Deadly Nightmare UH

“ အမွေဆိုတာ ထိုက်မှ ရတယ်လို့ “ မြန်မာလူမျိုးတွေ ခဏခဏပြောနေကြတာကို ကြားဖူးကြမှာပါ။ ပိုက်ဆံ၊ ပစ္စည်းဥစ္စာ၊ ဂုဏ် စသည်ဖြင့် ဘယ်ဟာရရ အကောင်းကြီးပဲမလို့ ကျေနပ်စရာကောင်းပေမယ့် တစ်ချို့အမွေတွေကြတော့ ပိုင်ဆိုင်မှုတွေနဲ့အတူ ကိုယ်မလိုချင်လည်း လက်ဆင့်အကမ်းခံရတဲ့ ကျိန်စာမျိုးတွေ ရှိနေတတ်ပါတယ်။
အရပ်စကားနဲ့ နားလည်အောင်ရှင်းပြရရင် စီးပွားတက်ချင်လို့ ၊ ဒါမှမဟုတ် ပစ္စည်းဥစ္စာတွေ စောင့်ရှောက်ဖို့အတွက် သရဲမွေးကြတယ်ဆိုတဲ့ ကောလဟာလတွေဟာ ဒီဂိမ်းနဲ့ အနီးစပ်ဆုံးတူနေတာမလို့ တကယ် မကြောက်တတ်ဘူးဆိုရင် စမ်းဆော့ကြည့်သင့်တဲ့ ဂိမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။
GAME REVIEW

ဒီဂိမ်းထဲမှာဆိုရင် ညီမနှစ်ယောက်က အဓိက ဇာတ်ကောင်တွေဖြစ်ပြီး အငယ်မက စာဖတ်ဝါသနာပါသလောက် ၊ အကြီးမကတော့ Social Media တွေအပေါ်ကို စွဲလမ်းနေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ တစ်နေ့ကြတော့ ညဘက်ကြီး ရုတ်တရက်ထွက်သွားတဲ့ မိဘတွေဟာ Accident ကြောင့် ဆုံးပါးသွားခဲ့ပြီး ညတွင်းခြင်း သိလိုက်ရတဲ့ ဒီအဖြစ်ပျက်ကြောင့် အကြီးမကတော့ မယုံနိုင်ဖြစ်နေခဲ့ပေမယ့် ၊ အငယ်မလေးကတော့ မိဘတွေဘာကြောင့် ဆုံးပါးသွားတယ်ဆိုတာကို အဲဒီညမှာတင် နိမိတ်မြင်နေခဲ့ရတာပါ။
နောက်ပြီး အမေဖြစ်သူ ရေးထားခဲ့တဲ့ စာကြောင့် ညီမနှစ်ယောက်စလုံး အံ့အားသင့်ခဲ့ရပြီး ဒီမိသားစုမျိုးဆက်တိုင်းမှာ ကျိန်စာတွေရှိနေတယ်ဆိုတာကိုလည်း အဲဒီအခါကြမှပဲ သိခဲ့ရတာပါ။ အဆိုးဆုံးကတော့ ဒီကျိန်စာရဲ့ နှိုးထချိန်ဟာ အသက်ကြီးသူ ဒါမှမဟုတ် အိမ်ထောင်ဥ◌ီးစီးအရာမှာရှိတဲ့ မိသားစုဝင်တစ်ဥ◌ီးဥ◌ီးဆုံးပါးသွားတိုင်း ပေါ်လာတာဖြစ်ပြီး ( ညသန်းခေါင် ၁၂ နာရီကနေစပြီး ၊ မနက် ၆ နာရီမထိုးခင်အထိ ) အဲဒီကျိန်စာဟာ လူစားထိုးဖို့အတွက် လိုက်ရှာနေမှာပဲဖြစ်ပါတယ်။
အကယ်လို့ အဲဒီအချိန်အတွင်းသာ ကျိန်စာကို မတားနိုင်ခဲ့ဘူးဆိုရင် မိသားစုဝင်တွေကို တစ်ယောက်ပြီးတစ်ယောက် ဝင်ပူးခံရမှာဖြစ်ပြီး တစ်သက်လုံးခန္ဓာကိုယ်ကိုပါ အပိုင်သိမ်းသွားမှာပဲဖြစ်ပါတယ်။ ဒီကိစ္စတွေကို အကြီးမက ခေတ်လူငယ်ပီပီ လက်တွေ့မကျတာကြောင့် မယုံခဲ့ဘူးဆိုပေမယ့် ၊ အငယ်မကတော့ စာအမြဲဖတ်နေကြဆိုတော့ သူ့အမေပြောတဲ့ ကျိန်စာ စာအုပ်အကြောင်းကို သိနေခဲ့ပါတယ်။
ညဘက်ကြီး ညီမနှစ်ယောက်တည်းကျန်တော့တဲ့ ဒီစံတော်အိမ်ကြီးမှာ အကြီးမကတော့ စိတ်ခံစားချက်ကြောင့် တစ်ယောက်တည်းနေဖို့ရာ လုပ်ခဲ့ပြီး ၊ အငယ်မလေးကတော့ သူ့အမေပြောတဲ့ ကျိန်စာ စာအုပ်လေးကို ကိုင်ကာ ဖြစ်လာမယ့်အရာတွေအတွက် စိုးရိမ်စိတ်များနေခဲ့ပါတယ်။
ဒါပေမယ့် သိပ်မကြာပါဘူး။ ည ၁၂ နာရီမထိုးခင်အချိန်မှာပဲ သူ့အစ်မနေနေတဲ့ အိပ်ခန်းထဲကနေ လက်သည်းကုတ်ရာတွေကို ကြားခဲ့ရပြီး၊ အော်ဟစ်ငြီးညူသံတွေကိုပါ အတိုင်းသား ကြားခဲ့ရတာပါ။ ဒါဟာ သူတို့အမေပြောတဲ့ ပထမဆုံး လက္ခဏာဖြစ်ပြီး ကျိန်စာကို တားဆီးဖို့အတွက် တာဝန်ဟာ အငယ်မလေးအတွက် ဖြစ်လာခဲ့ပါတယ်။
GAMEPLAY

