Shoe it All!
Game Info
Skip to Downloads

အခုလ 3 ရက်နေ့ကမှ ထွက်ရှိထားတဲ့ ဒီဂိမ်းဟာ ဆွစ်ဇာလန်နိုင်ငံ Amberbite Games ကနေ
ထုတ်ဝေထားတာဖြစ်ပြီး လူ့အသိုင်းအဝိုင်းရဲ့ ဖိအားတွေကို ဖိနပ်အစုတ်တွေနဲ့
ပစ်ပေါက်ပြီး တော်လှန်ရမယ့် Punk Rock ဂိမ်းကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

Shoe it All! - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰
ဒီဂိမ်းလေးမှာဆိုရင် ကိုယ်တွေက Lace ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေး နေရာကနေ ကစားရမှာပါ။ Lace က သာမန်ကလေးတွေလို လိမ်လိမ်မာမာ နေချင်တဲ့သူ မဟုတ်ပါဘူး။ အချိုးမပြေတဲ့ လူကြီးတွေ၊ တင်းကြပ်လွန်းတဲ့ စည်းကမ်းတွေနဲ့ ပျင်းစရာကောင်းတဲ့ လောကကြီးရဲ့ စံနှုန်းတွေကို အရမ်းမုန်းတဲ့ ကလေးတစ်ယောက်ပါ။ သူ့ကို သူများတွေလို လိုက်မလုပ်ခိုင်းဖို၊ သူ့ကို သူ့အတိုင်းပဲ လက်ခံပေးဖို တောင်းဆိုချင်ပေမယ့် သူက စကားနဲ့တော့ သွားမပြောပါဘူး။ အဲဒီအစား ဒန်းစီးရင်း ဖိနပ်တွေနဲ့ လှမ်းပေါက်တာမျိုးပါ။ မသိရင် လွှရင်းနဲ့ ဖိနပ်ကျွတ်သွားပါတယ်ပေါ့....

အဲဒီမှာ သူ့အိမ်နီးချင်းတွေရဲ့ အနှောင့်အယှက်ပေးမှုတွေ၊ လမ်းမပေါ်က ရပ်ဆိုတဲ့ ဆိုင်းဘုတ်တွေအပြင် ဈေးကြီးလွန်းတဲ့ ထောပတ်သီးတွေကအစ အကုန်လုံးကို ဖိနပ်နဲ့ လိုက်ပေါက်တော့တာပါပဲ။ ရိုးရိုးရှင်းရှင်း ပစ်ပေါက်ရတာကနေ နောက်ဆုံး ဥပဒေတွေ၊ စည်းကမ်းချက်တွေကို ကိုယ်စားပြုတဲ့ အရာဝတ္ထုတွေအထိ ပါဝင်လာမှာပဲဖြစ်ပါတယ်။ အထူးသဖြင့် Lace ကို ချုပ်ချယ်ချင်တဲ့ လူကြီးတွေ၊ ဒါမှမဟုတ် လူ့အဖွဲအစည်းရဲ့ ဖိအားတွေကို ပုံဖော်ထားတဲ့ Boss တွေကို ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။
Lace တစ်ယောက် ဒီလိုမျိုး ဖိနပ်နဲ့ လိုက်ပေါက်ရင်းကနေ သူ့ရဲ့ ဒိုင်ယာရီစာအုပ်လေးထဲမှာ ဘယ်လို Sticker လေးတွေ စုဆောင်းသွားမလဲ၊ နောက်ဆုံးမှာရော သူရှာဖွေနေတဲ့ လွတ်လပ်ခွင့်နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေကို ပြန်လည်တည်ဆောက်နိုင်ပါ့မလား ဆိုတာကတော့....

𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 & 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜
Gameplay ပိုင်းကတော့ Physics ကို အခြေခံထားတဲ့ Puzzle Arcade ပုံစံမျိုး သွားထားတာပါ။ ဒန်းစီးတဲ့ အရှိန်၊ လွှတ်လိုက်တဲ့ Timing နဲ့ ပစ်မှတ်ရဲ့ အကွာအဝေးကို တိတိကျကျ တွက်ချက်ပြီး ပစ်ရမှာမလို ရုတ်တရက် ကြည့်ရင်တော့ လွယ်မယ်လို ထင်ရပေမယ့် တကယ်တမ်း ဆော့ကြည့်တဲ့အခါမှာ တချို Level တွေက တော်တော်လေး စဉ်းစားရပါတယ်။

