LATEST NEWS

Loading Latest News...

A New Life

A New Life

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS:


          နောက်ထွက်ထားတဲ့ Storyline ဦးစားပေး Game လေးဖြစ်ပြီး အထူးသဖြင့် မိန်းကလေးတွေ ပိုသဘောကျစေမယ့် Game မျိုးပါ။ Emotional အရမ်းဆန်လို့ Boy တွေတွက်တော့ အဆင်ပြေမယ့် Game မျိုးတော့ မဟုတ်ပါဘူး။ နောက်တစ်ခု Admin သတိပေးခြင်တာက ဒီ Game နဲ့ပတ်သတ်ပြီး မည်သူကိုမှ မထိခိုက်သလို ဇာတ်လမ်းကို ဇာတ်လမ်းအတိုင်းဘဲ ခံစားစေခြင်ပါတယ်။ အဓိကကတော့ ဒီ Game မှာ သင်ခန်းစာယူတတ်ရင် ကိုယ့်အတွက် အမြတ်ပါ။ 




            Game က Drama ဇာတ်ကြောင်းလေးဖြစ်ပြီး သူငယ်ချင်းသံယောဇဥ်ထက်ပိုတဲ့ Relationship တစ်ခုကို တွေ့မြင်ရမှာပါ။ ဂီတပိုင်းမှာ K-Pop , Electronic စွယ်စုံသဘောကျတဲ့ August ဆိုတဲ့ ကောင်မလေးဟာ တစ်နေ့မှာတော့ May ဆိုတဲ့ ကောင်မလေးတစ်ယောက်ကို အမှတ်မထင်ဘဲ စုံခဲ့ပါတယ်။ နှစ်ယောက်လုံးက သူ့အကြိုက်ကိုယ့်အကြိုက် တစ်ယောက်ပေါ်တစ်ယောက် နားလည်နိုင်ခဲ့တာကြောင့် သူတို့နှစ်ဦးကြားရဲ့ သံယောဇဥ်ဟာ သာမန်ထက် ပိုချည်နှောင်မိခဲ့ပါတယ်။ 


           May က သူ့မှာ ရည်ရွယ်ချက်တွေ များစွာရှိနေပြီး ဘဝအတွက် အလုပ်ကိုင်တွေကစ ကြိုတင်စီစဥ်ခဲ့ပါတယ်။ Asia တစ်ခွင်ကို ခရီးထွက်ခြင်တဲ့ စိတ်ကူးလေးတွေရှိပေမယ့် သူမဘဝထဲကို August ရောက်လာတဲ့ချိန်မှာတော့ သူမဟာ Business ဘက်ကို ပိုအလေးပေးလာခဲ့ပါတယ်။ နှစ်ယောက်အတူတူ အိမ်လေးတစ်အိမ်ထဲမှာ အတူနေကြပြီး တစ်နေ့မှာတော့ May ရဲ့ အလုပ်ခွင်ဟာ Pandem ကြောင့် Quarantine အခြေနေကို ကြုံခဲ့ရပါတယ်။ အိမ်ကနေဘဲ Work လုပ်နေရပြီး ကြာလာတာနဲ့အမျှ May ဟာ အလုပ်မှာ Over ဖြစ်ဖြစ်လာပါတယ်။ အဲဒါကို သတိထားမိတဲ့ August ဟာ May အတွက်ကျန်းမာရေထိမှာကို စိုးရိမ်လာခဲ့ပြီး အနားယူဖို့ရာဘဲ ​တောင်းဆိုခဲ့ပါတယ်။ May က August ကို အရမ်းချစ်တာကြောင့် သူတို့နှစ်ယောက်ရှေ့ရေးတွက် အလုပ်ကို ပိုကြိုးစားနေတာဖြစ်ပြီး သူမ စိတ်ကူးထဲက ဖြစ်ခြင်တဲ့ ဆန္ဒတွေကို အကောင်ထည်ဖော်ဖို့ကြိုးစားနေတာပါ။ တကယ်ဘဲ May ရဲ့ ဆန္ဒတွေ လက်တွေ့မှာ ဖြစ်လာနိုင်ပါ့မလား ? သိခြင်ရင်တော့ ကိုယ်တိုင်ဆော့ကြည့်တော့နော်။ 