တခြား Horror ဂိမ်းတွေနဲ့ မတူတာက သူက ကျိန်စာတွေကို အဓိကထားထားတာကြောင့် လက်နက်တွေ၊ ထောင်ချောက်တွေထက် စွမ်းအင်ချင်းတူတဲ့ ကျိန်စာတွေနဲ့ပဲ ပြန်လည် တိုက်ခိုက်ရမှာပါ။ အောက်လမ်းနည်းတွေပါ စာအုပ်ထဲကအတိုင်း ယတြာပစ္စည်းတွေကို လိုက်ရှာသုံးရမှာဖြစ်ပြီး မကောင်းတဲ့အမွေတွေကို ဆွေစဥ◌်မျိုးဆက် လက်ဆင့်ကမ်းလာခဲ့ရတာကြောင့် နှောက်ယှက်မယ့် ဝိညာဥ◌်တွေ၊ မကောင်းဆိုးဝါးတွေဟာလည်း ပုံစံမျိုးစံ ၊ နည်းမျိုးစုံနဲ့ကို တားကြမှာပဲဖြစ်ပါတယ်။
Horror ဂိမ်းတွေ အများကြီး ဆော့ဖူးပေမယ့် ဒီဂိမ်းလောက် Main Character ဖြစ်တဲ့ Weak လုပ်ထားတာမျိုးရှားပါတယ်။ ပြေးလို့လည်း မရသလို၊ အသံလည်း ထွက်လို့မရပါဘူး။ ခန္ဓာကိုယ်ဝင်ပူးခံထားရတဲ့ အစ်မဖြစ်သူကလည်း Physical အရ အသေသတ်မှာဖြစ်သလို၊ ဘေးက မကောင်းဆိုးဝါး၊ နာနာဘာဝတွေကလည်း သူ့နည်းလမ်းနဲ့သူ အသံပေးတာ၊ နှေးအောင်လုပ်တာ၊ အချက်ပေးတာတွေအထိ လှုပ်မရအောင်ကို စိန်ခေါ်မှုတွေပြည့်နေမှာပဲဖြစ်ပါတယ်။
Camera Movement တွေက တကယ်သွားနေသလိုအထိ First Person View နဲ့ အသက်ဝင်စေပြီး အသံပိုင်းဆိုင်ရာမှာကအစ လမ်းလျှောက်သံနဲ့ အသံရှုသံတွေအထိ ကိုယ့်ရဲ့ ကြောက်စိတ်ပေါ်မူတည်ပြီး အတိုးအလျော့ကို ရွေးချယ်ခွင့်ပေးထားတာပဲဖြစ်ပါတယ်။ Graphic အားနည်းသလို ခံစားရပေမယ့် ဂိမ်းရဲ့ Concept နဲ့ ဇာတ်လမ်းက အရမ်းစိတ်ဝင်စားစရာကောင်းတာကြောင့် ဆော့ဖြစ်အောင် ဆော့ကြည့်သင့်တယ်လို့ အကြံပေးချင်တယ်။
PERSONAL REVIEW

