LATEST NEWS

Fetching news...

and Roger

and Roger

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS: Android iOS PC
Game Info
Skip to Downloads
မင်မင် အမှန်တိုင်းပြောရရင် ဒီဂိမ်းကို အရမ်းကြောက်မိတယ် .....
အထူးသဖြင့် အဘိုး၊ အဘွား၊ မိဘတွေ၊ ကိုယ်ချစ်ရတဲ့သူတွေ၊ နောက်ဆုံးဟာ ကိုယ်အသက်ကြီးလာရင်တောင် ကိုယ်တိုင် ကြုံရနိုင်တဲ့ အဖြစ်ဆိုးကြီး တစ်ခုမလို့ ကစားရင်းနဲ့ လက်တွေပါ တုန်တဲ့အထိ ရင်ထဲကို ဟာတာတာဖြစ်သွားစေတာပါ။ တကယ် Creative ဖြစ်လွန်းတဲ့ မတွေးရဲစရာ အနုပညာစစ်စစ်မလို့ လူတိုင်းကို ဆော့စေချင်မိတယ်...
and Roger - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰
• ( Android / iOS / PC / Nintendo )

ဇာတ်လမ်းက အရမ်းအဓိပ္ပာယ်ရှိပြီး ကောင်းလွန်းနေတော့ ဘယ်ကနေ စပြောရမှန်းတောင် မသိတော့ဘူး။ Spoiler တွေမိမှာစိုးလို့ ဂိမ်းထဲက ဇာတ်ကောင်ဖြစ်တဲ့ Sofia ဆိုတဲ့ ကောင်မလေးနေရာကနေ ပြောပြပေးမယ်။ 
ဒီနေ့မနက် ကျွန်မ အိပ်ယာကနေ နိုးလာတော့ ခေါင်းထဲမှာ ဇဝေဇဝါကြီး ဖြစ်နေခဲ့တာ။ မူးတာလည်း မဟုတ် စိတ်ထဲမှာ တစ်ခုခုလုပ်ရအုံးမလားဆိုပြီး အားယူပြီး ထထိုင်လိုက်တာ။ နောက် ကျွန်မ ခေါင်းထဲမှာ ဘာထပ်လုပ်ရမလဲဆိုတာ မသိတော့ဘူး။ အဲဒါနဲ့ ရေချိုးခန်းထဲကို သွားပြီး မှန်ကို စိုက်ကြည့်ကာ သွားတိုက်တံကြီးကို ဆေးမထည့်မိပဲ ယောင်ပြီး တိုက်နေမိတယ် 😅။ ဒီရက်ပိုင်း စိတ်နဲ့ လူနဲ့ပဲ မကပ်လို့ထင်ပါရဲ့ ဒီလို နေ့စဉ်ဒူဝ ကိစ္စသေးသေးလေးတွေကိုတောင် ကျွန်မမှာ အူကြောင်ကြောင်ဖြစ်နေတာ 😆။
 ဪ...အခုမှ သိတယ်။ ကျွန်မ‌ ကျောင်းသွားရအုံးမှာကို..။ အဖေတောင် နိုးနေပြီလားမသိဘူး။ မနေ့ညက TV ကြီးဖွင့်ပြီး ဆိုဖာပေါ်မှာ အိပ်ပျော်နေပြီထင်ပါရဲ့။ ကျွန်မလည်း ဧည့်ခန်းဘက်ကို လျှောက်သွားပြီး ဆိုဖာပေါ်က အဖေ့ကို အော် နှိုးနေလိုက်တယ်။ အဖေရေ... အဖေ ထတော့လေ။ သမီးကျောင်းသွားရမှာ နောက်ကျကုန်တော့မယ် အဖေရဲ့....
နေပါအုံး... အဖေက အိမ်ထဲမှာ ဘာလို့ ဦးထုတ်ကြီး ဆောင်းထားတာလဲ? အဲဒီ ဦး‌ထုတ်ကိုလည်း တစ်ခါမှ မတွေ့ဖူးပါဘူး။ ကျွန်မ အဝေးကနေ လှမ်းကြည့်နေတာမလို့ အမြင်တွေ ဝေဝါးနေပေမယ့်လည်း အနီးနားရောက်တော့ လူစိမ်းတစ်ယောက်ဖြစ်တာကို ‌တွေ့လိုက်ရတယ်။ ကျွန်မ ရင်တွေ အရမ်းတုန်သွားပြီး အဲလူကြီးကို ကျွန်မ အဖေဘယ်မှာလဲ အော်မေးနေမိတယ်။ 
စိတ်ထဲမှာ အိမ်ထဲကို အဲလူကြီး ဘယ်လိုရောက်လာလဲမသိပေမယ့် အဖေက ဘယ်ရောက်သွားတာလဲ? ကျွန်မနဲ့ အဲလူကြီးပဲ ဒီအိမ်ထဲမှာ ရှိနေတာလား? ရှင်... ရှင် ဘယ်သူလဲ ? ကျွန်မရဲ့ မေးခွန်းကြောင့် အဲဒီ သူစိမ်းလူကြီးက သက်ပြင်းကြီးကြီး ချလိုက်တာဟာ တစ်ခုခုကို စိတ်မရှည်နေတဲ့ ပုံပါပဲ။ ပြီးတော့ ကျွန်မ မေးတာကိုလည်း မဖြေ‌သေးဘူး။ အဲဒီမှာ သူက ကျွန်မကို အတင်း ထမင်းစားပွဲ‌ပေါ်မှာ ထိုင်ခိုင်းလိုက်ပြီး စားပွဲပေါ်က မနက်စာကို အတင်းစားခိုင်းပါတယ်။ 