❖ ဖိနပ်ကို တိုက်ရိုက်ပစ်လိုမရဘဲ နံရံကို ဆောင့်ပြီး ပြန်ကန်ထွက်လာတဲ့ အရှိန် Ricochet ကို တွက်ချက်ပြီး ပစ်ရတဲ့ အခန်းတွေလည်း ပါဝင်ပါတယ်။
❖ အနည်းဆုံး ပစ်ချက်နဲ့ အခန်းတွေကို ကျော်ဖြတ်နိုင်ရင် အမှတ်ပိုရသလို၊ Reward တွေနဲ့ Sticker တွေ စုဆောင်းရတဲ့ စနစ်လည်း ပါဝင်ပါတယ်။
❖ နောက်တစ်ခုက ပတ်ဝန်းကျင်က ပစ္စည်းတွေကို ထိမှန်ရင် ပျက်စီးသွားတဲ့ Destructible Environments စနစ်တွေအထိတောင် ပါဝင်တာမလို Chain Reaction တွေပါ ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။
❖ Boss Fight တွေမှာဆိုရင် ရိုးရိုးပစ်ပေါက်ရုံတင် မဟုတ်ဘဲ Boss ရဲ့ အားနည်းချက်တွေကို သေချာ ရှာဖွေပြီး အတိအကျ ပစ်နိုင်မှသာ အနိုင်ရရှိမှာပါ။
❖ အပြိုင်အဆိုင်နဲ့ ဆော့ချင်တဲ့ သူတွေအတွက် Speedrun Mode လည်း ပါဝင်ပါတယ်။
❖ အနည်းဆုံး ပစ်ချက်နဲ့ အခန်းတွေကို ကျော်ဖြတ်နိုင်ရင် အမှတ်ပိုရသလို၊ Reward တွေနဲ့ Sticker တွေ စုဆောင်းရတဲ့ စနစ်လည်း ပါဝင်ပါတယ်။
❖ နောက်တစ်ခုက ပတ်ဝန်းကျင်က ပစ္စည်းတွေကို ထိမှန်ရင် ပျက်စီးသွားတဲ့ Destructible Environments စနစ်တွေအထိတောင် ပါဝင်တာမလို Chain Reaction တွေပါ ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။
❖ Boss Fight တွေမှာဆိုရင် ရိုးရိုးပစ်ပေါက်ရုံတင် မဟုတ်ဘဲ Boss ရဲ့ အားနည်းချက်တွေကို သေချာ ရှာဖွေပြီး အတိအကျ ပစ်နိုင်မှသာ အနိုင်ရရှိမှာပါ။
❖ အပြိုင်အဆိုင်နဲ့ ဆော့ချင်တဲ့ သူတွေအတွက် Speedrun Mode လည်း ပါဝင်ပါတယ်။

𝐀𝐮𝐝𝐢𝐨, 𝐕𝐢𝐬𝐮𝐚𝐥 & 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞
Graphic ပိုင်းမှာတော့ Comic စာအုပ်တွေထဲကလို ရေးဆွဲထားတဲ့ Art Style ကို
အသုံးပြုထားပြီး အရောင်အသွေးတွေက တကယ်ကို Fresh Vibe ရစေပါတယ်။ အထူးသဖြင့်
Spacial Text တွေ ပေါ်လာတဲ့အချိန်ဆိုရင် ကိုယ့်ကိုယ်ကိုယ် Baddie လေးအဖြစ်တောင်
ထင်သွားမိတယ်။
အသံပိုင်းမှာဆိုရင်လည်း High-energy အပြည့်ပါတဲ့ Punk Rock သီချင်းတွေကို
နောက်ခံအနေနဲ့ သုံးထားတာမလို့ ဆော့နေရင်းနဲ့ကို စိတ်ထဲမှာ တက်ကြွနေစေမှာ
အသေအချာပါပဲ။
နောက်ဆုံး Optimization အပိုင်းမှာတောင် PC, Console နဲ့ Mobile အားလုံးအတွက်
Smooth ဖြစ်ဖြစ် ကစားနိုင်အောင် ဖန်တီးပေးထားတာပဲဖြစ်ပါတယ်။

