Dungeons of Hinterberg
Game Info
Download

ဘဝကြီးက အရမ်းမွန်းကျပ်လာတဲ့အခါ တောင်တန်းတွေစီကို အလည်သွားချင်တဲ့သူတွေအတွက်
ရိုးရိုး အပန်းဖြေတာမျိုးတင်မဟုတ်ပဲ ဓားလေးတစ်လက်နဲ့ Dungeons တွေထဲအထိ ပါ
စိတ်ပြေလက်ပျောက် လိုက်ခုတ်လို့ရမယ့် ဂိမ်းကောင်းလေးတစ်ခုကို ပြောပြချင်ပါတယ်။
မင်မင်ဆိုရင် အရင်ကတည်းကနေ အခုထိ PC မှာ သိမ်းထားတုန်းမလို့ Mobile Gamer တွေလည်း
အရမ်းသဘောကျကြမှာပါ။

Dungeons of Hinterberg
===================
မင်မင်ကတော့ ဒီဂိမ်းရဲ့ Concept လေးကို အရမ်း
သဘောကျတယ်။ ဘာကြောင့်လဲဆိုတော့... လူတွေက သည်းခံတာတွေများလာပြီး စိတ်ဖိစီးတာတွေ
ပေါက်ကွဲထွက်လာချင်တဲ့အခါမျိုးမှာ အဲဒီ Stress တွေကို ဖြေလျော့ဖို့အတွက်
နေရာလေးတစ်ခု အမြဲလိုအပ်တတ်ပါတယ်။ ပုံမှန်ဆိုရင် အေးအေးလူလူနဲ့ ခရီးလေးထွက်ပြီး
အပန်းဖြေကြတာဆိုပေမယ့် ဒီဂိမ်းကတော့ အပန်းလည်းဖြေမယ်၊ Stress တွေလည်း
ပေါက်ကွဲထွက်မယ်ဆိုတာမျိုးပါ။

ဒီ Game ဟာ Australia တောင်တန်းတွေကြားမှာ ပုံဖော်ထားတာမလို့ Art Visual တွေကို
ပန်းချီဆန်ဆန်နဲ့ မြင်တွေ့ရမှာဖြစ်ပြီး အဓိက ဇာတ်ကောင်ဖြစ်တဲ့ Luisa ဆိုတဲ့
ကောင်မလေးတစ်ယောက်အနေနဲ့ ကစားရမှာပါ။ သူမဟာ ဥပဒေအကျိုးဆောင်
အလုပ်သင်တစ်ယောက်ဖြစ်ပြီး လုပ်ငန်းခွင်ရဲ့ ပြိုင်ဆိုင်မှုတွေကြားမှာ
ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေတဲ့ ကောင်မလေးတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

တစ်နေ့ကြတော့ Luisa က Hinterberg ဆိုတဲ့ မြို့လေးဆီကို စိတ်ပြေလက်ပျောက်
ခရီးထွက်လာခဲ့ပြီး ထူးခြားတာက အဲဒီ မြို့လေးဟာ Magic Tourism ဆိုပြီး
ကမ္ဘာလှည့်ခရီးသွားတွေနဲ့ အရမ်းနာမည်ကြီးတဲ့ နေရာလေးတစ်ခုဖြစ်နေတာပါ။ ဘာကြောင့်
နာမည်ကြီးတာလဲဆိုရင် Dungeons တွေဖြစ်တဲ့ မှော်ဝင်အပေါက်တွေဟာ အဲဒီ
မြို့နားလေးမှာပဲ 25 ပေါက်အထိ ပွင့်လာတာကြောင့် ခရီးသွားတွေဟာ အပန်းလည်းဖြေရင်း၊
Dungeon ထဲလဲ စူးစမ်းရင်း လူစည်ကားလာတာမျိုးဖြစ်ပါတယ်။

ဒီတော့ ဇာတ်လမ်းလေးက Luisa တစ်ယောက် သူမကိုယ်သူမ
တကယ်အဖြေရှာတွေ့နိုင်မလားဆိုတာကို Adventure ဆန်ဆန်လေးနဲ့ အပန်းဖြေရမှာပါ။

𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 & 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜
------------------------------------
Gameplay Mechanics ကို ပြောရရင် Action RPG နဲ့ Puzzle-solving ကို အချိုးညီညီ
ပေါင်းစပ်ထားတဲ့ ဂိမ်းမျိုးလေးပါ။ Combat က Hack-and-slash ပုံစံဖြစ်ပြီး Light
Attack, Heavy Attack နဲ့ Dodge တွေကို အချိန်ကိုက် သုံးရပါတယ်။ ဒါပေမယ့်
စိတ်ဝင်စားစရာ အကောင်းဆုံးက Magic System ပါ။ Hinterberg ရဲ့ ဒေသတွေဖြစ်တဲ့ Biome
4 ခုကို ရောက်တိုင်း ကိုယ်သုံးလို့ရမယ့် Magic တွေက ပြောင်းလဲသွားတတ်ပါတယ်။

ဥပမာ - တချို့နေရာတွေမှာ Hoverboard စီးပြီး ရန်သူတွေကို တိုက်ခိုက်လို့ ရသလို၊
တချို့နေရာတွေမှာ Wrecking Ball ကြီး ဖန်တီးပြီး ပိတ်နေတဲ့ လမ်းတွေကို
ဖွင့်ရတာမျိုးပါ။ ဒါ့အပြင် Jelly Cube လို မှော်အတတ်တွေကို သုံးပြီး
ဝင်္ကပါတွေထဲက ခေါင်းစားစရာ Puzzle တွေကို ဖြေရှင်းရတာဟာလည်း တကယ်ကို Vibe
တစ်မျိုးပါပဲ။

နောက်ပြီး ဒီဂိမ်းကို တခြား RPG တွေနဲ့ ကွဲထွက်သွားစေတာကတော့ ညဘက်တွေမှာ
လုပ်ရမယ့် Social Simulation စနစ်ပါ။ Dungeon ထဲက ပြန်ထွက်လာတဲ့ ညနေခင်းတွေမှာ
မင်မင်တို့ဟာ မြို့ထဲက လူတွေ၊ တခြား Slayers တွေ နောက်ပြီး သတင်းထောက်တွေနဲ့
ကော်ဖီဆိုင်မှာ ထိုင်တာမျိုးတွေ၊ စကားပြောတာမျိုးတွေ လုပ်လို့ရပါတယ်။ ဒီလို
Relationship Levels တွေ တက်လာတာနဲ့အမျှ ကိုယ့်ရဲ့ ဇာတ်ကောင်အတွက် Perk အသစ်တွေ၊
Magic Upgrade တွေအပြင် Weapon အသစ်တွေပါ ရလာမှာပါ။ ပြောရရင် Persona
ဂိမ်းတွေကစနစ်နဲ့ အတူတူပဲဖြစ်ပြီး၊ Luisa ရဲ့ စိတ်ပိုင်းဆိုင်ရာ ကုစားမှု
ခရီးစဉ်ကို အနီးကပ် ခံစားရစေမှာပဲဖြစ်ပါတယ်။

𝐈𝐧𝐭𝐞𝐫𝐞𝐬𝐭𝐢𝐧𝐠 𝐅𝐚𝐜𝐭𝐬
--------------------------
ဒီလို လှပတဲ့ ကမ္ဘာကြီးကို ဖန်တီးခဲ့တာကတော့ ဩစတြီးယားနိုင်ငံ အခြေစိုက်
Microbird Games ဆိုတဲ့ Indie Studio သေးသေးလေးပါ။ တည်ထောင်သူတွေဖြစ်တဲ့ Regina
နဲ့ Philipp တို့က သူတို့နိုင်ငံရဲ့ လှပတဲ့ အယ်လ်ပ် တောင်တန်းတွေနဲ့ ဥရောပ
ခရီးသွားလုပ်ငန်း Tourism Industry ရဲ့ သဘောသဘာဝကို ဂိမ်းထဲမှာ
အသက်သွင်းချင်ခဲ့ကြတာပါ။ ဒါကြောင့် Unity Engine ကို အသုံးပြုပြီး
ဖန်တီးထားပေမယ့် ပြင်သစ် Comic ပညာရှင် Moebius ရဲ့ လက်ရာတွေဆီကနေ အသွင်ယူထားတဲ့
Cel-shaded Art Style တွေကြောင့် ဂိမ်းရဲ့ Visual တွေဟာ ပန်းချီကား တစ်ချပ်လို
အလွန် လှပနေတာပဲ ဖြစ်ပါတယ်။