ကျွန်မလည်း ဘာလုပ်ရမှန်းမသိလို့ ကြောင်တောင်တောင်နဲ့ သူပြောသလို မနက်စာကို စားဖို့ ပြင်လိုက်ပေမယ့် ကျွန်မကိုယ်တိုင် ဇွန်းထဲမှာ ဘာမှမပါပဲ ပါးစပ်ထဲကို ကောက်ထည့်နေမိပါတယ်။ ကျွန်မစိတ်တွေက ကြောက်ကြောက်နဲ့ အမှားတွေလုပ်မိတယ်လို့ ထင်ရပေမယ့် ကျွန်မ နောက်တစ်ခါ ပိုကြိုးစားလိုက်တိုင်း ဇွန်းမပါတဲ့အထိပါ ကျွန်မ စားနေမိတယ်။ 

ကျွန်မကိုယ်တိုင်လည်း ဘာဖြစ်လို့ဖြစ်နေမှန်းမသိတော့ပေမယ့် အဲဒီ လူကြီးကတော့ ကျွန်မဖြစ်နေတာကို သိပ်စိတ်မရှည်တဲ့ ပုံပါပဲ။ မြန်မြန်အတင်း စားခိုင်းပြီး ခဏနေကြတော့ ကျွန်မကို ဆေးလုံး တစ်ခုပေးပြီး သောက်ခိုင်းပါတယ်။ ဒီလူကြီးက ငါ့ကို ဆေးတွေတိုက်ပြီး တစ်ခုခုကြံစည်မလို့လား? ဘာရည်ရွယ်ချက်နဲ့ ပေးတာလဲ? ပြီးတော့ သူ့ဆေးကကော ဘာဆေးကြီးလဲ...
ညဘက် အိမ်ရာကနေ နိုးလာတော့ ကျွန်မ ဒီအိမ်ထဲကနေ ခိုးထွက်မှ ဖြစ်တော့မယ်။ ငါ အိမ်ကို ပြန်ရမယ်။ အဖေကကော ဘယ်မှာလဲ ? ကျွန်မ တိတ်တိတ်လေး ခိုးထွက်ခဲ့ပြီး အဖေ့အိမ်ထဲမှာ အဲသူစိမ်းလူကြီးက ဘာလို့ရောက်နေတာလဲဆိုတာကို လမ်းလျှောက်ရင်း စဉ်းစားနေမိတယ်။ ခြေလှမ်းတွေ ရပ်သွားတဲ့အချိန်မှာ ပေါင်မုန့်ဆိုင်လေးတစ်ခုနားကို ရောက်နေမိတယ်။ ကျွန်မလည်း ဆိုင်ထဲက လူတွေကို အကူညီတောင်းဖို့ အတင်းဝင်လိုက်တာ အဲဒီမှာ အရမ်း ရင်းနှီးတဲ့ အသံတစ်ခုကို ကျွန်မ ကြားလိုက်ရတယ်။ 