မင်မင်အနေနဲ့ ဒီဂိမ်းဆော့ရတဲ့ ခံစားချက်လေးကို ပြောပါဆိုရင် ဘာမှမလုပ်ချင်ပဲ ထောင့်လေးမှာပဲ ပုန်းနေလိုက်ချင်တော့တာပါ။ စံအိမ်ကြီးထဲမှာ ညီမနှစ်ယောက်တည်းရှိပါတယ်ဆိုမှ အစ်မဖြစ်သူက ဝင်ပူးခံရပြီး လိုက်သတ်နေတော့ လုံးဝကို ခံစားချက်ကြီးက ကူရာမဲ့ပြီး ပြောမပြတတ်အောင် Dark ဖြစ်လွန်းတယ်။ ဒီနေရာမှာ ထူးထူးခြားခြား စိတ်ဝင်စားစရာကောင်းတဲ့ အချက်က အကယ်လို့ ဝင်ပူခံထားရတဲ့ အစ်မဖြစ်သူက ကိုယ့်ကို သတိမေ့သွားအောင် ( ဒါမှမဟုတ် ) သတ်မိနိုင်တော့မယ်ဆိုရင် အငယ်မလေးရဲ့ အော်သံကြောင့် အကြီးမရဲ့ အသိစိတ်ပြန်ဝင်ပြီး သူ့ညီမကို လွှတ်ချလိုက်တဲ့ဖြစ်ရပ်က လုံးဝမထင်ထားလောက်အောင်ကို Shock ဖြစ်စေတဲ့ သဘာဝကျကျ Feature လေးတစ်ခုလို့ မြင်မိတယ်။
ဘာလို့လဲဆိုတော့ မွေးချင်းတွေထဲမှာ အကြီးတွေက အငယ်တွေနဲ့ မတည့်ဘူးဆိုရင်တောင် ၊ အငယ်တွေ သေရေးရှင်ရေး ဒုက္ခရောက်နေချိန်ဆိုရင် သူတို့ရဲ့ စိတ်က Trigger တစ်ခုလိုပဲ ခံစားချက်တွေပေါင်းကုန်ပြီး ဘေးလူတဲ့ နားမလည်နိုင်တဲ့ တုံ့ပြန်မှုမျိုးတွေ ပြုမူတတ်ကြတယ်။ သူတို့ဘဝကိုတောင် သူတို့ ဂရုမစိုက်တော့တဲ့အထိ Powerful ဖြစ်လာတတ်ကြတယ်။ ပြောရရင် ဘယ် Manipulation မှ အဲဒီ Trigger ကို သွားထိလို့မရဘူး။
ဒါကတော့ ဂိမ်းထဲမှာ မပါပေမယ့်လည်း ကစားတုန်းက ခံစားရတဲ့ Mood မျိုးပေါ့။ နောက်ပြီး ဒီဂိမ်းက ဒုတိယဂိမ်းဖြစ်ပြီး ၊ ပထမဂိမ်းကို နောက်ထပ် တင်ပေးပါအုံးမယ်။ ပထမဂိမ်းနဲ့ ချိတ်ဆက်ထားပေမယ့် ဒီဒုတိယဂိမ်းကို ကစားပြီးမှ ပထမဂိမ်းကို နားလည်မှာဖြစ်တာကြောင့် ရဲရဲကြီးသာ‌ ဆော့လိုက်တော့နော်။ ဒုတိယဂိမ်းကမှ Paid Game အနေနဲ့ ထွက်လာတာမလို့ ကစားကြည့်သင့်တယ်။
Game Information
Android version 8 . 0 +
Developer Electrical Eagle Studio LTD
Network Offline
Price 5,000 Ks
App version 1.2.0
Release date Dec 5, 2023
Platform Android / iOS
Ram At least 4GB +
SOC Snapdragon 700 +
Helio G88 +



#HELLOYDB #Horror #Nightmare #GameReview #MobileGameReview 

Comments

လူကြည့်အများဆုံး GAMES