Our Last Way Out

ဘာလို့ ဒီလိုဂိမ်းကောင်းတွေကို ကျော်သွားမိခဲ့တာလဲ?..
အမှန်တိုင်းပြောရရင် မင်မင်ကိုယ်တိုင်လည်း ဒီဂိမ်းကို Fake တွေနဲ့ ကြေငြာတဲ့ ဂိမ်းတစ်ခုလို့ ထင်ခဲ့မိပြီး ထွက်ခါစတုန်းက တကယ်ကို ကျော်ပစ်ခဲ့မိတာပါ။ အခုကြမှ သေချာပြန်ကစားကြည့်ရင်းကနေ တကယ် ဂိမ်းရဲ့ Concept လေးကို Surprise ဖြစ်မိသွားပြီး လုံးဝကို Hidden Gem ဂိမ်းကောင်းလေးတစ်ခုလို့ ပြောချင်ပါတယ်။

Our Last Way Out - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰
° ဇာတ်လမ်းပိုင်းကို ပြောရမယ်ဆိုရင် ဒီဂိမ်းက ၂၀၄၅ ခုနှစ် လူသားတွေ မရှိသလောက်ရှားပါးသွားတဲ့ ကမ္ဘာပျက်ကြီးထဲမှာ ဇာတ်အိမ်တည်ထားတာပါ။ အကြောင်းကတော့ နေရာတိုင်းမှာ Zombie တွေထက်ပိုဆိုးတဲ့ Mutants အကောင်ကြီးတွေ အုပ်စိုးနေတာကြောင့်ဖြစ်ပြီး ကိုယ်တွေကတော့ သမီးလေးပျောက်ဆုံးနေတဲ့ ဖခင်တစ်ယောက်နေရာကနေ ကစားရမှာပဲဖြစ်ပါတယ်။ အမှန်က သားအဖနှစ်ယောက်လုံး ပုန်းခိုနေတဲ့ နေရာမှာ Mutant ကြီးတွေကြောင့် ရုန်းရင်းဆံခတ်ဖြစ်ကြရင်းကနေ သမီးလေးဖြစ်တဲ့ Lisa ကို သူစိမ်းလက်ထဲ ထည့်ပေးလိုက်ရင်းကနေ ဇာတ်လမ်းအစပျိုးထားတာပဲဖြစ်ပါတယ်။

° ဖခင်နေရာကနေ ကစားရမယ့် ကိုယ်တွေကတော့ သမီးလေး လီဆာကို ရှာဖို့အတွက် အစွမ်းကုန်ကြိုးစားရတော့မယ်ဆိုပေမယ့် ကမ္ဘာကြီးက ထင်သလောက်တော့ ရိုးရှင်းမနေခဲ့ပါဘူး။ ဒါကြောင့် ရောက်ရာနေရာမှာ အသက်ရှင်ဖို့အတွက် ကျန်နေသေးတဲ့ လူတစ်စုကို စည်းရုံးပြီး Base စခန်းတွေပါ တည်ဆောက်ဖို့ အရင်ကြိုးစားရအုံးမှာပါ။ အဲဒါကြောင့် ဂိမ်းလေးက ထင်ထားတာထက်ကို Mechanic တွေ အစုံပါမှာဖြစ်ပြီး တကယ်လည်း ဆော့လို တော်တော်ကောင်းတာကြောင့် မင်မင်ကတော့ အရမ်းသဘောကျတယ်။

° ဘာတွေလုပ်လို့ရမလဲဆိုရင် ခုနကပြောသလိုမျိုး ကိုယ်ပိုင် Base တည်ဆောက်တာတွေ၊ စားနပ်ရိက္ခာအတွက် စိုက်ပျိုးရေးတွေအပြင် ရန်သူတွေ မလာနိုင်အောင် Traps ဆင်ရတာတွေ၊ Workshops နဲ့ Upgrade တွေအထိ စတဲ့ Base Mechanic တွေအပြင်ကိုမှ Resources အတွက်ပါ ကိုယ်တိုင် ထွက်ရှာရမှာပဲဖြစ်ပါတယ်။ အဲဒါတွေအပြင် လမ်းမှာတွေ့တဲ့ တခြား Survivor တွေကို ကယ်တင်ပြီး ကိုယ့်ရဲ့ Squad ထဲမှာ ထည့်ပြီးတော့ Character ချိန်းလို့ရတာတွေက တကယ်စွဲဆောင်မှုရှိစေတာပဲဖြစ်ပါတယ်။

𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 & 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜
Gameplay ပိုင်းမှာ မင်မင်သဘောကျတာက 3D Environment ကို 2D Character နဲ့ ပေါင်းစပ်ထားတာပါပဲ။ Mobile မှာ ဒီလို့ Type မျိုးတွေက ရှိတော့ရှိပေမယ့် တကယ်ရှားတဲ့ထဲမှာ ပါဝင်တာကြောင့် Gameplay ပိုင်းမှာ တခြားဂိမ်းတွေနဲ့ မတူအောင်ကို Unique ဖြစ်နေမှာပဲဖြစ်ပါတယ်။ တစ်ခုရှိတာက ဂိမ်းက Base Build အပြင် Action အပိုင်းပါ ဦးစားပေးထားတာကြောင့် Aim လုပ်တာတွေ၊ Control အသားမကျတာတွေလည်း စစဆော့ချင်းမှာ အနည်းငယ်အခက်တွေ့နိုင်ပါသေးတယ်။

Mechanic ပိုင်းမှာ မင်မင်အကြိုက်ဆုံးကတော့ လက်နက် Crafting စနစ်ဖြစ်ပြီး သာမန်ဂိမ်းတွေလို သေနတ်တစ်လက် ကောက်ရလိုက်တာနဲ့ ပြီးသွားတာမျိုး မဟုတ်ဘူး။ သူက Weapon Parts ပေါင်း 80 ကျော်လောက်ကို ကိုယ်တိုင်စိတ်တိုင်းကျ ဖြုတ်တပ်လုပ်လို့ရပြီး လက်နက်အဆန်းကြီးတွေပါ ဖန်တီးလို့ရပါသေးတယ်။ Mission ပေါင်း 50 ကျော်လောက်အထိ ပါဝင်တာကြောင့် နေရာတိုင်းက ထပ်နေတာမျိုးမဟုတ်ပဲ Gameplay စတိုင်ကအစ Stealth ပုံစံတွေအထိပါ သွားလို့ရပါတယ်။ ဒါပေမယ့် တစ်ချို့နေရာတွေမှာ Mutant တွေ အုပ်လိုက်ကြီး ဝင်တတ်တာကြောင့် Thrilling လည်းဖြစ်သလို ခေါင်းလည်း သုံးရမှာပါ။

ဒီဂိမ်းမှာ အလွယ်တကူ ပျင်းမသွားစေတဲ့ အားသာချက်တစ်ခုက Character အပြောင်းအလဲဖြစ်တဲ့ Playable Hero Shifts စနစ်ပါဝင်တာပါပဲ။ တစ်ချိန်လုံး ဖခင်ကြီးနေရာကနေ တစ်ယောက်တည်း တိုက်ခိုက်ရတာမျိုး မဟုတ်ဘဲ ကိုယ့်ရဲ့ Squad ထဲမှာထည့်သွင်းထားတဲ့ Pyromaniac, Tacticians နဲ့ Technicians လိုမျိုး စက်မှုကျွမ်းကျင်တဲ့သူတွေကိုပါ ပြောင်းကစားလို့ရပါတယ်။ တစ်ယောက်ချင်းစီမှာ သီးသန့်ပါဝင်တဲ့ Devastating Skills တွေပါ ထည့်သွင်းပေးထားတာကြောင့် Mission တိုင်းကတော့ တကယ်ကြမ်းတာတွေနဲ့ ကြုံရမှာပဲဖြစ်ပါတယ်။