နောက်ပြီး Iceberg ထဲက လျှို့ဝှက်ချက်တွေကို ပြောရရင် ဂိမ်းထဲမှာ တွေ့ရတဲ့
Monster တွေဟာ ရမ်းသမ်းပြီး ဖန်တီးထားတာမျိုးတော့ မဟုတ်ပါဘူး။ ဩစတြီးယား ဒေသခံ
ရိုးရာဒဏ္ဍာရီတွေထဲက Krampus တို့၊ Perchten တို့လို ဆောင်းရာသီ နတ်ဆိုးတွေဆီကနေ
တိုက်ရိုက် ယူသုံးထားတာပါ။ တချို့ Dungeon တွေမှာ သာမန်မျက်စိနဲ့ မမြင်ရတဲ့
Hidden Chest တွေရှိတတ်ပြီး သီးသန့် Relationship Level မြင့်မှသာ ဖွင့်လို့ရတဲ့
လျှို့ဝှက်လမ်းကြောင်းတွေလည်း အများကြီး မြင်တွေ့ရအုံးမှာပဲဖြစ်ပါတယ်။

𝐀𝐛𝐨𝐮𝐭 𝐌𝐨𝐛𝐢𝐥𝐞 𝐕𝐞𝐫𝐬𝐢𝐨𝐧
----------------------------------
PC သမားတွေအတွက်ကတော့ GPU က သီးသန့် Fan တွေနဲ့ Heat ထိန်းပေးတာမလို့
စိတ်ပူစရာမလိုပေမယ့် Mobile Version မှာတော့ Game က Fps ကောင်းကောင်း Run
နိုင်ရင်တောင် ပုံမှန်ထက် Heat ပိုတက်တာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။
Crunchyroll LLC ကို ဒီလိုဂိမ်းမျိုးတွေ Mobile အတွက် ယူဆောင်လာပေးနိုင်လို့
ကျေးဇူးတင်ရပေမယ့် Indie Studio သေးသေးလေးကနေ အကောင်းဆုံးဖန်တီးထားတာမလို့
Optimization မဖြစ်ဘူးဆိုတာထက် Heavy Load ဆွဲတယ်လို့တော့ အသိပေးချင်ပါတယ်။

အစပိုင်းမှာ လွယ်ကူပေမယ့် နောက်ပိုင်း ဝင်္ကပါတွေမှာတော့ Zelda ဂိမ်းတွေလိုပဲ အတော်လေး စဉ်းစားရပါတယ်။ Biome ၄ ခုကနေ ရတဲ့ Magic တွေကို မှန်ကန်စွာ ပေါင်းစပ်အသုံးပြုမှ ဖြေရှင်းနိုင်မှာပါ။
GAME INFORMATION
Developer
Microbird Games
Version
v1.0.3
Release
July 2024
Updated
August 2024
Network
Offline
Platform
PC, Xbox Series X/S,Mobile
Download Size
2.49GB
Total Size
3.5GB
Controller
Full Support
Multiplayer
Singleplayer Only
Monetization
Premium (Paid)
COZY VIBES OVERLOAD[HEAVY LOAD]
System Requirements
Mobile Specs
- AndroidAndroid 13+
- iOSiOS 15+
- RAM8 GB+
- SOCSnapdragon 8 Gen 2 / 8 Gen 3
- Archarm64-v8a
PC Specs
- CPUi5-6600K / Ryzen 5 1600
- RAM8 GB
- GPUGTX 1050 Ti / RX 570
- DirectXVersion 12
Can i play?
LOADING...SYNCING DATABASE...
Select your processor below to instantly check if your device can handle this game.
SOC Tier Rank
--
AnTuTu Score
--
Awaiting Selection...
8.9
COZY MASTERPIECE
DOWNLOADS
Get the game directly from official digital stores.
Mod & Crack
This is for testing purpose only.
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...