ပြီးတော့ ကျွန်မ လက်ကလေးကို ဆွဲကိုင်လိုက်တော့ စိတ်ထဲမှာ တွေးမိတာက... အဖေလားဟင်...
တကယ်တော့ Sofia ‌တွေ့လိုက်တာက ကောင်လေးတစ်ယောက်ဖြစ်နေတာပါ။ သူမဟာ သာမန်လူတစ်ယောက်ဖြစ်ခဲ့ပေမယ့် ဘာကြောင့် အခုလို ထူးထူးဆန်းဆန်းအဖြစ်တွေနဲ့ ကြုံတွေ့နေရလဲဆိုတာကို ကစားတဲ့သူ ကိုယ်တိုင်ကပဲ အချိန်တိုတိုလေးအတွင်း စိတ်ရောကိုယ်ပါ နစ်ဝင်ပြီး ခံစားဖော်ထုတ်သွားရမှာဖြစ်ပါတယ်။ တကယ်လည်း အံ့ဩယူရသလို စိတ်ထဲမှာပါ စိုးရိမ်စိတ်၊ ကြောက်စိတ်တွေ ဝင်သွားမိတယ်။ Character တစ်ယောက်တည်း‌ကနေ မဟုတ်ပါဘူး။ Character နှစ်ယောက်လုံးက တကယ်ကို လေးလေးနက်နက် Message တွေ ပေးသွားတာမလို့ပါ။ 
◾ 𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 & 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜

ဒီဂိမ်းလေးရဲ့ ကစားပုံက ရိုးရှင်းပေမယ့် တကယ်ကို Creative ဖြစ်လွန်းပါတယ်။ ဇာတ်လမ်းကို အဓိက ဦးစားပေးထားတဲ့ Interactive Novel ဖြစ်တဲ့အတွက် Point and Click စနစ်တွေကိုပဲ အဓိက အသုံးပြုထားတာပါ။ ထူးခြားတာက သာမန် Point and Click ပုံစံမျိုးမဟုတ်ပဲ ဇာတ်ကောင်ရဲ့ စိတ်နဲ့ တစ်သားတည်းကျသွားစေမယ့် Gameplay ပုံစံမျိုးကို ကြက်သီးထလောက်တဲ့အထိ မင်မင်အတွက်ဆို လက်တွေတုန်ရလောက်တဲ့အထိ ခံစားရမှာပဲဖြစ်ပါတယ်။
❖ Screen ပေါ်မှာ ပေါ်လာတဲ့ Button လေးတွေကို နှိပ်တာ၊ Drag and Drop လုပ်တာမျိုးတွေနဲ့ပဲ ဇာတ်လမ်းကို ရှေ့ဆက်ရမှာပါ။
❖ ဂိမ်းရဲ့ အသက်အဝင်ဆုံး အပိုင်းက အပေါ်မှာပြောခဲ့သလို ကစားသူကိုယ်တိုင် ဇာတ်ကောင်ရဲ့ စိတ်ရှုပ်ထွေးမှုကို ခံစားရအောင်လို့ Gameplay Mechanism ကို ထူးထူးဆန်းဆန်း မြင်တွေ့ရမှာပါ။ 
❖ ဘာ Tutorial မှ မပါဘဲ ကစားသူရဲ့ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုကို အကောင်းဆုံး အသုံးချသွားတာ‌ကြောင့် ဆော့ဖူးသမျှ ဂိမ်းတွေထဲမှာ ထူးထူးခြားခြား ကွဲထွက်နေမှာပဲဖြစ်ပါတယ်။
◾ 𝐀𝐮𝐝𝐢𝐨, 𝐕𝐢𝐬𝐮𝐚𝐥 & 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞

ရုပ်ထွက်ပိုင်းမှာတော့ Adobe Illustrator နဲ့ ဆွဲထားတဲ့ Vector Art Style လေးတွေကို အသုံးပြုထားပါတယ်။ အရောင်အသွေးတွေက ရှင်းလင်းပြီး ချစ်စရာကောင်းပေမယ့်၊ ဇာတ်ကောင်ရဲ့ စိတ်အခြေအနေ ရှုပ်ထွေးလာတဲ့အခါ အရောင်တွေ ရင့်သွားပြီး မျဉ်းကြောင်းတွေ ရှုပ်ထွေးလာတာမျိုး‌တွေက တကယ့်ကို အနုပညာမြောက်ပါတယ်။
အသံပိုင်းမှာလည်း Voice Acting တွေ လုံးဝ မသုံးထားဘဲ Blips အသံလေးတွေနဲ့ ဇာတ်ကောင်တွေရဲ့ စကားပြောသံကို ဖန်တီးထားတာပါ။ BGM ပိုင်းမှာလည်း အရမ်းကို ဇာတ်အိမ်နဲ့ ထိမိတဲ့ အသံနေအသံထားတွေ သုံးပေးထားတာကြောင့် နားကြပ်နဲ့ဆော့တာဖြစ်ဖြစ်၊ အသံအဆုံးထိ ဖွင့်ဆော့တာဖြစ်ဖြစ် ပိုနစ်ဝင်သွားအောင် ကစားစေချင်ပါတယ်။
#အချိန်ပေးပြီးကစားရတာတန်ရဲ့လား?

တစ်နာရီလောက်ပဲ အချိန်ပေးရမယ့် ဂိမ်းလေးဖြစ်လို့ အချိန်ကုန်ခံရတာ လုံးဝကို တန်ပါတယ်။ ဒါပေမယ့် ပျော်ရွှင်ဖို့သက်သက် ကစားချင်တဲ့ သူတွေအတွက်တော့ မဟုတ်ပါဘူး။ ဇာတ်လမ်းက ပေးတဲ့ မက်ဆေ့ချ်နဲ့ စိတ်ခံစားမှုက အရမ်းကို နက်နဲတာကြောင့် ကစားပြီးသွားရင်တောင် မင်မင်လို ရင်ထဲမှာ တစ်ခုခု ကျန်‌နေခဲ့စေမယ့် Masterpiece ဂိမ်းမျိုးပဲ ဖြစ်ပါတယ်။
◾ 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐅𝐞𝐞𝐥𝐢𝐧𝐠

ဒီဂိမ်းလေးကပေးတဲ့ ခံစားချက်က အရမ်းကို နက်နဲပါတယ်။ Spoil ဖြစ်မှာစိုးလို့ အများကြီး ထိန်းထား‌ပေမယ့် Plot twist တွေ၊ Ending ‌ပုံဖော်ထားတဲ့ အဓိပ္ပာယ်တွေက တကယ်ကို ကြက်သီးထစရာပါ။ Sofia လို လူတိုင်း မဖြစ်ချင်ကြပါဘူး။ ဒါပေမယ့် ဖြစ်လာတာကိုလည်း ဘယ်သူမှ ကြိုမသိနိုင်ခဲ့ပါဘူး။ လောကကြီးက ရက်စက်တာလား၊ ချစ်ရတဲ့သူတွေကို သွေးတိုးစမ်းတာလားဆိုတာကတော့ ကိုယ်တိုင်ပဲ စိတ်နှစ်ပြီး ကစားကြည့်လိုက်ပါတော့...
◾ 𝐁𝐞𝐡𝐢𝐧𝐝 𝐓𝐡𝐞 𝐒𝐜𝐞𝐧𝐞𝐬 & 𝐔𝐩𝐜𝐨𝐦𝐢𝐧𝐠 𝐏𝐥𝐚𝐧𝐬