𝐀𝐮𝐝𝐢𝐨, 𝐕𝐢𝐬𝐮𝐚𝐥 & 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞
အပေါ်မှာ အစပျိုးရှင်းပြခဲ့တာ အများကြီးဆိုပေမယ့် မင်မင် အပြောချင်ဆုံးအပိုင်းကတော့ Visual Graphic ဒီဇီုင်းတွေပဲဖြစ်ပါတယ်။ တစ်ချက်လောက် ပုံတွေကို ကြည့်လိုက်မယ်ဆိုရင် အပေါ်မှာပြောခဲ့တဲ့ 3D ဆိုတာမျိုး ဒီဂိမ်းထဲမှာ မြင်တွေ့ရမှာမဟုတ်ပါဘူး။ Art Style တွေက The Walking Dead Game တွေရဲ့ Visual အငွေ့သက်ကို ရစေပြီး Environment Details ကအစ တကယ်လျှော့တွက်လို့မရတဲ့ ဂိမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဒါမှမဟုတ် ကမ္ဘာပျက်ကြီးထဲမှာ သစ်ပင်တွေပေါ်လာလို့ Graphic ပိုလှသွားတာများလား?

Sound အပိုင်းကတော့ အရမ်းကြီးအားမရပေမယ့် Dialog Speech လေးတွေ ထည့်ပေးရင် တော်တော်အသက်ဝင်မယ်လို့ မြင်မိတယ်။ Performance ပိုင်းကတော့ Mobile ဂိမ်းဖြစ်တာကြောင့် Optimizing အဆင်ပြေပေမယ့် ဖြစ်နိုင်ရင် High Quality နဲ့ Rendering အဆုံးထိ တင်ဆော့စေချင်တယ်။ စက်တော့ ပူပေမယ့် ပြန်ရမယ့် Visual Graphic ပိုင်းက တကယ်အသက်ဝင်နေလိမ့်မယ်။

#အချိန်ပေးပြီးကစားရတာတန်ရဲ့လား?
ဘာမှ စဉ်းစားမနေနဲ့,, offline လည်း ကစားလို့ရတယ်၊ Action လည်း ပါတယ်၊ Build Mechanic တွေ၊ Survival ဆန်တာတွေ၊ နောက်ပြီး Storyline ကြီးပါ ထည့်ပေးထားတာဆိုတော့ တဝကြီးသာ အေးအေးဆေးဆေး ကစားပေတော့ပဲ။

𝐁𝐞𝐡𝐢𝐧𝐝 𝐓𝐡𝐞 𝐒𝐜𝐞𝐧𝐞𝐬
° ဒီဂိမ်းလေးကို ဖန်တီးခဲ့တဲ့ Somnium Fabri (MAD PIXEL GAMES LTD) ဆိုတဲ့ Indie Developer အဖွဲ့လေးက တကယ်ကို ရည်မှန်းချက် ကြီးကြီးမားမားနဲ့ လုပ်ဆောင်ခဲ့တာပါ။ Mobile ပေါ်မှာ AAA Level နီးပါးရှိတဲ့ Premium Survival အတွေ့အကြုံကို ပေးချင်တဲ့ သူတို့ရဲ့ စေတနာက ဂိမ်းရဲ့ Crafting System ၊ Base-building နဲ့ Visual Creation ပိုင်းတွေမှာ တကယ် သိသာပါတယ်။ ဒါပေမယ့် ထွက်ခါစမှာ Bug တွေ၊ Aim လုပ်ရခက်တာတွေကြောင့် Player တွေ လက်လျှော့ခဲ့ရပြီး Free ဂိမ်းတစ်ခုအနေနဲ့ Microtransactions တွေပါ ထည့်ပေးထားတာကြောင့် လူတိုင်းအတွက် Popular မဖြစ်ခဲ့တာပဲဖြစ်ပါတယ်။

⬛ အချုပ်အနေနဲ့ ပြောရရင်တော့ ဂိမ်းကောင်းတစ်ခုဖြစ်ခဲ့ပေမယ့် လူတိုင်းဆီကိုတော့ အရောက်မပို့ပေးနိုင်ခဲ့ပါဘူ။ ဇာတ်လမ်းနဲ့ Visual နဲ့တင် ကစားရတာ တန်တာကြောင့် ကျန်တဲ့ Unique Gameplay နဲ့ Mechanic အပိုင်းတွေဟာ Extra Bonus တွေပဲဖြစ်ပါတယ်။



- Android8.0+
- RAM4 GB
- SOCSnapdragon 660 / Helio G80
- Arch64-bit ARM