
Platform Android / iOS

⭐ ( HELLO Rating = 8.2 / 10 ) ⭐


  Download 


❛ Game က Android ကော iOS မှာပါ Free ပေးထားတယ်ဆိုပေမယ့် Android မှာက‌ တော့ Full Version ထည့်ပေးထားပါတယ်။

အဲဒါကြောင့် Android သမားတွေက ဂိမ်းထဲဝင်တာနဲ့ Internet လေး ဖွင့်ပြီး Paid လေးကို နိပ်လိုက်တာနဲ့ ဒြပ်စင်တွေအကုန်လုံးကို အသုံးပြုလို့ရသွားမှာပါ။ ❜


#HELLOYDB

Gameplay Video

Comments

လူကြည့်အများဆုံး GAMES