          ( Spoiler ပါသည် ) Game က G To G ဖြစ်နေတာကြောင့် ဆော့ရတာ တစ်မျိုးကြီးဖြစ်နေနိုင်တယ်။ ဒါပေမယ့် Admin အနေနဲ့ပြောရရင် ဆော့ကြည့်ပါ။ Over မဖြစ်ဘဲ ဘဝသရုပ်ဖော် တိုတိုနဲ့လိုရင်းရောက်အောင် ဖန်တီးထားတာပါ။ Game က Choice ဖြစ်တာကြောင့် ပိုလို့တောင် ဇာတ်အိမ်ဇာတ်ကွက်ပြောင်းနိုင်ပါတယ်။ Admin ဆော့တာတော့ Long အဖြစ်ဆုံးထင်တယ်။ May နဲ့ August တို့ Message ပို့တဲ့ အပိုင်းဆိုရင် ပိုတောင် ကြည်နူးမိတယ်။ Quarantine တွက် ဘာပစ္စည်းတွေမှာအုန်းမလဲပြောတော့ ဒီက အကုန်လည်းမှာလိုက်ရော သူ့ဘက်ကနေ နေအုန်း မှတ်ဖို့ စာရင်းယူရအုန်းမယ်ဆိုပြီး ပြန်ပြောတော့ Admin တောင် အူတက်ပြီးပြုံးနေမိတယ်။ ဒါကလည်း  Character နေရာကနေ Emotion အရမ်းပါသွားလို့ထင်တယ်။ 


             Game က တကယ်ကိုမထင်ထားတာပါ။ နောက်ဆုံးကျတော့ May ဟာ ကျန်းမာရေး ချို့တဲ့လာပြီး ဆရာဝန်သွားပြတဲ့ခါမှာတော့  Brain Tumor ဖြစ်နေပြီဆိုပြီးပြောပါတယ်။ ရှင်းအောင်ပြောရရင် ဦးနှောက်အကျိတ်ဖြစ်တာမျိုးပေါ့။ အဲအပိုင်းဆိုရင် Admin တောင် ဘာလုပ်လို့လုပ်ရမှန်းမသိတော့ဘူး။ ဖန်တီးထားတဲ့ Art ဒီဇိုင်းတွေကလည်း လက်ရာကောင်းတော့ May ကုတင်ပေါ်လှဲနေတဲ့ ပုံမြင်ပြီး ရင်ထဲ စို့သွားတယ်။ May က သူမရဲ့ နောက်ဆုံးအချိန်ဖြစ်နေပြီဆိုတာ ကြိုသိခဲ့ပါတယ်။ သူမရဲ့ ရည်ရွယ်ချက်တွေ မပြည့်မြှောက်ခဲ့ပေမယ့် August ပေါ် အချိန်မပေးနိုင်ခဲ့တာကို ပိုပြီး ဝမ်းနည်းနေမိတယ်။ ဒါပေမယ့် August ကတော့ သူမနဲ့အတူ ရှိနေတဲ့ အချိန်တွေက သူ့ဘဝမှာ အပျော်ဆုံးနေ့ရက်တွေပါဘဲလို့ ပြောတော့ ကိုယ်တောင် ဖတ်ရင်းဝမ်းနည်းလာတယ်။ အဲမှာ May က သူမရဲ့ ဒိုင်ယာရီစာအုပ်လေးကို ပေးခဲ့ပြီး August ဘေးနားကနေ တစ်သက်လုံး ထွက်ခွာသွားပါတယ်။ August ရဲ့ နေ့ရက်တွေက အထီးကျန်မှုတွေနဲ့ ပြည့်နှက်နေခဲ့ပြီး  " What if " တကယ်လို့ သူမသာ May ကိုမတွေ့ခဲ့ရင် ဒီလိုတွေဖြစ်လာနိုင်မှာမဟုတ်ဘူးဆိုပြီး " What if " ဆိုတဲ့ စကားလုံးလေးကို သေချာခံစားချက်အပြည့်နဲ့ ဖော်ပြသွားတာပါ။ 


                ဒီ game မှာ Admin သတိထားမိတဲ့ ဘဝသင်ခန်းစာက လူ့ဘဝဆိုတာ တိုတိုလေးပါ။ အလုပ်တွေကို ဖိကြိုးစားနေလို့ ဘဝက အသက်ရှင်ဖို့ရာ အာမခံချက်မပေးနိုင်သလို ငွေနောက်ကိုလိုက်ရင်းနဲ့ ဘဝရဲ့နောက်ဆုံးချိန်ဆိုတာ မထင်မှတ်ဘဲ ကြုံတတ်တယ်ဆိုတာပါ။ အဲလိုချိန်ကြရင် ကိုယ်တစ်ချိန်က မလုပ်ခဲ့တာတွေတွက် နောင်တကြီးတစ်ပွေ့တစ်ပိုက်နဲ့ ကိုယ်ချစ်ရတဲ့သူတွေကို နှုတ်ဆက်သွားနိုင်ပါတယ် ။ ဒီ GAME ရဲ့ May ဆိုတဲ့ ကောင်မလေးကလည်း အဲလို အဖြစ်မျိုးနဲ့ ကြုံသွားခဲ့ရတာပါ။ 


အဲ့တော့ ဒီ GAME လေးက ပေးတဲ့ သင်ခန်းစာကို ကိုယ်နည်းကိုယ့်ဟန်နဲ့ မှတ်သားနိုင်ကြပါစေနော်။ 


===================

Android version = 4.4 +

Size = 57 MB

Type = Offline

===========




===============

Ready.......
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...