ဒီဂိမ်းကို ဂျပန် Solo Developer ဖြစ်တဲ့ Yona (TearyHand Studio) ကနေ ဖန်တီးခဲ့တာဖြစ်ပြီး၊ နာမည်ကြီး Kodansha ရဲ့ Game Creators' Lab ကနေ ထောက်ပံ့ပေးခဲ့တာပါ။ ၂၀၂၆ ခုနှစ် Taipei Game Show မှာ Grand Prix ဆုနဲ့ Best Audio ဆုကြီးတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး BAFTA Games Awards မှာပါ Nominate ဝင်ခဲ့ပါတယ်။

လောလောဆယ်တော့ Developer ဘက်က နောက်ထပ် Project သစ်တွေအတွက် ပြင်ဆင်နေတယ်လို့ သိရတာကြောင့် ဒီလို Unique ဖြစ်တဲ့ ဂိမ်းလေးတွေ မြင်တွေ့ချင်ပါသေးတယ်။
⬛ အချုပ်အားဖြင့် ပြောရရင်တော့ and Roger ဂိမ်းလေးဟာ အချစ်၊ သံယောဇဉ်နဲ့ ခွင့်လွှတ်နားလည်ပေးခြင်းဆိုတဲ့ တန်ဖိုးအရှိဆုံး အရာတွေကို အလှပဆုံး ပုံဖော်ထားတဲ့ အကောင်းဆုံး Narrative ဂိမ်းလေးတစ်ခုပဲ ဖြစ်ပါတယ်။
ဒီဂိမ်းလေးကို ကိုယ်တိုင် ဆော့ပြီးသွားရင် ကိုယ်ချစ်ရတဲ့သူတွေကို ပိုပြီး ဂရုစိုက်ချင်စိတ်တွေ ဖြစ်လာမလားဆိုတာ Comment မှာ ဝင်ရောက် ဆွေးနွေးပေးသွားပါဦးနော်။
ဇာတ်လမ်းတစ်လျှောက်လုံး အပြီးဆော့ဖို့အတွက် အချိန် (၁) နာရီ ဝန်းကျင်ခန့်သာ ကြာမြင့်မှာဖြစ်ပြီး ဇာတ်လမ်းကပေးတဲ့ ခံစားချက်ကတော့ ရင်ထဲမှာ ကြာရှည်ကျန်ရစ်နေမှာပါ။
လုံးဝ မလိုအပ်ပါဘူး။ Offline) အပြည့်အဝ ကစားနိုင်တဲ့ Singleplayer ဂိမ်းလေးပဲ ဖြစ်ပါတယ်။
GAME INFORMATION
Developer
TearyHand Studio / Kodansha Ltd.
Version
1.0.0
Release
July 2025
Updated
August 2026
Network
Offline
Platform
PC, Mac, Switch, Android, iOS
Download Size
~200 MB
Total Size
1 GB
Multiplayer
Singleplayer Only
Monetization
Premium (Paid)
EMOTIONAL LOAD[OPTIMIZED]
System Requirements
Mobile Specs
  • Android8.0+
  • iOS12.0+
  • RAM4 GB
  • SOCSnapdragon 660 / Apple A10 Fusion or equivalent
  • Arch64-bit ARM
PC Specs
  • CPUIntel Core i3-6100 / AMD FX-8350
  • RAM4 GB
  • GPUNVIDIA Geforce GTX 750 Ti / AMD Radeon R7 360
  • DirectXVersion 10
9.4MASTERPIECE
Graphics
95
Gameplay
98
Control
90
❖ သတိပြုရန်
ဂိမ်းထဲမှာ စိတ်ခြောက်ခြားဖွယ်ရာများနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်လွယ်သော အကြောင်းအရာ (Dementia) များ ပါဝင်သဖြင့် ကလေးငယ်များ မကစားသင့်ပါ။
OFFICIAL STORES
Download from the official servers to support the solo developer.
DOWNLOAD
Not recommended for Premium Indie Titles.
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...