#အချိန်ပေးပြီးကစားရတာတန်ရဲ့လား?
ဒီဂိမ်းလေးက Casual သမားတွေရော၊ Hardcore Puzzle သမားတွေပါ အကြိုက်တွေ့စေမယ့်
ဂိမ်းမျိုးလေးပဲဖြစ်ပါတယ်။ အစပိုင်းမှာ လွယ်ကူပေမယ့် နောက်ပိုင်း Level တွေမှာ
အတော်လေး ခေါင်းစားတတ်တာကြောင့် ကစားရတာ မပျင်းစေပါဘူး။ အထူးသဖြင့် ဖိနပ်နဲ့
လောကကြီး အရွဲ့တိုက်ချင်ရင်ပေါ့။ Angry Bird ဂိမ်းတွေလို ငှက်တွေတော့ မဟုတ်ဘူး၊
ဖိနပ်တွေနဲ့ မျက်ခွက်တွေကို ဝှီးပြီး ပေါက်ရမှာ။

◾ 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐅𝐞𝐞𝐥𝐢𝐧𝐠 & 𝐆𝐚𝐦𝐢𝐧𝐠 𝐓𝐢𝐩𝐬
မင်မင်အတွက်တော့ ဒီဂိမ်းလေးက ရိုးရှင်းပေမယ့် တကယ့်ကို အတွေးတစ်ခု ချန်ခဲ့ပေးပါတယ်။ လူတွေရဲ့ နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ စိတ်အိုက်စရာတွေကို ဂိမ်းထဲမှာ ဖိနပ်နဲ့ ပေါက်ပြီး ဖြေရှင်းလိုက်ရတာက ပြောရရင် Satisfied ဖြစ်စေတဲ့ Feeling မျိုးပါပဲ။ လူကြီးတွေရဲ့ ပျင်းစရာကောင်းတဲ့ ကမ္ဘာကြီးထဲမှာ အံမဝင်ခဲ့ရင်တောင် ကိုယ့်လမ်းကိုယ်လျှောက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်ပါဆိုတဲ့ Life Message လေးက တကယ်ကို ထိမိတယ်။

Mini Tips လေးတွေကတော့ သိပ်များများစားစား အသိပေးစရာတော့ မရှိပါဘူး။
❖ အမှတ်များများ လိုချင်ရင် ပစ်ရတဲ့ အကြိမ်အရေအတွက်ကို တတ်နိုင်သမျှ
လျှော့ချနိုင်ပြီး Chain Reaction တွေ များများဖြစ်အောင် ကြိုးစားရမှာပါ။
❖ နောက်ပြီး Hidden Bonus Level တွေကို ရှာတွေ့ဖို့ဆိုရင် ထောင့်စုံတွေကို သေချာ
စူးစမ်းကြည့်ဖို့ မမေ့နဲ့နော်။

⬛ အချုပ်အားဖြင့် ပြောရရင်တော့ Shoe it All! ဟာ ဆယ်ကျော်သက်အရွယ်တွေရဲ့ ပုန်ကန်ချင်စိတ်တွေ၊ Physics-based စိန်ခေါ်မှုတွေနဲ့အတူ ပျော်စရာကောင်းတဲ့ Punk Rock Vibe တွေကိုပါ အချိုးကျကျ ပေါင်းစပ်ပေးထားတဲ့ အမိုက်စား Indie ဂိမ်းကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။
Hello Fan တွေကော လက်တွေ့ဘဝမှာ စိတ်ညစ်စရာတွေ ကြုံလာရင် ဘယ်လိုနည်းလမ်းတွေနဲ့ စိတ်ထွက်ပေါက် ရှာတတ်ကြလဲ? ဒီဂိမ်းထဲကလို ဖိနပ်တွေနဲ့တော့ လိုက်ပေါက်လိုမရဘူးထင်တယ်။ Comment ထဲမှာ အပျော်အနေနဲ့ ပြောပြပေးသွားကြပါအုံး...

GAME INFORMATION
Developer
Amberbite Games
Version
1.0.0
Release
September 2026
Updated
September 2026
Network
Offline
Platform
Android, iOS, PC
Download Size
358 MB
Total Size
Around 800 MB
System Requirements
Mobile Specs
- AndroidAndroid 8.0+
- iOSiOS 12.0+
- RAM3 GB Minimum
- SOCSnapdragon 660 / MediaTek Helio G80 Minimum
- Arch64-bit ARM
PC Specs
- CPUIntel Core i3 or AMD equivalent
- RAM4 GB
- GPUNVIDIA GeForce GTX 660 or AMD Radeon HD 7850
- DirectXVersion 11
8.8MASTERPIECE
OFFICIAL STORES
Download from the official servers.
Google Play Store(4.99 USD for Full Game)Apple App Store(4.99 USD for Full Game)Steam Version(7.99 USD for Full Game)Nintendo
MOD VERSIONS
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...