Fall Guys Mobile


❝ ကဲကဲ ..အားလုံးသိကြတဲ့ မူလပိုင်ရှင်ရောက်လာပြီဆိုတော့ HELLO Fan တွေလည်း ဂိမ်းထဲမှာ အတူတူစုံကြမယ်နော် ❞
ဒီနေ့ အသစ်ထွက်လာတဲ့ ဂိမ်းလေးကတော့ မင်မင်တောင် မိတ်ဆက်စရာမလိုတော့တဲ့ လူသိအများဆုံးနဲ့ ၊ ပျော်စရာအကောင်းဆုံး Fall Guys ရဲ့ Mobile Version လေးပဲ ဖြစ်ပါတယ်။
တကယ်ကို Rumors တွေ ကြားတုန်းကဆိုရင် တစ်ချို့သူတွေက မဖြစ်နိုင်လောက်ဘူးလို့ကို ထင်ထားကြပေမယ့် အချိန်က စကားပြောတယ်ဆိုတဲ့အတိုင်း အခုတော့ အားလုံးရဲ့ မျက်မှောက်ရှေ့မှာကို Official ကြီး ဝင်ချလာပါပြီ။
ဒီတော့ ကြားထဲက Clone Game တွေကို ခဏ အသာထားပြီး အခု Fall Guys ထွက်လာတာက နည်းနည်းလေး ထူးခြားပါတယ်။ ဘာလို့လဲဆိုရင် Epic ရဲ့ ကိုယ်ပိုင် App Store နဲ့ကို ထွက်ချလာတာမလို့ ရှေ့လျှောက်လည်း Epic ကနေ နောက်ထပ် Mobile Version ဂိမ်းတွေ မြင်ကောင်းမြင်ရနိုင်တယ်ဆိုတာကိုပါ သတင်းကောင်းပါချင်ပါတယ်။ 
➥ ( - 𝙂𝙖𝙢𝙚 𝙍𝙚𝙫𝙞𝙚𝙬 - )

ဂိမ်းလေးက လူတိုင်းသိပြီးသားဆိုတော့ သိပ်တောင် ပြောစရာမလိုတော့ပါဘူး။ Mobile မှာလည်း clone game တွေ အများကြီးဆော့ဖူးကြမှာမလို့ အခုမှ စဆော့တဲ့သူတွေအတွက်ပဲ အတိုချုံ့ ရှင်းပြတော့မယ်နော်။ 

ဂိမ်းလေးက အရမ်းအရမ်းကို ပျော်စရာကောင်းသလို ၊ အရမ်းအရမ်းလည်း အူတွေ အသည်းတွေပါ ယားရမှာပါ။ အခပ်မသင့်ရင် လောင်ရပေမယ့် Game ရဲ့ Visual Graphic လေးကြောင့် လောင်ရမယ့်အစား ရယ်ကို ရယ်နေရမှာပါ။
အဓိကက သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ပန်းတိုင်ကို ရောက်အောင်လို့ အခက်ခဲ၊ အတားအဆီးမျိုးစုံကို စိတ်ရှည်ရှည်နဲ့ ကျော်ဖြတ်ရမှာဖြစ်ပြီး အများနဲ့ ပြိုင်တူ ပြေးရမှာမလို့ လမ်းတစ်‌လျှောက်လုံးမှာ တကယ်ကို ဘာမဆို ဖြစ်သွားနိုင်တဲ့ ဂိမ်းလေးပါ။ 

ဘာကြောင့်ဒီလိုပြောရတာလဲဆိုရင် အားလုံးက ပန်းတိုင်ရောက်အောင် ကိုယ်စီပြေးနေကြရတာမလို့ ကိုယ်က ဘယ်လောက်ပဲ နည်းလမ်းမှန်မှန်နဲ့ စနစ်ကျ‌အောင်ပြေးနေပါစေ မထင်ထားတဲ့ သူတွေဆီကနေ မထင်သလို ချောက်တွန်းချခံရနိုင်ပါတယ်။
ကူညီတဲ့သူလည်းရှိသလို ၊ ဖင်ချမယ့်သူလည်း စောင့်နေတာကြောင့် ဒီဂိမ်းလေးက ပျော်စရာကောင်းပေမယ့် အရမ်းကို လက်တွေ့ဘဝဆန်တဲ့ ဂိမ်းကောင်းလေးတစ်ခုပါ။ 

Game Mechanic တွေက အရမ်းရိုးရှင်းတာကြောင့် မင်မင်ရှင်းပြစရာမလိုအောင်ကို ခဏလေးနဲ့ ဆော့ရတာ အဆင်ပြေသွားကြမှာပါ။

Controller နဲ့လည်း ကစားလို့ရသလို PC နဲ့ပါ အတူတူကစားလို့ရတာကြောင့် အခုကတည်းက သူငယ်ချင်းတွေနဲ့ အဆက်သွယ်ရှိသေးမယ်ဆိုရင် ဒီဂိမ်းလေးမှာ အတူတူ အမှတ်တရတွေ လာယူကြဖို့ အသိပေးလိုက်ရပါတယ်။  

( Game လေးကို ဆော့မယ်ဆိုရင် Epic Store App ကို အရင်ဆွဲရမှာဖြစ်ပြီး Epic Account လေးလဲ လုပ်ထားဖို့ရာ လိုအပ်ပါတယ် )

⚠️ လောလောဆယ် Android သမားတွေက အကုန်ဆော့လို့ရတယ်ဆိုပေမယ့် iOS သမားတွေကတော့ EU မှာပဲ ရရှိသေးကြောင့် စိတ်မကောင်းစွာနဲ့ အသိပေးလိုက်ရပါတယ်။

Game Information

Android version 7 . 0 +
Developer Epic Game
Network Online
Price Free
App version 11.4
Release date 2024, August, 17
Platform Android / iOS / PC

⭐ ( HELLO Rating = 8.8 / 10 ) ⭐


 DOWNLOAD 


#HELLOYDB

Gameplay Video

Comments

လူကြည့်အများဆုံး GAMES